ကြားသိရသမျှ

ကိုယ်ပိုင်အိမ် မရှိတဲ့သူတွေက အိမ်တစ်လုံးဆုံးရှုံးရတဲ့ ခံစားချက်ကိုဘယ်တော့မှသိမှာမဟုတ်ဘူးလို့ ဒဲ့ပြောလိုက်တဲ့ မင်းသမီးပိုင်ဖြိုးသု

ကိုယ်ပိုင်အိမ် မရှိတဲ့သူတွေက အိမ်တစ်လုံးဆုံးရှုံးရတဲ့ ခံစားချက်ကိုဘယ်သိမလဲလို့ ဒဲ့ပြောလိုက်တဲ့ ပိုင်ဖြိုးသု

ပရိသတ်ကြီးရေ ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားပြီးတော့ ‌ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးချော ပိုင်ဖြိုးသုကို သိကြမယ်ထင်ပါတယ်။

သူမဟာဆိုရင်တော့ ၂၀၁၇ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် ” သရဲမ၊ဘီလူးမ နှင့် မိန်းမပျို ” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့သူလဲ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရာတွင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် သူမရဲ့စိတ်ဓာတ်ဟာလည်း

အတုယူအားကျစရာကောင်းလောက်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူထုလှုပ်ရှားမှုများကို ဖေဖော်ဝါရီလကတည်းမှ စတင်ပြီး ပါဝင်ခဲ့သူ ဖြစ်ပြီး နေ့စဉ်ရက်ဆက် မမောနိုင် မပန်းနိုင်အောင် လမ်းမပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့်

ပုဒ်မ၅၀၅(က)ဖြင့် တရားဆွဲခံထားရပြီး လက်ရှိမှာလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။” သမာအာဇီဝလုပ်အားနဲ့စီးပွားရှာရတဲ့လူ‌တွေအတွက် ကိုယ်ပိုင်အိမ်တစ်လုံးပိုင်ဆိုင်ဖို့ဘယ်လောက်ခက်ခဲတယ်ဆိုတာကိုသူတို့ဘယ်သိပါ့မလ

.ပြည်သူဆီက ခိုးထားဝှက်ထားတဲ့ငွေတွေနဲ့ ထားစရာမရှိအောင်ချမ်းသာနေကြတာကိုး….ကိုယ်ပိုင်အိမ်တစ်လုံးတောင်မပိုင်တဲ့သူတို့လက်အောက်ခံထားရာနေစေရာသွားတွေကလည်း သူတို့ခိုင်းသမျှလုပ်မှာပဲ….သူတို့မှအိမ်မပိုင်ဘူးတာ….ချွဲနည်းစာနဲ့ဆောက်ထားတဲ့အိမ်လေးကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်သူတို့ဘယ်သိပါ့မလဲ

.စစ်အာဏာရှင်စနစ်အမြန်ဆုံးကျရှုံးပါစေ။ ” လို့ ပိုင်ဖြိုးသု ဟာသူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားမျှဝေထားပါတယ်။ သူမဟာအခုဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်‌မြေမှာ ရောက်ရှိနေတယ်လို့ အနုပညာအသိုင်းအဝိုင်းမှတစ်ဆင့် သိရပါတယ်။

မြန်မာပြည်ကြီး အာဏာရှင်ဘေးမှ အမြန်ဆုံးကင်းဝေး‌ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

crd









crd

 

Leave a Reply

Your email address will not be published. Required fields are marked *