မိုးလေဝသ

အောက်တိုဘာလအတွင်း မုန်တိုင်း (၂)ကြိမ်ဖြစ်နိုင်ဟု သတိပေးချက်ထုတ်ပြန်

အောက်တိုဘာလအတွင်း မုန်တိုင်း (၂)ကြိမ်ဖြစ်နိုင်ဟု သတိပေးချက်ထုတ်ပြန်

လာမယ့် အောက်တိုဘာလ အတွင်း မုန်တိုင်း ၂ ကြိမ် ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနမှက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။

အနောက်တောင်မုတ်သုံလေကတော့အောက်တိုဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အတွင်းမြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊အောက်တိုဘာ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှဆုတ်ခွာသွားဖွယ်ရှိတယ်လို့ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှတိမ်ထူထပ်နိုင်ပြီး၊ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားအနည်းငယ် ရှိနိုင်ပါသည်။မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေး၊ မကွေး၊ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကယား၊ ကရင်နှင့်

မွန်ပြည်နယ်တို့တွင် မိုးရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်လို့လည်းဆိုပါတယ်။ယင်းအပြင် ပဲခူး(အရှေ့ပိုင်း)၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ကရင်နှင့် မွန်ပြည်နယ်တို့တွင် (၁၉)ရက်မှ (၂၂)ရက်ခန့်၊စစ်ကိုင်းအထက်ပိုင်း၊

ပဲခူး(အနောက်ပိုင်း)၊ ကချင်၊ရှမ်း(တောင်ပိုင်း)၊ ရခိုင်၊ ချင်းနှင့် ကယားပြည်နယ်တို့တွင်(၁၅)ရက်မှ (၁၈)ရက်ခန့်နှင့်နေပြည်တော်၊ စစ်ကိုင်းအောက်ပိုင်း၊ မန္တလေး၊မကွေးတိုင်းဒေသကြီးနှင့် ရှမ်း(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် (၁၁)ရက်မှ(၁၄)ရက်ခန့်မိုးထစ်ချုန်းရွာနိုင်ပါတယ်လို့လည်းဆိုပါတယ်။

ေအာက္တိုဘာလအတြင္း မုန္တိုင္း (၂)ႀကိမ္ျဖစ္ႏိုင္ဟု သတိေပးခ်က္ထုတ္ျပန္

လာမယ့္ ေအာက္တိုဘာလ အတြင္း မုန္တိုင္း ၂ ႀကိမ္ ျဖစ္ႏိုင္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားေရးဦးစီးဌာနမွက သတိေပးခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ေအာက္တိုဘာလ လပတ္အတြက္ မိုးေလဝသခန္႔မွန္းခ်က္အေနျဖင့္ ဘဂၤလား ပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္၀န္း (၄)ႀကိမ္ ျဖစ္ေပၚႏိုင္ၿပီး၊ (၂)ႀကိမ္တြင္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ေရာက္ရွိႏိုင္တယ္လို႔ဆိုပါတယ္။

အေနာက္ေတာင္မုတ္သုံေလကေတာ့ေအာက္တိုဘာ ၃ ရက္ေန႔ကေန ၇ ရက္ေန႔အတြင္းျမစ္ဝကြၽန္းေပၚေဒသမ်ားမွလည္းေကာင္း၊ေအာက္တိုဘာ ၈ ရက္ေန႔ကေန ၁၂ ရက္ေန႔အတြင္း ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးမွဆုတ္ခြာသြားဖြယ္ရွိတယ္လို႔ဆိုပါတယ္။

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ တိမ္အသင့္အတင့္မွတိမ္ထူထပ္ႏိုင္ၿပီး၊ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္တို႔တြင္မုတ္သုံေလအားအနည္းငယ္ ရွိႏိုင္ပါသည္။မိုး႐ြာသြန္းမႈအေျခအေနမွာ ေနျပည္ေတာ္၊ မႏၲေလး၊ မေကြး၊ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ရခိုင္၊ ကယား၊ ကရင္ႏွင့္

မြန္ျပည္နယ္တို႔တြင္ မိုး႐ြာသြန္းၿမဲထက္ပိုႏိုင္ၿပီး၊ စစ္ကိုင္း၊ ကခ်င္၊ ရွမ္းႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါတယ္လို႔လည္းဆိုပါတယ္။ယင္းအျပင္ ပဲခူး(အေရွ႕ပိုင္း)၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီတိုင္းေဒသႀကီး၊ကရင္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၁၉)ရက္မွ (၂၂)ရက္ခန္႔၊စစ္ကိုင္းအထက္ပိုင္း၊

ပဲခူး(အေနာက္ပိုင္း)၊ ကခ်င္၊ရွမ္း(ေတာင္ပိုင္း)၊ ရခိုင္၊ ခ်င္းႏွင့္ ကယားျပည္နယ္တို႔တြင္(၁၅)ရက္မွ (၁၈)ရက္ခန္႔ႏွင့္ေနျပည္ေတာ္၊ စစ္ကိုင္းေအာက္ပိုင္း၊ မႏၲေလး၊မေကြးတိုင္းေဒသႀကီးႏွင့္ ရွမ္း(ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္း)တို႔တြင္ (၁၁)ရက္မွ(၁၄)ရက္ခန႔္မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါတယ္လို႔လည္းဆိုပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *