ကြားသိရသမျှ














ပွင့်နေခြည် ဇတ်အဖွဲ့ကား နှင့် ၂၂ ဘီးတွဲကား မြဝတီ -ကော့ကရိတ် အာရှလမ်းတွင် တိုက်မိ

ထိခိုက်ဒဏ်ရာရသူများပြားကြောင်း ကနဦးသိရ အောက်တိုဘာ ၅. ကော့ကရိတ်

ယနေ့ ညနေ့ (၄)နာရီအချိန်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းအဆင်းတွင် မော်လမြိုင်မြို့မှ “ပွင့်နေခြည်” ဇာတ်အဖွဲ့ကား နှင့်

၂၂ ဘီးတွဲကားတို့ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ကနဦးသတင်းရ ရှိသည်

ထိခိုက်ဒဏ်ရာရ လူနာများပြားကြောင်းနှင့် ကားခေါင်းထဲ ညှပ်နေသူများ ရှိနေသေး​ကြောင်း သတင်းရရှိပါသည်

ကယ်ဆယ်ရေးအဖွဲ့များ ထွက်ခွာကာ ကယ်ဆယ်ရေး လုပ်ငန်း များလုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်.

5.10.2022 (4:00)Pm ဓါတ်ပုံ – ကို ဘိုဝင်း / Zin moe

မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးတွင် ဇာတ်သဘင်ကားတိမ်းမှောက် လက်ရှိ အချိန်အထိ ၆ ဦးဆုံးပြီး ဒဏ်ရာရသူအများအပြားရှိနေ

ဒီကနေ့ အောက်တိုဘာ ၅ ရက်၊ ညနေ ၄ နာရီ အချိန်ခန့်က မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီး၊ ကွမ်းခြံကုန်းကွေ့ဆင်းနေရာတွင်

ဇာတ်သဘင်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လက်ရှိ အချိန်အထိ ၆ ဦး ဆုံးပြီး ဒဏ်ရာရသူအများအပြားရှိနေတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့များထံမှ သိရပါတယ်

လက်ရှိ ကနဦးသတင်းရထားသည့် အချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေပြီး လူနာတွေကို ဒေသခံလူမှုကူညီရေးအသင်းတွေက မြဝတီဆေးရုံသို့ ပို့ဆောင်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်

အဆိုပါ အာရှလမ်းမကြီး၊ ကွမ်းခြံကုန်းကွေ့ဆင်းနေရာဟာ မော်တော်ယာဉ်မတော်တဆမှုနှင့် ယာဉ်တိမ်းမှောက်မှု အများဆုံးဖြစ်ပွားရှိတဲ့ နေရာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *