အာဏာသိမ္းစစ္ေကာင္စီက လႉတန္းမႈအေပၚမွာ ကြၽန္မ ဝမ္းသာျခင္းသုံးမ်ိဳးကို ခံစားတယ္ဆိုၿပီး ေျပာျပလာတဲ့ ဝါရင့္ သ႐ုပ္ေဆာင္ ေဒၚႏြဲ႕ႏြဲ႕စန္း

အာဏာသိမ္းစစ္ေကာင္စီ အၾကမ္းဖက္အဖြဲ႕က ႐ုပ္ရွင္အစည္းအ႐ုံးကို က်ပ္သိန္း ၁၀၀ လႉဒါန္းခဲ့သလို

သက္ႀကီး ႐ုပ္ရွင္အႏုပညာရွင္ေတြကိုလည္း ေထာက္ပံ့ေၾကး က်ပ္ ၁၀ သိန္းနဲ႔

ၾကက္ဥ၊ ဆန္၊ ဆီ၊ေတြ ေပးၿပီး စည္း႐ုံးေနတယ္လို႔ သိရပါတယ္။

စစ္ေကာင္စီထံက ေထာက္ပံေၾကးလက္ခံရရွိခဲ့တဲ့ သက္ႀကီး ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဒၚပုလဲက “ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္က

ဒီလိုမ်ိဳး ပံ့ပိုးေပးမယ္ဆိုတာ လုံးဝမထင္ထားဘူး။ ေမွ်ာ္လည္း ေမွ်ာ္လင့္မထားဘူး ေပါ့ေနာ္။ အိမ္ကို

တပ္မေတာ္အရာရွိနဲ႔အဖြဲ႕ ေရာက္လာၿပီး ေထာက္ပံ့ေၾကး က်ပ္ေငြ ၁၀ သိန္း၊ ဆန္တစ္အိတ္၊ ဆီနဲ႔

ၾကက္ဥအလုံး ၅၀ လာၿပီး ေထာက္ပံ့ေတာ့ အံ့ဩဝမ္းသာ ဝမ္းနည္းႀကီးျဖစ္သြားတယ္။”လို႔ ေျပာတဲ့

အေၾကာင္း ဒီေန႔ထုတ္ စစ္ေကာင္စီအာေဘာ္ သတင္းစာေတြမွ ေဖာ္ျပပါတယ္။

႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဒၚႏြဲ႕ႏြဲ႕စန္းကလည္း” ဒီေန႔မွာ ဝန္ႀကီးခ်ဳပ္ႀကီးနဲ႔ မမၾကဴ တို႔က ေငြက်ပ္သိန္း ၁၀၀

လႉတဲ့အတြက္ အထူးကို ေက်းဇူးလည္းတင္တယ္။ ၾကည္ႏူးတယ္။ ေက်နပ္ပါတယ္။ ကြၽန္မ ဝမ္းသာျခင္းသုံးမ်ိဳးကို

ခံစားထားရတာကို ဝန္ႀကီးခ်ဳပ္ႀကီးနဲ႔ ေတြ႕တဲ့အခါမွာ ေျပာပါမယ္။ အခုလို အႏုပညာရွင္သက္ႀကီးပူေဇာ္ပြဲကို

ေထာက္ပံ့မႈေပးတဲ့အေပၚ အတိုင္းမသိ ေက်းဇူးတင္ရပါတယ္ကြယ္။”လို႔ ေျပာပါတယ္။

ေအာက္တိုဘာ ၁၃ ရက္မနက္က ဗဟန္းၿမိဳ႕နယ္ ဝကၤပါလမ္းရွိ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွာ

႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲအခမ္းအနား က်င္းပရာမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အရင္က ပုံမွန္ ႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲအခမ္းအနားေတြကို ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက ဦးေဆာင္ကာ

႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြနဲ႔ ႐ုပ္ရွင္အသိုက္အဝန္းက မိသားစုေတြ သိုက္သိုက္ဝန္းဝန္း စည္စည္ကားကား က်င္းပေလ့ရွိတာပါ။

အခုႏွစ္မွာေတာ့ (၄၄) ႀကိမ္ေျမာက္ ႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲအခမ္းအနားေတြကို အာဏာသိမ္းစစ္ေကာင္စီရဲ႕

ျပန္ၾကားေရးဝန္ႀကီးနဲ႔ အေပါင္းပါေတြနဲ႔ သက္ႀကီး ႐ုပ္ရွင္အႏုပညာရွင္တခ်ိဳ႕သာ တက္ေရာက္တာေတြ႕ရပါတယ္။

စစ္ေကာင္စီ ျပန္ၾကားေရးဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ႐ုပ္ရွင္႐ုံေတြ ျပန္လည္ဖြင့္လွစ္ၿပီး ႐ုပ္ရွင္ အႏုပညာတြ

ေ ျပန္လည္လုပ္ကိုင္ႏိုင္ဖို႔ စီစဥ္ေဆာင္႐ြက္ေပးေနေၾကာင္းနဲ႔ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႐ုပ္ရွင္နယ္ပယ္ကို

စြန႔္ခြာသြားၾကသူေတြအတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ေျပာပါတယ္။

ျမန္မာ႐ုပ္ရွင္လုပ္ငန္းဟာ အန္အယ္လ္ဒီ အစိုးရလက္ထက္ အရည္အေသြးေရာ အေရအတြက္ပါ သိသိသာသာ

တိုးတက္လာၿပီး ပရိသတ္အားေပးမႈေတြ တိုးတက္လာခ်ိန္မွာ ကိုဗစ္-၁၉ ေရာဂါနဲ႔ စစ္အာဏာ သိမ္းမႈေၾကာင့္

အႀကီးအက်ယ္ထိခိုက္သြားခဲ့တာျဖစ္ပါတယ္။

တရားမဝင္စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ျပည္သူလူထုဘက္ကေန ရပ္တည္ခဲ့ၾကတဲ့ ထင္ရွားတဲ့ အကယ္ဒမီ

႐ုပ္ရွင္အႏုပညာရွင္ေတြကို စစ္ေကာင္စီအၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးအက်ဥ္းခ်ထားသလို ရာဇသတ္ႀကီး

ပုဒ္မ ၅၀၅ (က)နဲ႔ အမႈဖြင့္ ဖမ္းဝရမ္းထုတ္တာေတြလည္း လုပ္ေဆာင္ထားပါတယ္။

Photo-MOI

Unicode

အာဏာသိမ်းစစ်ကောင်စီက လှူတန်းမှုအပေါ်မှာ ကျွန်မ ဝမ်းသာခြင်းသုံးမျိုးကို ခံစားတယ်ဆိုပြီး ပြောပြလာတဲ့ ဝါရင့် သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်း

အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့က ရုပ်ရှင်အစည်းအရုံးကို ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့သလို

သက်ကြီး ရုပ်ရှင်အနုပညာရှင်တွေကိုလည်း ထောက်ပံ့ကြေး ကျပ် ၁၀ သိန်းနဲ့

ကြက်ဥ၊ ဆန်၊ ဆီ၊တွေ ပေးပြီး စည်းရုံးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီထံက ထောက်ပံကြေးလက်ခံရရှိခဲ့တဲ့ သက်ကြီး ရုပ်ရှင်သရုပ်ဆောင် ဒေါ်ပုလဲက “နိုင်ငံတော်ဝန်ကြီးချုပ်က

ဒီလိုမျိုး ပံ့ပိုးပေးမယ်ဆိုတာ လုံးဝမထင်ထားဘူး။ မျှော်လည်း မျှော်လင့်မထားဘူး ပေါ့နော်။ အိမ်ကို

တပ်မတော်အရာရှိနဲ့အဖွဲ့ ရောက်လာပြီး ထောက်ပံ့ကြေး ကျပ်ငွေ ၁၀ သိန်း၊ ဆန်တစ်အိတ်၊ ဆီနဲ့

ကြက်ဥအလုံး ၅၀ လာပြီး ထောက်ပံ့တော့ အံ့ဩဝမ်းသာ ဝမ်းနည်းကြီးဖြစ်သွားတယ်။”လို့ ပြောတဲ့

အကြောင်း ဒီနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာတွေမှ ဖော်ပြပါတယ်။

ရုပ်ရှင်သရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်းကလည်း” ဒီနေ့မှာ ဝန်ကြီးချုပ်ကြီးနဲ့ မမကြူ တို့က ငွေကျပ်သိန်း ၁၀၀

လှူတဲ့အတွက် အထူးကို ကျေးဇူးလည်းတင်တယ်။ ကြည်နူးတယ်။ ကျေနပ်ပါတယ်။ ကျွန်မ ဝမ်းသာခြင်းသုံးမျိုးကို

ခံစားထားရတာကို ဝန်ကြီးချုပ်ကြီးနဲ့ တွေ့တဲ့အခါမှာ ပြောပါမယ်။ အခုလို အနုပညာရှင်သက်ကြီးပူဇော်ပွဲကို

ထောက်ပံ့မှုပေးတဲ့အပေါ် အတိုင်းမသိ ကျေးဇူးတင်ရပါတယ်ကွယ်။”လို့ ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်မနက်က ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ

ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အရင်က ပုံမှန် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကာ

ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အသိုက်အဝန်းက မိသားစုတွေ သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား ကျင်းပလေ့ရှိတာပါ။

အခုနှစ်မှာတော့ (၄၄) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့

ပြန်ကြားရေးဝန်ကြီးနဲ့ အပေါင်းပါတွေနဲ့ သက်ကြီး ရုပ်ရှင်အနုပညာရှင်တချို့သာ တက်ရောက်တာတွေ့ရပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြီး ရုပ်ရှင် အနုပညာတွ

ေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေကြောင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်နယ်ပယ်ကို

စွန့်ခွာသွားကြသူတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောပါတယ်။

မြန်မာရုပ်ရှင်လုပ်ငန်းဟာ အန်အယ်လ်ဒီ အစိုးရလက်ထက် အရည်အသွေးရော အရေအတွက်ပါ သိသိသာသာ

တိုးတက်လာပြီး ပရိသတ်အားပေးမှုတွေ တိုးတက်လာချိန်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ စစ်အာဏာ သိမ်းမှုကြောင့်

အကြီးအကျယ်ထိခိုက်သွားခဲ့တာဖြစ်ပါတယ်။

တရားမဝင်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူလူထုဘက်ကနေ ရပ်တည်ခဲ့ကြတဲ့ ထင်ရှားတဲ့ အကယ်ဒမီ

ရုပ်ရှင်အနုပညာရှင်တွေကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖမ်းဆီးအကျဉ်းချထားသလို ရာဇသတ်ကြီး

ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်တာတွေလည်း လုပ်ဆောင်ထားပါတယ်။

Photo-MOI