unicode
ခလေးငယ်(၃၀)ကျော်သေဆုံးခဲ့တဲ့ အလွန်ထိပ်လန့်ဖွယ် မူကြိုကျောင်း ပစ်ခတ်ခံရမှု
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း၊ Nong Bya Lamphu ပြည်နယ်မှာရှိတဲ့
ကလေးထိန်း မူကြိုကျောင်းတစ်ခုကို
ဒီကနေ့ အောက်တိုဘာ(၆) ရက်နေ့ မနက်ပိုင်းက ထိုင်းရဲဝန်ထမ်းဟောင်းတစ်ဦဦးမှ
သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွါးခဲ့ပါတယ်….
ထိုင်းမီဒီယာများ၏ နောက်ဆုံးသတင်းများအရ မူကြိုကျောင်းအား ပစ်ခတ်သူ ရဲအရာရှိဟောင်းမှာ
၎င်း၏ ဇနီးနှင့် ကလေး ကိုပါ ပစ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်သူအား ထိုင်းရဲတပ်ဖွဲ့က အပူတပြင်း လိုက်ရှာဖွေချိန် ယခုလို အဆုံးစီရင်သွားခဲ့ခြင်းလည်း ဖြစ်သည်။
ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Nong Bua Lamphu ပြည်နယ်ရှိ မူကြိုကျောင်းတကျောင်းတွင်
ယနေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့သည်။