







ပှီးခဲ့သညြ့ ၂၀၁၄ ခုနှဈကလညြး စဈတပကြ လကရြှိစဈစိမြးရောငယြူနီဖောငြးအပှငြ အစိမြးနုရောငယြူနီဖောငြးအား တနလြာနေ့တရကဝြတဆြငရြနြ ညှနကြှားခဲ့ပှီး အဆိုပါ “စိမြးနုရောငြ”သညြ။


crd..

Unicode

သီတင်းကျွတ်လပြည့်နေ့မှာ ဘာကြောင့် နေကြာဝမ်းဆက်တွေနဲ့ ဘုရားသွားသူတွေ များပြားနေရလဲ ဆိုတဲ့ အဓိက အကြောင်းအရင်းပေါက်ကြား

“စစ်ကောင်စီက အနေကြာအောင် နေကြာပန်းဝတ်စုံများဖြင့် ယတြာချေသလား”ယနေ့ အောက်တိုဘာလ ၂၀ရက် သီတင်း ကျွတ်လပြည့်နေ့တွင်

ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြား တန်ခိုးကြီးဘုရားများသို့ ဘရားဖူးများစည်ကားသိုက် မြိုက်စွာသွားလာနေကြသည့် ဓာတ်ပုံများ လူမှုကွန်ယက်တွင်ပျံ့နှံ့လျက်ရှိသည်။

ယင်းကဲ့သို့ ဘုရား သွားရောက်ဖူးမျှော်ကြသူများ တွင် စစ်ကောင်စီထောက်ခံသူအမျိုးသမီးအများအပြားပါဝင်နေပြီး အဆိုပါ အမျိုးသမီးများမှာ

နေ ကြာပန်းပုံပါသည့် ဝတ်စုံများ အရောင်အသွေး စုံလင်စွာဝတ်ဆင်နေမှုများကို လူမှုကွန်ယက်ပေါ်တွင် တွေ့ရှိရသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ဝါဒဖြန့် မီဒီယာများဖြစ်သည့် MRTV၊MWD ရုပ်သံလိုင်းများတွင်လည်း သတင်းကြေငြာသည့်အမျိုးသမီးများ ကိုယ်တိုင် နေကြာပန်းဝတ်စုံများဖြင့် သတင်းကြေငြာနေသည်ကိုတွေ့ရသည်။

ဗေဒင်လက္ခဏာကျွမ်းကျင်သူများ အနေဖြင့် အာဏာသိမ်းစစ်ကောင်စီမှ ၎င်းတို့အနေကြာရေးအတွက် “နေကြာပန်း”ပါသော

ဝတ်စုံများဝတ်ဆင်ခိုင်း၍ သီတင်းကျွတ်လပြည့်နေ့တွင် ၎င်းတို့ထောက်ခံသူ များအား ယတြာချေသည့်အနေဖြင့် ဝတ်ဆင်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။

ပှီးခဲ့သည့ြ ၂၀၁၄ ခုနှဈကလညြး စဈတပကြ လကရြှိစဈစိမြးရောငယြူနီဖောငြးအပှငြ အစိမြးနုရောငယြူနီဖောငြးအား တနလြာနေ့တရကဝြတဆြငရြနြ ညှှနကြှားခဲ့ပှီး အဆိုပါ “စိမြးနုရောငြ”သညြ။

“စုနိမ့်”ဆိုသည့်ကက်ကင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် နာမ်နှိမ်လို၍ ဝတ်ဆင်ခိုင်းခြင်းဖြစ်ကြောင်း နက္ခဗေဒင်ဆရာများ၏ သုံးသပ်ပြောဆိုချက်များအရ သိရသည်။

crd..