ဒီနေ့က အမှန်တော့ ကိုယ်တို့နှစ်ယောက် စောင့်နေခဲ့တဲ့ လက်ထပ်ကြမယ်ဆိုတဲ့ ၃ နှစ်ပြည့်တဲ့နေ့

Pre wedding လှလှလေးရိုက်ကြမယ်ဆိုပြီးလဲ အားရပါးရကို တွေးပြီး ဘယ်လိုလေးဝတ်ကြမယ် ဆိုတာကအစ ကြိုပြီးစိတ်ကူးယဉ်ခဲ့ကြတာပေါ့

အနာဂတ်အိမ်မက်တွေဟာ တစ်ခုမှဖြစ်မလာသေးပေမဲ့ ပိုကောင်းတဲ့ အနာဂတ်အတွက် ဒီနေရာကိုရောက်ပြီး အတူတိုက်ပွဲဝင်နေတာ ခုဆို ၅လနီးပါးရှိသွားပြီ

သူမရှိပဲကိုယ်တစ်ယောက်တည်းဆို ဒီလမ်းကို ဘယ်လိုမှ ဆက်လျှောက်နိုင်မယ်မထင်ပါဘူး ကိုယ့်ကိုအပြည့်အဝယုံကြည်ပေးပြီး ကိုယ်လုပ်ချင်တဲ့အရာအတွက် ဘေးကနေအမြဲရှိနေပေးပြီး ပါရမီဖြည့်ပေးနေလို့သာ ကိုယ်လုပ်ချင်တဲ့အရာတွေဆက်လုပ်နိုင်တာပါ

ဖြစ်မလာသေးတဲ့အိမ်မက်လေးတွေကို တော်လှန်ရေး အောင်မြင်တဲ့တစ်နေ့ အတူတူကြိုးစားပြီး အကောင်အထည်ဖော်ကြတာပေါ့

အမြဲပြောဖူးသလို ဒါတွေအားလုံးပြီးသွားရင် Pre Wedding လှလှလေးရိုက်ပြီး Wedding Day ကို ဘုရားရှေ့လူရှေ့မှာ ကျင်းပကြမယ်

ဒီ၃နှစ်ဆိုတဲ့ အချိန်လေးနဲ့မကနိုင်အောင် ပျော်ရွှင်ရပြီး ချစ်ပေးတာမို့ ကျေးဇူးအများကြီးတင်ပါတယ် ဒီတော်လှန်ရေးကြီးပြီးဆုံးသွားတဲ့အချိန်ထိ အရာအားလုံးကို အတူတူရင်ဆိုင်ဖြတ်သန်းကြတာပေါ့ 💕

credit https://www.facebook.com/pucci.yoyo/posts/1542291676122459

zawgyi version

ဒီေန႔က အမွန္ေတာ့ ကိုယ္တို႔ႏွစ္ေယာက္ ေစာင့္ေနခဲ့တဲ့ လက္ထပ္ၾကမယ္ဆိုတဲ့ ၃ ႏွစ္ျပည့္တဲ့ေန႔

Pre wedding လွလွေလးရိုက္ၾကမယ္ဆိုၿပီးလဲ အားရပါးရကို ေတြးၿပီး ဘယ္လိုေလးဝတ္ၾကမယ္ ဆိုတာကအစ ႀကိဳၿပီးစိတ္ကူးယဥ္ခဲ့ၾကတာေပါ့

အနာဂတ္အိမ္မက္ေတြဟာ တစ္ခုမွျဖစ္မလာေသးေပမဲ့ ပိုေကာင္းတဲ့ အနာဂတ္အတြက္ ဒီေနရာကိုေရာက္ၿပီး အတူတိုက္ပြဲဝင္ေနတာ ခုဆို ၅လနီးပါးရွိသြားၿပီ

သူမရွိပဲကိုယ္တစ္ေယာက္တည္းဆို ဒီလမ္းကို ဘယ္လိုမွ ဆက္ေလၽွာက္နိုင္မယ္မထင္ပါဘူး ကိုယ့္ကိုအျပည့္အဝယုံၾကည္ေပးၿပီး ကိုယ္လုပ္ခ်င္တဲ့အရာအတြက္ ေဘးကေနအျမဲရွိေနေပးၿပီး ပါရမီျဖည့္ေပးေနလို႔သာ ကိုယ္လုပ္ခ်င္တဲ့အရာေတြဆက္လုပ္နိုင္တာပါ

ျဖစ္မလာေသးတဲ့အိမ္မက္ေလးေတြကို ေတာ္လွန္ေရး ေအာင္ျမင္တဲ့တစ္ေန႔ အတူတူႀကိဳးစားၿပီး အေကာင္အထည္ေဖာ္ၾကတာေပါ့

အျမဲေျပာဖူးသလို ဒါေတြအားလုံးၿပီးသြားရင္ Pre Wedding လွလွေလးရိုက္ၿပီး Wedding Day ကို ဘုရားေရွ႕လူေရွ႕မွာ က်င္းပၾကမယ္

ဒီ၃ႏွစ္ဆိုတဲ့ အခ်ိန္ေလးနဲ႔မကနိုင္ေအာင္ ေပ်ာ္ရႊင္ရၿပီး ခ်စ္ေပးတာမို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ဒီေတာ္လွန္ေရးႀကီးၿပီးဆုံးသြားတဲ့အခ်ိန္ထိ အရာအားလုံးကို အတူတူရင္ဆိုင္ျဖတ္သန္းၾကတာေပါ့ 💕

credit https://www.facebook.com/pucci.yoyo/posts/1542291676122459v