အထွေထွေဗဟုသုတ

မိုးကြိုးသွား ဆိုတာ တကယ်ရှိပါတယ်….ဒါပေမယ့် လူများစုထင်သလို ကောင်းကင်က ပစ်ချလိုက်တာ မဟုတ်ပါ

မိုးကြိုးသွား ဆိုတာ တကယ်ရှိပါတယ်….ဒါပေမယ့် လူများစုထင်သလို ကောင်းကင်က ပစ်ချလိုက်တာ မဟုတ်ပါ

Fulgurite ဆိုတာဟာ ရိုးရိုးရှင်းရှင်းပြောရရင်(မိုးကြိုးသွား) ကိုခေါ်ဆိုတာပါ။ ကျွန်တော်တို့ဟာ ကလေးဘဝကနေ သိခဲ့တာကတော့ မိုးကြိုးသွားဆိုတာ(ပုဆိန်)နဲ့ ဆင်တူတယ်လို့ပြောကြတယ်။

တကယ်တမ်း မိုးကြိုးသွားဆိုတာဟာ ပုဆိန်နဲ့လည်းမတူသလို ချွန်ထက်တဲ့အရာနဲ့ ကောင်းကင်ကနေတဆင့်မြေပြင်ကမ္ဘာ့သို့ ပစ်ချလိုက်တာလည်းမဟုတ်ဘူးနော်။

မိုးကြိုးပစ်တယ်ဆိုတာ အီလက်ထရစ် ရှော့ခ်ရိုက်လိုက်တာလို့ဆိုလိုနိုင်တယ်နော်။တနည်းအားဖြင့်ဆိုရင် လျှပ်စီးလက်ခြင်း( Lightning strikes ) လို့လည်းခေါ်ဆိုတာပါ။

သာမာန် မိုးခြိမ်းပြီးတော့ ပုံမှန်လျှပ်စီးလက်တာဟာဘာမှမဖြစ်ပေမဲ့လည်း ရာသီဥတုအလွန်ပူပြင်းတဲ့ဒေသမှာ သာမာန်ထက်ပိုသောအပူရှိန်ဖြင့်လျှပ်စီးလက်ခြင်းဟာ

လူ၊ တိရိစ္ဆာန် သတ္တဝါများနှင့်အပင်များကိုထိ့မှန်ပါက အသက်သေဆုံးနိုင်ပြီးတော့ အပူရှိန်ကြောင့်မီးလောင်တာတွေလည်းဖြစ်နိုင်တာပါမိုးကြိုးသွား ဟု ထင်မြင်ယူဆထားသည့်အရာများဟာ ကောင်းကင်က ကျရောက်လာတဲ့အရာများမဟုတ်ပါ၊ဘူးနော်။

ဥပမာဆိုရင်မာကြောခက်ထန်တဲ့အရာပေါ်သို့ မိုးကြိုးလျှပ်စီးထိ့မှန်ပါက မှိုင်းကပ်၊မှိုင်းစွဲရုံကလွှဲပြီးးတော့ မိုးကြိုးသွားဆိုတာကိုရှာမတွေ့နိုင်ပါ။

ဥပမာ ပင်လယ်ကမ်းခြေ၊ ဖန်ချက် ဆီလီကာ သဲသောင်ပြင်များပေါ်၌ မိုးကြိုးပစ်ချခံရပါက ထိုနေရာ၌ လျှပ်စီးအပူချိန်ကြောင့် ဖန်ချက် ဆီလီကာ သဲများဟာ အရည်ပျော်ပြီးတော့ယခုပုံပါအတိုင်း ဖြစ်တည်လာတာပါ။

အရောင်အားဖြင့်လည်းမတူညီပါ၊အသွင်သဏ္ဍန်အားဖြင့်လည်းမတူညီပါဘူး။ဒါ့ကြောင့်ဘဲ မိုးကြိုးသွားဆိုတာ မရှိဘူးမဟုတ်ဘူး။ရှိတယ်..အချို့ဟာ ပုဆိန်ပုံသဏ္ဍန်ဖန်တီးပြီးတော့ မိုးကြိုးသွားဟုပြောဆို၍ ဆေးကုစားနေတဲ့ လူလိမ်တွေလည်းရှိနေတာပါ။

source နော်ဂဲလယ်ထူး(စာပေပရဟိတ)

Credit

မိုးႀကိဳးသြား ဆိုတာ တကယ္ရွိပါတယ္….ဒါေပမယ့္ လူမ်ားစုထင္သလို ေကာင္းကင္က ပစ္ခ်လိုက္တာ မဟုတ္ပါ

Fulgurite ဆိုတာဟာ ႐ိုး႐ိုးရွင္းရွင္းေျပာရရင္(မိုးႀကိဳးသြား) ကိုေခၚဆိုတာပါ။ ကြၽန္ေတာ္တို႔ဟာ ကေလးဘဝကေန သိခဲ့တာကေတာ့ မိုးႀကိဳးသြားဆိုတာ(ပုဆိန္)နဲ႔ ဆင္တူတယ္လို႔ေျပာၾကတယ္။

တကယ္တမ္း မိုးႀကိဳးသြားဆိုတာဟာ ပုဆိန္နဲ႔လည္းမတူသလို ခြၽန္ထက္တဲ့အရာနဲ႔ ေကာင္းကင္ကေနတဆင့္ေျမျပင္ကမာၻ႔သို႔ ပစ္ခ်လိုက္တာလည္းမဟုတ္ဘူးေနာ္။

မိုးႀကိဳးပစ္တယ္ဆိုတာ အီလက္ထရစ္ ေရွာ့ခ္႐ိုက္လိုက္တာလို႔ဆိုလိုႏိုင္တယ္ေနာ္။တနည္းအားျဖင့္ဆိုရင္ လွ်ပ္စီးလက္ျခင္း( Lightning strikes ) လို႔လည္းေခၚဆိုတာပါ။

သာမာန္ မိုးၿခိမ္းၿပီးေတာ့ ပုံမွန္လွ်ပ္စီးလက္တာဟာဘာမွမျဖစ္ေပမဲ့လည္း ရာသီဥတုအလြန္ပူျပင္းတဲ့ေဒသမွာ သာမာန္ထက္ပိုေသာအပူရွိန္ျဖင့္လွ်ပ္စီးလက္ျခင္းဟာ

လူ၊ တိရိစာၦန္ သတၱဝါမ်ားႏွင့္အပင္မ်ားကိုထိ့မွန္ပါက အသက္ေသဆုံးႏိုင္ၿပီးေတာ့ အပူရွိန္ေၾကာင့္မီးေလာင္တာေတြလည္းျဖစ္ႏိုင္တာပါမိုးႀကိဳးသြား ဟု ထင္ျမင္ယူဆထားသည့္အရာမ်ားဟာ ေကာင္းကင္က က်ေရာက္လာတဲ့အရာမ်ားမဟုတ္ပါ၊ဘူးေနာ္။

ဥပမာဆိုရင္မာေၾကာခက္ထန္တဲ့အရာေပၚသို႔ မိုးႀကိဳးလွ်ပ္စီးထိ့မွန္ပါက မႈိင္းကပ္၊မႈိင္းစြဲ႐ုံကလႊဲၿပီးးေတာ့ မိုးႀကိဳးသြားဆိုတာကိုရွာမေတြ႕ႏိုင္ပါ။

ဥပမာ ပင္လယ္ကမ္းေျခ၊ ဖန္ခ်က္ ဆီလီကာ သဲေသာင္ျပင္မ်ားေပၚ၌ မိုးႀကိဳးပစ္ခ်ခံရပါက ထိုေနရာ၌ လွ်ပ္စီးအပူခ်ိန္ေၾကာင့္ ဖန္ခ်က္ ဆီလီကာ သဲမ်ားဟာ အရည္ေပ်ာ္ၿပီးေတာ့ယခုပုံပါအတိုင္း ျဖစ္တည္လာတာပါ။

အေရာင္အားျဖင့္လည္းမတူညီပါ၊အသြင္သ႑န္အားျဖင့္လည္းမတူညီပါဘူး။ဒါ့ေၾကာင့္ဘဲ မိုးႀကိဳးသြားဆိုတာ မရွိဘူးမဟုတ္ဘူး။ရွိတယ္..အခ်ိဳ႕ဟာ ပုဆိန္ပုံသ႑န္ဖန္တီးၿပီးေတာ့ မိုးႀကိဳးသြားဟုေျပာဆို၍ ေဆးကုစားေနတဲ့ လူလိမ္ေတြလည္းရွိေနတာပါ။

source ေနာ္ဂဲလယ္ထူး(စာေပပရဟိတ)

Credit

Leave a Reply

Your email address will not be published. Required fields are marked *