လာမယ့္ အပတ္ အတြင္းမွာ နာမည္ေျပာင္းလဲသြားဖို႔ ရွိေနတဲ့ Facebook

မာ့ခ္ဇူကာဘာ့ဂ်္ နဲ႔ အက္ဒြါဒိုဆာဗီရင္တို႔ ပူးတြဲတည္ေထာင္ခဲ့တဲ့ Facebook ဟာ လာမယ့္အပတ္ထဲမွာ ကုမၸဏီနာမည္ေျပာင္းလဲသြားဖြယ္ရွိတယ္လို႔ သိရပါတယ္။

၂၀၀၄ ခုႏွစ္မွာ အေမရိကန္တကၠသိုလ္ေက်ာင္းသားေလးေတြက တီထြင္ခဲ့ၿပီး ကမာၻေက်ာ္လူမႈကြန္ရက္တစ္ခုအျဖစ္ ရပ္တည္ခဲ့ကာ အခ်မ္းသာဆုံးကုမၸဏီစာရင္းဝင္တဲ့အထိ ႀကီးထြားလာခဲ့တဲ့ ျဖစ္ပါတယ္။

မူလက harvard.edu ဆိုတဲ့ အီးေမးလ္လိပ္စာရွိသူေတြအတြက္သာ ရည္႐ြယ္ျပဳလုပ္ခဲ့ေပမယ့္ အဲဒီေနာက္ပိုင္းမွာေတာ့ မာ့ဇူကာဘာ့ဂ်္က ဒီေန႔ေခတ္ အားလုံးသိထားၾကတဲ့ Facebook ကို ေမြးဖြားေပးခဲ့ပါတယ္။

The Verge ရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ Facebook က ဒစ္ဂ်စ္တယ္ VR တစ္ခုကို ျပဳလုပ္ဖို႔စီစဥ္ထားၿပီး ဥေရာပမွာ အလုပ္အကိုင္ေပါင္းေသာင္းနဲ႔ခ်ီကာ ေခၚယူဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။

ေအာက္တိုဘာလ ၂၈ ေန႔မွာ ႏွစ္စဥ္က်င္းပေနက် Connect ကြန္ဖရင့္ကို က်င္းပသြားဖို႔ရွိေနၿပီး ကုမၸဏီအမႈေဆာင္အရာရွိခ်ဳပ္မာ့ခ္ဇူကာဘာ့ဂ်္က နာမည္သစ္ကို ေၾကညာဖြယ္ရွိေနပါတယ္။ နာမည္အသစ္ကိုေတာ့ တိတိက်က်မသိရေသးဘဲ The Verger အဆိုအရ Horizon ဆိုတဲ့ နာမည္ျဖစ္ႏိုင္ေခ်မ်ားတယ္လို႔ သိရၿပီး

ဒါဟာ VR Headset ေတြအတြက္ Horizon Workrooms app bet ဗားရွင္းကို ထုတ္လုပ္ထားၿပီး အဆိုပါနာမည္နဲ႔ပဲ metaverse tools ေတြကို ဖန္တီးထားလို႔ အခုလိုယူဆေနတာျဖစ္ပါတယ္။

Metaverse ဆိုတာကေတာ့ VR မ်က္မွန္လို အထူးဖန္တီးထားတဲ့ AR/VR headware ေတြနဲ႔ 3D ပုံရိပ္ေယာင္ရပ္ဝန္းတစ္ခုကို ဆိုလိုတာျဖစ္ပါတယ္။

နာမည္သစ္ကို လွ်ိဳ႕ဝွက္ထားတယ္လို႔သိရၿပီး Facebook က ထုတ္လႊင့္ေနတဲ့ VR အြန္လိုင္းဂိမ္း Horizon နဲ႔ ဆက္စပ္ႏိုင္တယ္လို႔ ထင္ေၾကးေပးေနၾကတာလည္းျဖစ္ပါတယ္။

The River News

Facebook ဟာ လာမည့္အပတ္တြင္းမွာပဲ နာမည္ေျပာင္းလဲသြားဖို႔ အစီအစဥ္ရွိတယ္လို႔ The Verge သတင္းဌာနမွ အဂၤါေန႔ညေနခင္း သတင္းမ်ားတြင္ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။

Facebook ဟာ လူမႈကြန္ယက္မီဒီယာကုမၸဏီတစ္ခုထက္ metaverse ကုမၸဏီတစ္ခုျဖစ္လာေစရန္ အထူးအာ႐ုံစိုက္ထားတာပဲျဖစ္ပါတယ္။ ဒါေၾကာင့္လည္း Facebook ကုမၸဏီရဲ႕ အဓိက ဆိုရွယ္မီဒီယာျဖစ္တဲ့ Facebook ရဲ႕ အမည္ကို ေျပာင္းလဲဖို႔ ရည္႐ြယ္လိုက္တယ္လို႔ သတင္းမ်ားအရ သိရသည္။

စီးအီးအို ဇူကာဘတ္သည္ နာမည္ေျပာင္းလဲရန္အတြက္ ေအာက္တိုဘာ ၂၈ရက္ေန႔မွာ က်င္းပမယ့္ Facebook ရဲ႕ ႏွစ္စဥ္ဆက္သြယ္ေရးကြန္ဖရင့္စ္တြင္ ေဆြးေႏြးသြားမွာျဖစ္ၿပီး ေျပာင္းလဲသြားမယ့္ နာမည္ကိုေတာ့ ကြန္ဖရင္စ့္ မတိုင္ခင္မွာတင္ ေၾကညာသြားမယ္လို႔ သိရပါတယ္။

Facebook ကုမၸဏီဘက္မွ မည္သည့္ မွတ္ခ်က္နဲ႔ ေကာလာဟလ မ်ားကိုမွ တုန႔္ျပန္သြားမွာမဟုတ္ေၾကာင္း” Facebook ရဲ႕ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္တစ္ဦးကေတာ့ ေျပာၾကားထားပါတယ္။

MyanmaPlatform

Unicode

လာမယ့် အပတ် အတွင်းမှာ နာမည်ပြောင်းလဲသွားဖို့ ရှိနေတဲ့ Facebook

မာ့ခ်ဇူကာဘာ့ဂျ် နဲ့ အက်ဒွါဒိုဆာဗီရင်တို့ ပူးတွဲတည်ထောင်ခဲ့တဲ့ Facebook ဟာ လာမယ့်အပတ်ထဲမှာ ကုမ္ပဏီနာမည်ပြောင်းလဲသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

၂၀၀၄ ခုနှစ်မှာ အမေရိကန်တက္ကသိုလ်ကျောင်းသားလေးတွေက တီထွင်ခဲ့ပြီး ကမ္ဘာကျော်လူမှုကွန်ရက်တစ်ခုအဖြစ် ရပ်တည်ခဲ့ကာ အချမ်းသာဆုံးကုမ္ပဏီစာရင်းဝင်တဲ့အထိ ကြီးထွားလာခဲ့တဲ့ ဖြစ်ပါတယ်။

မူလက harvard.edu ဆိုတဲ့ အီးမေးလ်လိပ်စာရှိသူတွေအတွက်သာ ရည်ရွယ်ပြုလုပ်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းမှာတော့ မာ့ဇူကာဘာ့ဂျ်က ဒီနေ့ခေတ် အားလုံးသိထားကြတဲ့ Facebook ကို မွေးဖွားပေးခဲ့ပါတယ်။

The Verge ရဲ့ ဖော်ပြချက်အရဆိုရင် Facebook က ဒစ်ဂျစ်တယ် VR တစ်ခုကို ပြုလုပ်ဖို့စီစဉ်ထားပြီး ဥရောပမှာ အလုပ်အကိုင်ပေါင်းသောင်းနဲ့ချီကာ ခေါ်ယူဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၈ နေ့မှာ နှစ်စဉ်ကျင်းပနေကျ Connect ကွန်ဖရင့်ကို ကျင်းပသွားဖို့ရှိနေပြီး ကုမ္ပဏီအမှုဆောင်အရာရှိချုပ်မာ့ခ်ဇူကာဘာ့ဂျ်က နာမည်သစ်ကို ကြေညာဖွယ်ရှိနေပါတယ်။ နာမည်အသစ်ကိုတော့ တိတိကျကျမသိရသေးဘဲ The Verger အဆိုအရ Horizon ဆိုတဲ့ နာမည်ဖြစ်နိုင်ချေများတယ်လို့ သိရပြီး

ဒါဟာ VR Headset တွေအတွက် Horizon Workrooms app bet ဗားရှင်းကို ထုတ်လုပ်ထားပြီး အဆိုပါနာမည်နဲ့ပဲ metaverse tools တွေကို ဖန်တီးထားလို့ အခုလိုယူဆနေတာဖြစ်ပါတယ်။

Metaverse ဆိုတာကတော့ VR မျက်မှန်လို အထူးဖန်တီးထားတဲ့ AR/VR headware တွေနဲ့ 3D ပုံရိပ်ယောင်ရပ်ဝန်းတစ်ခုကို ဆိုလိုတာဖြစ်ပါတယ်။

နာမည်သစ်ကို လျှို့ဝှက်ထားတယ်လို့သိရပြီး Facebook က ထုတ်လွှင့်နေတဲ့ VR အွန်လိုင်းဂိမ်း Horizon နဲ့ ဆက်စပ်နိုင်တယ်လို့ ထင်ကြေးပေးနေကြတာလည်းဖြစ်ပါတယ်။

The River News

Facebook ဟာ လာမည့်အပတ်တွင်းမှာပဲ နာမည်ပြောင်းလဲသွားဖို့ အစီအစဉ်ရှိတယ်လို့ The Verge သတင်းဌာနမှ အင်္ဂါနေ့ညနေခင်း သတင်းများတွင် ထည့်သွင်းဖော်ပြခဲ့ပါတယ်။

Facebook ဟာ လူမှုကွန်ယက်မီဒီယာကုမ္ပဏီတစ်ခုထက် metaverse ကုမ္ပဏီတစ်ခုဖြစ်လာစေရန် အထူးအာရုံစိုက်ထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း Facebook ကုမ္ပဏီရဲ့ အဓိက ဆိုရှယ်မီဒီယာဖြစ်တဲ့ Facebook ရဲ့ အမည်ကို ပြောင်းလဲဖို့ ရည်ရွယ်လိုက်တယ်လို့ သတင်းများအရ သိရသည်။

စီးအီးအို ဇူကာဘတ်သည် နာမည်ပြောင်းလဲရန်အတွက် အောက်တိုဘာ ၂၈ရက်နေ့မှာ ကျင်းပမယ့် Facebook ရဲ့ နှစ်စဉ်ဆက်သွယ်ရေးကွန်ဖရင့်စ်တွင် ဆွေးနွေးသွားမှာဖြစ်ပြီး ပြောင်းလဲသွားမယ့် နာမည်ကိုတော့ ကွန်ဖရင်စ့် မတိုင်ခင်မှာတင် ကြေညာသွားမယ်လို့ သိရပါတယ်။

Facebook ကုမ္ပဏီဘက်မှ မည်သည့် မှတ်ချက်နဲ့ ကောလာဟလ များကိုမှ တုန့်ပြန်သွားမှာမဟုတ်ကြောင်း” Facebook ရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကတော့ ပြောကြားထားပါတယ်။

MyanmaPlatform