ကြားသိရသမျှ

ရွှေနဲ့ ဒေါ်လာစျေးကျလာလို့ ကုန်ပစ္စည်းစျေးတွေ ကျလာမလားဆိုတာ သိချင်နေတဲ့သူတွေအတွက်…

ရွှေနဲ့ ဒေါ်လာစျေးကျလာလို့ ကုန်ပစ္စည်းစျေးတွေ ကျလာမလားဆိုတာ သိချင်နေတဲ့သူတွေအတွက်…

ဒေါ်လာစျေး၊ ရွှေစျေး ကျရင် ကုန်ပစ္စည်းစျေးတွေ ကျလာမလား? လုံးဝ မကျနိုင်သေးပါဘူး..

ဒေါ်လာစျေး၊ ရွှေစျေးကျရင် ကုန်ပစ္စည်းစျေးတွေ ကျလာမလား?

ချက်ခြင်းကျတဲ့ သဘာဝတော့ မရှိပါ။ တက်စျေးနဲ့ ဝယ်ထားရလို့ဆိုတဲ့ အဖြေရပါမယ်။

(နောက်ထပ်ပြန်တက်မှာလား စောင့်ကြည့်တာလည်း ပါပါလိမ့်မယ်။)

ဒေါ်လာစျေး၊ ရွှေစျေးတက်ရင် ပစ္စည်းစျေးတက်မလား? တက်ပါမယ်။

ပြောရင်းဆိုရင်းကို တက်ပါမယ်။ ပြန်ဝယ်ရ ရင်စျေးကြီးပေးရမှာကြောင့်လို့ ပြောပါမယ်။

တကယ်တော့ လက်လီအရောင်းဆိုင်အများစုကစျေးနှုန်း ဆုံးဖြတ်နိုင်ကြသူတွေမဟုတ်ပါဘူး။ လက်ကားဆိုင်တွေ ပေါ်စျေးနှုန်းပေါ် မူတည်ပါတယ်။

လက်ကားဆိုင်တွေလည်း (စျေးကွက်ကို ချုပ်ကိုင်ထားနိုင်သူတွေမဟုတ်ရင်) ရေရှည် စျေးတင်ထားလို့မရပါဘူး။

စျေးကွက်ပေါက်စျေးနဲ့သာ ရောင်းကြ၊ ဝယ်ကြရပါတယ်။

ဒီလိုရောင်းသူ၊ ဝယ်သူတွေ အားလုံးကို price takers လို့ ဘောဂဗေဒမှာသုံးပါတယ်။

သူတို့တစ်ဦးချင်းရဲ့ စျေးနုန်းသတ်မှတ်မှုက စျေးကွက်က ပေါက်တဲ့စျေးထက်မပိုနိုင်ကြပါ။

ဒါဖြင့် စျေးကွက်စျေးသတ်မှတ်နိုင်ဖို့ဆိုရင် စျေးကွက်ကို လက်ဝါးကြီးအုပ်ထားနိုင်မှရပါမယ်။

အခုခေတ်မှာ mono – poly ထက် oligopolies တွေများပါတယ်။ တစ်ဦးတည်း မဟုတ်ပဲ တစ်စုတစ်ဖွဲ့က ထိန်းချုပ်ထားတာမျိုးပါ။

ဥပမာ မိမိတို့တိုင်းပြည်က ဓါတ်ဆီ၊ ဒီဇယ်တင်သွင်းသူတွေလိုပေါ့။ စျေးနှုန်းက သူတို့သတ်မှတ်တာကိုကျော်ပြီး ဘယ်သူကမှ လျော့လို့၊ တိုးလို့မရပါဘူး။

ဒါ့ကြောင့် ကမ္ဘာမှာလောင်စာဆီ စျေးအလွန်အမင်းကျနေချိန်တောင် စျေးကြီးပေး၊ ဝယ်သုံးကြရဘူးတယ် မဟုတ်လားဗျာ။

oligopoly (တစ်ဦးတည်း မဟုတ်ပဲ တစ်စုတစ်ဖွဲ့က ထိန်းချုပ်ထားတာမျိုး) ဖြစ်စဉ်က လုပ်ငန်းတိုင်းမှာ များနေထင်ပါ့ဗျာ။

တစ်ရက် နှစ်ရက်နဲ့တော့ စျေးတက်တယ်၊ ကျတယ် ပြောဖို့ စောပါတယ်။ သတ်မှတ် ကာတစ်ခုထိတော့ စောင့်ရမှာ ပေါ့နော်ဗျာ။

Kyaw San

Zawgyi Version ဖြင့်ဖတ်ရန်

ရွှေနဲ့ ဒေါ်လာဈေးကျလာလို့ ကုန်ပစ္စည်းဈေးတွေ ကျလာမလားဆိုတာ သိချင်နေတဲ့သူတွေအတွက်…

ဒေါ်လာဈေး၊ ရွှေဈေး ကျရင် ကုန်ပစ္စည်းဈေးတွေ ကျလာမလား? လုံးဝ မကျနိုင်သေးပါဘူး..

ဒေါ်လာဈေး၊ ရွှေဈေးကျရင် ကုန်ပစ္စည်းဈေးတွေ ကျလာမလား?

ချက်ခြင်းကျတဲ့ သဘာဝတော့ မရှိပါ။ တက်ဈေးနဲ့ ဝယ်ထားရလို့ဆိုတဲ့ အဖြေရပါမယ်။

(နောက်ထပ်ပြန်တက်မှာလား စောင့်ကြည့်တာလည်း ပါပါလိမ့်မယ်။)

ဒေါ်လာဈေး၊ ရွှေဈေးတက်ရင် ပစ္စည်းဈေးတက်မလား? တက်ပါမယ်။

ပြောရင်းဆိုရင်းကို တက်ပါမယ်။ ပြန်ဝယ်ရ ရင်ဈေးကြီးပေးရမှာကြောင့်လို့ ပြောပါမယ်။

တကယ်တော့ လက်လီအရောင်းဆိုင်အများစုကဈေးနှုန်း ဆုံးဖြတ်နိုင်ကြသူတွေမဟုတ်ပါဘူး။ လက်ကားဆိုင်တွေ ပေါ်ဈေးနှုန်းပေါ် မူတည်ပါတယ်။

လက်ကားဆိုင်တွေလည်း (ဈေးကွက်ကို ချုပ်ကိုင်ထားနိုင်သူတွေမဟုတ်ရင်) ရေရှည် ဈေးတင်ထားလို့မရပါဘူး။

ဈေးကွက်ပေါက်ဈေးနဲ့သာ ရောင်းကြ၊ ဝယ်ကြရပါတယ်။

ဒီလိုရောင်းသူ၊ ဝယ်သူတွေ အားလုံးကို price takers လို့ ဘောဂဗေဒမှာသုံးပါတယ်။

သူတို့တစ်ဦးချင်းရဲ့ ဈေးနုန်းသတ်မှတ်မှုက ဈေးကွက်က ပေါက်တဲ့ဈေးထက်မပိုနိုင်ကြပါ။

ဒါဖြင့် ဈေးကွက်ဈေးသတ်မှတ်နိုင်ဖို့ဆိုရင် ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားနိုင်မှရပါမယ်။

အခုခေတ်မှာ mono – poly ထက် oligopolies တွေများပါတယ်။ တစ်ဦးတည်း မဟုတ်ပဲ တစ်စုတစ်ဖွဲ့က ထိန်းချုပ်ထားတာမျိုးပါ။

ဥပမာ မိမိတို့တိုင်းပြည်က ဓါတ်ဆီ၊ ဒီဇယ်တင်သွင်းသူတွေလိုပေါ့။ ဈေးနှုန်းက သူတို့သတ်မှတ်တာကိုကျော်ပြီး ဘယ်သူကမှ လျော့လို့၊ တိုးလို့မရပါဘူး။

ဒါ့ကြောင့် ကမ္ဘာမှာလောင်စာဆီ ဈေးအလွန်အမင်းကျနေချိန်တောင် ဈေးကြီးပေး၊ ဝယ်သုံးကြရဘူးတယ် မဟုတ်လားဗျာ။

oligopoly (တစ်ဦးတည်း မဟုတ်ပဲ တစ်စုတစ်ဖွဲ့က ထိန်းချုပ်ထားတာမျိုး) ဖြစ်စဉ်က လုပ်ငန်းတိုင်းမှာ များနေထင်ပါ့ဗျာ။

တစ်ရက် နှစ်ရက်နဲ့တော့ ဈေးတက်တယ်၊ ကျတယ် ပြောဖို့ စောပါတယ်။ သတ်မှတ် ကာတစ်ခုထိတော့ စောင့်ရမှာ ပေါ့နော်ဗျာ။

Kyaw San

Leave a Reply

Your email address will not be published. Required fields are marked *