စစ်ကိုင်းတိုင်းထဲမှာ PDF တွေများလာတာကို မကျေမနပ်ဖြစ်ပြီး စကစကို အကြံပေးလိုက်တဲ့ ရွှေရူပါဦး

ရွှေရူပါဦးက အခုလိုဘဲ အားမလို အားမရဖြစ်တာတွေက်ုပြောလာတာပါ။ စစ်ကိုင်းတိုင်းဟာ အကြမ်းဖက် နှိမ်နင်းမှုကို ထိရောက်စွာ မလုပ်ခဲ့ ဘူး။ ဒါကြောင့် အကြမ်းဖက် PDF ဟာ စစ်ကိုင်းတိုင်းထဲမှာ ပိုမိုကြီးထွားလာ ခဲ့တယ်

ဒါကြောင့်လဲ စစ်ကိုင်းတိုင်းထဲ ကနေ တာဝါတိုင်တွေ ဖောက်ခွဲ ဖျက်စီးအောင်မြင်မှုကနေ တစ်ခြားတိုင်းပြည်နယ်တွေကို ပါ ကူးစက်သွားခဲ့တာ ဖြစ်တယ်။ နှိမ်နင်းစရာရှိတာကို မနှိမ်နင်းခဲ့တဲ့ အကြောင်း ကြောင့် အခု အကျိုးဆက်တာဝါတိုင်တွေ

မြန်မာနိုင်ငံအနှံ ဖောက်ခွဲဖျက်စီးခံရတော့ မယ်…….စိတ်ရှည်သလို သည်းခံသလို တွေ လုပ်ပြပြီး နံမည်ကောင်းယူမယ်ဆိုတဲ့ နိုင်ငံရေး ကြောင် ခြင်းအကြောင်း ရဲ့ အကျိုးဆက်တွေပဲ ဖြစ်နေတယ်…..တစ်ဖက်က DDay ခေါ်ပြီး စစ်ကြေညာ တယ်

လက်နက်ကောင်းမရှိပေမယ့်လည်း လူအင်အား သိန်းချီ ရှိနေလောက်ပြီ….မနေ့က Video တစ်ခု ကြည့်လိုက် ရတာမှာ တပ်ရင်း တစ်ခုရှေ့တန်းထွက်တဲ့ အင်အား ထက် များနေတာ တွေ့ရတယ်။ ဒီလို နေရာတွေ အများကြီး ရှိနေပြီ

.မကြာခင်ကတာလီဘန်အင်အားထက် ၃ ဆ ကျော် များတဲ့ လက်နက်တွေကို အာဖဂန်မှာ US က ထားခဲ့တယ်……ဒါတွေဟာ မှောင်ခိုမှာဈေးကွက်တစ်ခု ဖြစ်နေပြီ…..ဒါတွေ မြန်မာ နိုင်ငံက PDF တွေ ရောက်လာခဲ့ရင် တိုင်းပြည်ရဲ့

အခြေအနေ ဒီထက်ပိုဆိုး လာနိုင်စရာပဲ ရှိတယ်……NUG PDF တွေ ဘယ်လောက်စွမ်းလို့လဲ အထင်သေးရင် မှားသွားပါလိမ့်မယ်…….အခုဖြစ်စဉ်မှာ တောက်လျောက်အထင်သေးပြီ မလုပ်နိုင်ပါဘူး မဖြစ်နိုင်ပါဘူးလို့ အထင်သေးခဲ့ကြတာနေ

အခုလို မီးတောက်ကြီးတွေ ဖြစ်နေကြတာ မျက်မြင်ပါပဲ…….NUG PDF က မစွမ်းပေမယ့် နောက်ကွယ်က လက်မဲတွေ မှာ လုပ်ပေးနိုင်စွမ်းရှိတယ်…..ကမ္ဘာ့ လက်နက်မှောင်ခိုWar Lord ကမ္ဘာ မှာ CIA /Ex.CIA တွေ

လွှမ်းမိုးထား နိုင်တဲ့ ဆိုလောက်တော့ သိထားသင့်တယ်လို့ မြင်မိတယ်…..ဒါဆိုရင် ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို ပို့ပေးနိုင်တယ် ဆိုတာလဲ သိလောက်ပြီ ထင်ပါတယ်…….CIA တွေဟာ ဒါတွေ အတွက်လဲ သူတို့ ပိုက်ဆံနဲ့ရင်းနှီး

စိုက်ထုတ်စရာတောင် မလိုပါဘူး….အမြတ်တောင်ရနိုင်သေးတယ်…အာဖဂန် ဖြစ်စဉ်ပြီး မကြာခင် အလှုခံ ရန်ပုံငွေရှာတဲ့လှုပ်လျားမှုတွေ အရမ်းများလာတာ သတိထား မိရင် ရပါပြီ…..သိန်းချီ ရှိနေနိုင်တဲ့ PDF တွေ ဆီကို လက်နက်တွေသာ

အပေါ်ရေးထားတဲ့ အတိုင်း ရောက်လာခဲ့ရင် ဆိုတာ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာ စောင့်ကြည့် ယုံပဲ ရှိတော့ပါတယ်…..မြို့လည်ခေါင်လုံခြုံရေးယာဉ်ကို သေနတ်နဲ့ပစ်တဲ့ အဆင့်ကနေ နောက်ဆို လက်ပစ်ဗုံး မောင်းပြန်ရိုင်ဖယ်တွေ နဲ့

အဖွဲ့လိုက် ဝိုင်းပစ်တဲ့အနေအထား တွေ ထပ် မတွေ့ချင်ဘူး မမြင်ချင်ဘူး မကြားချင်ပါဘူး…..မြို့ပေါ်မဖြစ်ရင်တောင် နယ်တွေ မှာ ဖြစ်တော့မယ်….ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တယ်……အပ်နဲ့ ထွင်းရမယ့် ကိစ္စတွေဟာ ပုစိန်နဲ့ ပေါက်နေရတဲ့ အဆင့်

တွေ အထိ ဖြစ်နေတယ်….ဒါတွေကို ပြည်သူတွေက ပူးပေါင်းပါဝင်ကြပါလို့ အရှက်မရှိ မပြောပါနဲ့……ပူးပေါင်းပါဝင်တဲ့ သူတွေ နေ့စဉ်နဲ့ အမျှ အသတ်ခံနေရတာကို ကာကွယ်ပေးနိုင်ပြီဆိုမှ ပြည်သူတွေ ပူးပေါင်းကူညီကြပါလို့ ပြောပါ။

အဓိကပြောချင်တာက စောစောစီးစီး အပ်နဲ့ ထွင်ပါ….ဒါမှ နှစ်ဖက်စလုံးကမလိုလားအပ်တဲ့ ဆုံးရှံးမှု တွေ မဖြစ်နိုင်ပဲ ကာကွယ်နိုင်မှာပါ…..ဟိုဘက်ကတော့ နောက် ၆ လအတွင်းမှာ တိုက်ပွဲပုံစံပြောင်းမယ်ဆိုပြီ လုပ်နေကြပြီ စီစဉ်နေကြပြီ…….အပ်နဲ့ထွင်းပြီး ကာကွယ်နိုင်ပါစေတဲ့ဗျာ။ကဲ ချစ်ပရိတ်သတ်ကြီး အမြင်လေးပြောခု့အူး

Crd