ဆရာေတာ္တစ္ပါး ေမာင္းႏွင္လာသည့္ယာဥ္ တိမ္းေမွာက္ၿပီး ဆရာေတာ္၊တစ္ႏွစ္သားကေလးငယ္ႏွင့္အမ်ိဳးသမီးတစ္ဦးေသဆုံး

ရန္ကုန္၊ေအာက္တိုဘာ-၂၁(PeopleMedia)

ယေန႔ နံနက္ ၉နာရီအခ်ိန္ခန႔္က ရန္ကုန္-မႏၲေလး အျမန္လမ္းမ မိုင္တိုင္ (၉၈မိုင္ ၁ဖာလုံ)အနီး၌ PRADO ယာဥ္ တစ္စီး တိမ္းေမွာက္ၿပီး

ယာဥ္ေမာင္းအပါအဝင္ ယာဥ္ေပၚလိုက္ပါလာသူ သုံးဦးေသဆုံးခဲ့တယ္လို႔ ျဖစ္စဥ္အေပၚ သြားေရာက္ကူညီေပးခဲ့သည့္ လူမႈကူညီေရးအသင္း တာဝန္ရွိသူတစ္ဦးက PeopleMedia ကို ေျပာပါတယ္။

“ယာဥ္ေမာင္းက ဆရာေတာ္တစ္ပါးျဖစ္တယ္။

ယာဥ္ေပၚမွာ တစ္ႏွစ္အရြယ္ ကေလးငယ္တစ္ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ပါတယ္။

၃ေယာက္လုံး ပြဲခ်င္းၿပီးျဖစ္သြားတယ္လို႔”လူမႈကူညီေရးအသင္း တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အဆိုပါ ယာဥ္သည္ ရန္ကုန္-ေနျပည္ေတာ္ လမ္းပိုင္း၌ တိမ္းေမွာက္ခဲ့ျခင္းလည္းျဖစ္ပါတယ္။

လက္ရွိရက္ပိုင္းတြင္ ရန္ကုန္-မႏၲေလး လမ္းပိုင္း၌ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ မၾကာခဏ ယာဥ္မေတာ္တဆမႈမ်ား ျဖစ္ေပၚလ်က္ရွိပါတယ္။

“အျမန္လမ္းမွာက မိုးရြာရင္ လမ္းမမွာ ေရစီးတဲ့ ျဖတ္လမ္းပိုင္းေနရာေတြရွိတယ္။

ကားက အရွိန္နဲ႔ေမာင္းရင္ ေရစီးအားေၾကာင့္ ဟန္ခ်က္ပ်က္ၿပီးလည္း ယာဥ္တိမ္းေမွာက္တာရွိတယ္။

လမ္းညႊန္ဆိုင္းဘုတ္ရယ္၊သတ္မွတ္ကီလိုအတိုင္း ေမာင္းေစခ်င္တယ္”လို႔ အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးက PeopleMediaကို ေျပာပါတယ္။

photo-အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕

#PeopleMedia #အျမန္လမ္းမ #ယာဥ္မေတာ္တဆမႈ

unicode

ဆရာတော်တစ်ပါး မောင်းနှင်လာသည့်ယာဉ် တိမ်းမှောက်ပြီး ဆရာတော်၊တစ်နှစ်သားကလေးငယ်နှင့်အမျိုးသမီးတစ်ဦးသေဆုံး

ရန်ကုန်၊အောက်တိုဘာ-၂၁(PeopleMedia)

ယနေ့ နံနက် ၉နာရီအချိန်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမ မိုင်တိုင် (၉၈မိုင် ၁ဖာလုံ)အနီး၌ PRADO ယာဉ် တစ်စီး တိမ်းမှောက်ပြီး

ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်လိုက်ပါလာသူ သုံးဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်အပေါ် သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက PeopleMedia ကို ပြောပါတယ်။

“ယာဉ်မောင်းက ဆရာတော်တစ်ပါးဖြစ်တယ်။

ယာဉ်ပေါ်မှာ တစ်နှစ်အရွယ် ကလေးငယ်တစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါတယ်။

၃ယောက်လုံး ပွဲချင်းပြီးဖြစ်သွားတယ်လို့”လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါ ယာဉ်သည် ရန်ကုန်-နေပြည်တော် လမ်းပိုင်း၌ တိမ်းမှောက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

လက်ရှိရက်ပိုင်းတွင် ရန်ကုန်-မန္တလေး လမ်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မကြာခဏ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။

“အမြန်လမ်းမှာက မိုးရွာရင် လမ်းမမှာ ရေစီးတဲ့ ဖြတ်လမ်းပိုင်းနေရာတွေရှိတယ်။

ကားက အရှိန်နဲ့မောင်းရင် ရေစီးအားကြောင့် ဟန်ချက်ပျက်ပြီးလည်း ယာဉ်တိမ်းမှောက်တာရှိတယ်။

လမ်းညွှန်ဆိုင်းဘုတ်ရယ်၊သတ်မှတ်ကီလိုအတိုင်း မောင်းစေချင်တယ်”လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက PeopleMediaကို ပြောပါတယ်။

photo-အမြန်လမ်းမကြီး ရဲတပ်ဖွဲ့

#PeopleMedia #အမြန်လမ်းမ #ယာဉ်မတော်တဆမှု