ကမၻာေပၚတြင္ ႏွစ္ေပါင္းမ်ားစြာျဖစ္ပြားခဲ့ေသာစစ္ပြဲႀကီးမ်ားစြာရွိပါသည္။ ၎တို႔ထဲတြင္ ကမၻာအၾကာဆုံးစစ္ပြဲႀကီးမွာ ခရစ္ႏွစ္ ၇၁၁ ခုႏွစ္မွ ခရစ္ႏွစ္ ၁၄၉၂ ခုႏွစ္အထိ ႏွစ္ေပါင္း ၇၈၁ ႏွစ္တိတိၾကာျမင့္ခဲ့ၿပီးခရစ္ယာန္ဘာသာဝင္မ်ားႏွင့္ အစၥလာမ္ဘာသာဝင္မ်ားအၾကားျဖစ္ပြားခဲ့သည့္ ဘာသာေရးစစ္ပြဲႀကီး Iberian Religious Wars ျဖစ္ပါသည္။

ျမန္မာ့သမိုင္းတစ္ေလၽွာက္ထိုမၽွကာလရွည္လ်ားလွေသာစစ္ပြဲႀကီးမရွိခဲ့ေသာ္လည္း ျမန္မာ့သမိုင္းတြင္ အရွည္ဆုံးစစ္ပြဲတစ္ပြဲအျဖစ္ အင္းဝ-ဟံသာဝတီစစ္ပြဲသည္ နာမည္ေက်ာ္ၾကားလွပါသည္။

အင္းဝ-ဟံသာဝတီစစ္ပြဲႀကီးသည္ အင္းဝဘုရင္မင္းႀကီးစြာေစာ္ကဲႏွင့္ ျမန္မာ့သမိုင္းတြင္နာမည္ႀကီးပုဂၢိဳလ္ ရာဇဓိရာဇ္(ဗညားႏြဲ႕)တို႔လက္ထက္ ၁၄ ရာစုႏွစ္ေႏွာင္းပိုင္းခရစ္ႏွစ္ ၁၃၈၄ ခုႏွစ္မွစတင္၍၁၅ ရာစုႏွစ္ဦးပိုင္းအထိ ႏွစ္ေပါင္း(၄၀)ၾကာျမင့္ခဲ့သည့္ စစ္ပြဲႀကီးျဖစ္ပါသည္။

အႏွစ္(၄၀)စစ္ပြဲႀကီးဟု ရာဇဝင္ဆရာတို႔ ေရးထိုးခဲ့ၾကေသာ္လည္း တစ္ဆက္တည္းစစ္ျဖစ္ေနျခင္းမဟုတ္ပဲ စစ္ကိုရပ္နားလိုက္ ျပန္ျဖစ္လိုက္ႏွင့္ ႏွစ္ေပါင္း (၄၀)ၾကာျမင့္ခဲ့ျခင္းျဖစ္ပါသည္။

၎ႏွစ္(၄၀)စစ္ပြဲႀကီးသည္ ဟံသာဝတီတြင္ ဗညားႏြဲ႕မွ ရာဇဓိရာဇ္ဘြဲ႕ခံကာ နန္းတက္ခဲ့သျဖင့္ ၎၏ဦးရီးေတာ္ ေျမာင္းျမစားေလာက္ဖ်ားမွ မေက်နပ္ျခင္းေၾကာင့္ မင္းႀကီးစြာေစာ္ကဲဆီစစ္ကူေတာင္းကာ စတင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ပါသည္။

မင္း ႀကီးစြာေစာ္ကဲကြယ္လြန္ၿပီးေနာက္ သားေတာ္ဘုရင္မင္းေခါင္မွ နန္းတက္လာခဲ့ပါသည္။ ဘုရင္မင္းေခါင္ႏွင့္ ရာဇဓိရာဇ္တို႔သည္ အ ႏွစ္ (၄၀) စစ္တြင္ အဓိကတိုက္ခိုက္ခဲ့ၾကေသာ စစ္ဘုရင္ႏွစ္ပါးလည္းျဖစ္ပါသည္။

၎ဘုရင္ႏွစ္ပါးလက္ထက္တြင္ ျမန္မာ့ရာဇဝင္တြင္နာမည္ေက်ာ္သူရဲ ေကာင္းမ်ားျဖစ္သည့္ မင္းရဲေက်ာ္စြာ၊ ဖိုးရာဇာ၊ မိုးညႇင္းသတိုးစသည့္သူရဲေကာင္းမ်ားေပၚထြက္လာသကဲ့သို႔ မြန္ရာဇဝင္တြင္လည္း နာမည္ေက်ာ္သူရဲေကာင္းမ်ားျဖစ္သည့္ ဗိုလ္မင္းျဗတ္ဇ၊ အမတ္ဒိန္၊ လဂြန္းအိမ္၊ သမိန္ဗရမ္းစေသာသူရဲေကာင္းမ်ားေပၚထြက္လာခဲ့ပါ သည္။

ဘုရင္မင္းေခါင္ႏွင့္ ရာဇဓိရာဇ္တို႔ႏွစ္ဦးကြယ္လြန္ၿပီးေနာက္ ဆင္ျဖဴရွင္သီဟသူသည္ ဟံသာဝတီသို႔တိုက္ခိုက္ရန္ ထပ္မံ၍ခ်ီတက္လာ ခဲ့ပါသည္။၎အခ်ိန္တြင္ ဟံသာဝတီေနျပည္ေတာ္တြင္ နိုင္ငံအတြင္းၿမိဳ႕စားမ်ားအသီးသီးမညီမညြတ္ျဖစ္ ေနေသာေၾကာင့္ အင္းဝတပ္မ်ားအား ခုခံနိုင္ျခင္းမရွိသျဖင့္

ဟံသာဝတီမင္းဗညားရမ္းမွ ျပႆာဒ္ႀကီး(၃)ေဆာင္ေဆာက္လုပ္၍ ျပႆာဒ္ထဲတြင္၎၏ႏွမေတာ္ျဖစ္သည့္ ရွင္ေစာပု(ေနာင္တြင္ ဟံသာဝတီဘုရင္မႀကီးရွင္ေစာပု)အားေနေစလၽွက္ “ႀတိဘုဝနာဒိတ် ျပဝရအတုလ အဂၢမဟာ ဓမၼရာဇာဓိရာဇ မဟာေဒဝီ” ဟူေသာဘြဲ႕အမည္ကိုခံယူေစၿပီးလၽွင္မိဖုရားႀကီးတို႔၏ အေဆာင္အေယာင္မ်ားကို ဆင္ျမန္းေစ၍ မြန္အမတ္တို႔ဝန္းရံၿပီး အင္းဝမင္းထံဆက္သလိုက္ရေလသည္။

ရွင္ေစာပုသည္ အလြန္ႏူးညံသိမ္ေမြ႕ေသာအမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး ႐ုပ္အဆင္းအလြန္လွပေသာအမ်ိဳးသမီးျဖစ္ေသာေၾကာင့္ ဆင္ျဖဴရွင္သီဟသူမင္းမွ အလြန္ခ်စ္ ျမတ္နိုး၍ ၎၏ေဖာင္ေတာ္မွလက္ကမ္းႀကိဳကာ အင္းဝသို႔ေခၚေဆာင္သြားၿပီး မိဖုရားႀကီးအျဖစ္ထားရွိ လိုက္ပါေတာ့သည္။

ဤသို႔ျဖင့္ ဘုရင္မႀကီးရွင္ေစာပုျဖစ္လာမည့္ အမ်ိဳးသမီးေလးရွင္ေစာပုကိုခ်စ္ျမတ္နိုးသျဖင့္ အင္းဝမွ ဟံသာဝတီသို႔ေနာက္ထပ္တစ္ႀကိမ္စစ္ျပဳျခင္းမျပဳေတာ့ပဲ ႏွစ္ေပါင္း(၄၀)ၾကာျဖစ္ပြားေနေသာ စစ္ပြဲႀကီးကိုအဆုံး သတ္ခဲ့ၾကပါသည္။

မိဖုရားႀကီးရွင္ေစာပုသည္ ဆင္ျဖဴရွင္သီဟသူမင္းကြယ္လြန္ၿပီးေနာက္ မင္းလွငယ္မင္း၊ ေတာင္ညိဳမင္း၊ မိုးညႇင္းမင္းတရားတို႔လက္ထက္တြင္လည္း မိဖုရားႀကီးအျဖစ္ အ ဆက္ဆက္ခ်ီးေျမႇာက္ျခင္း ခံခဲ့ရၿပီးမိဖုရားႀကီးအျဖစ္ခ်ီးေျမႇာက္ျခင္းခံခဲ့ရသည့္ (၇)ႏွစ္တာကာလအတြင္း အင္းဝတြင္မေပ်ာ္ပဲ ဒဂုံဆံေတာ္ရွင္ေစတီသို႔ အျမဲတစ္ေစသြားေရာက္၍ ဥဳပုသ္ေစာင့္တည္၍သာေနတတ္ပါသည္။

မိုးညႇင္းမင္းတရားလက္ထက္တြင္ ဟံသာဝတီမွႂကြေရာက္လာသည့္ မြန္ရဟန္းႏွစ္ပါးႏွင့္တိုင္ပင္ကာ ျမန္မာသကၠရာဇ္ ၇၉၁ ခုႏွစ္တြင္ ဟံသာဝတီသို႔ထြက္ေျပးလြတ္ေျမာက္သြားပါသည္။ထိုအခ်ိန္တြင္ ဟံသာဝတီတြင္ ၎၏အကို ဗညားရန္းနန္းတက္ဆဲကာလျဖစ္ၿပီး မြန္ဘုရင္မွ နန္းေတာ္ထဲတြင္ နန္းေဆာင္တစ္ေဆာင္ေဆာက္ လုပ္၍ ေနထိုင္ေစပါသည္။

ဗညားရမ္းကြယ္လြန္ၿပီးေနာက္ ရွင္ေစာပု၏ သားေတာ္နန္းတက္လာၿပီး (ပထမဆုံးအိမ္ေထာင္ျဖစ္သည့္ သမိန္စည္သူႏွင့္ရေသာသားျဖစ္သည္ အင္းဝသားမဟုတ္ပါ)၊ ေမာင္ေတာ္ႏွင့္တူေတာ္တို႔ တစ္ဦးကိုတစ္ဦးလုပ္ႀကံၾကကာအဆင့္ဆင့္နန္းတက္ၾကၿပီးရွင္ေစာပု၏တူေတာ္လြတ္မြတ္ေထာ္မင္းသည္ မင္းက်င့္တရားႏွင့္အညီ မေနေသာေၾကာင့္ မႉးမတ္တို႔မွလုပ္ႀကံသျဖင့္ ျမန္မာသကၠရာဇ္ (၈၁၄)ခုႏွစ္တြင္ ဘုရင္မႀကီးရွင္ေစာပုသည္ ဟံသာဝတီတြင္ နန္းတက္ခဲ့ကာျမန္မာ့သမိုင္းတြင္ တစ္ဦးတည္းေသာဘုရင္ မႀကီးျဖစ္လာခဲ့ပါသည္။

ဤသို႔ျဖင့္ အင္းဝ-ဟံသာဝတီ အႏွစ္ ၄၀ စစ္ပြဲႀကီးသည္ ဘုရင္မႀကီးရွင္ေစာပု၏အလွေၾကာင့္ အဆုံးသတ္ခဲ့ရပါသည္။

Credit – ဦးနတ္ရဲ – စစ္သမိုင္းမ်ားႏွင့္ စစ္လက္နက္မ်ား

unicode

ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာဖြစ်ပွားခဲ့သောစစ်ပွဲကြီးများစွာရှိပါသည်။ ၎င်းတို့ထဲတွင် ကမ္ဘာအကြာဆုံးစစ်ပွဲကြီးမှာ ခရစ်နှစ် ၇၁၁ ခုနှစ်မှ ခရစ်နှစ် ၁၄၉၂ ခုနှစ်အထိ နှစ်ပေါင်း ၇၈၁ နှစ်တိတိကြာမြင့်ခဲ့ပြီးခရစ်ယာန်ဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များအကြားဖြစ်ပွားခဲ့သည့် ဘာသာရေးစစ်ပွဲကြီး Iberian Religious Wars ဖြစ်ပါသည်။

မြန်မာ့သမိုင်းတစ်လျှောက်ထိုမျှကာလရှည်လျားလှသောစစ်ပွဲကြီးမရှိခဲ့သော်လည်း မြန်မာ့သမိုင်းတွင် အရှည်ဆုံးစစ်ပွဲတစ်ပွဲအဖြစ် အင်းဝ-ဟံသာဝတီစစ်ပွဲသည် နာမည်ကျော်ကြားလှပါသည်။

အင်းဝ-ဟံသာဝတီစစ်ပွဲကြီးသည် အင်းဝဘုရင်မင်းကြီးစွာစော်ကဲနှင့် မြန်မာ့သမိုင်းတွင်နာမည်ကြီးပုဂ္ဂိုလ် ရာဇဓိရာဇ်(ဗညားနွဲ့)တို့လက်ထက် ၁၄ ရာစုနှစ်နှောင်းပိုင်းခရစ်နှစ် ၁၃၈၄ ခုနှစ်မှစတင်၍၁၅ ရာစုနှစ်ဦးပိုင်းအထိ နှစ်ပေါင်း(၄၀)ကြာမြင့်ခဲ့သည့် စစ်ပွဲကြီးဖြစ်ပါသည်။

အနှစ်(၄၀)စစ်ပွဲကြီးဟု ရာဇဝင်ဆရာတို့ ရေးထိုးခဲ့ကြသော်လည်း တစ်ဆက်တည်းစစ်ဖြစ်နေခြင်းမဟုတ်ပဲ စစ်ကိုရပ်နားလိုက် ပြန်ဖြစ်လိုက်နှင့် နှစ်ပေါင်း (၄၀)ကြာမြင့်ခဲ့ခြင်းဖြစ်ပါသည်။

၎င်းနှစ်(၄၀)စစ်ပွဲကြီးသည် ဟံသာဝတီတွင် ဗညားနွဲ့မှ ရာဇဓိရာဇ်ဘွဲ့ခံကာ နန်းတက်ခဲ့သဖြင့် ၎င်း၏ဦးရီးတော် မြောင်းမြစားလောက်ဖျားမှ မကျေနပ်ခြင်းကြောင့် မင်းကြီးစွာစော်ကဲဆီစစ်ကူတောင်းကာ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။

မင်း ကြီးစွာစော်ကဲကွယ်လွန်ပြီးနောက် သားတော်ဘုရင်မင်းခေါင်မှ နန်းတက်လာခဲ့ပါသည်။ ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့သည် အ နှစ် (၄၀) စစ်တွင် အဓိကတိုက်ခိုက်ခဲ့ကြသော စစ်ဘုရင်နှစ်ပါးလည်းဖြစ်ပါသည်။

၎င်းဘုရင်နှစ်ပါးလက်ထက်တွင် မြန်မာ့ရာဇဝင်တွင်နာမည်ကျော်သူရဲ ကောင်းများဖြစ်သည့် မင်းရဲကျော်စွာ၊ ဖိုးရာဇာ၊ မိုးညှင်းသတိုးစသည့်သူရဲကောင်းများပေါ်ထွက်လာသကဲ့သို့ မွန်ရာဇဝင်တွင်လည်း နာမည်ကျော်သူရဲကောင်းများဖြစ်သည့် ဗိုလ်မင်းဗြတ်ဇ၊ အမတ်ဒိန်၊ လဂွန်းအိမ်၊ သမိန်ဗရမ်းစသောသူရဲကောင်းများပေါ်ထွက်လာခဲ့ပါ သည်။

ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့နှစ်ဦးကွယ်လွန်ပြီးနောက် ဆင်ဖြူရှင်သီဟသူသည် ဟံသာဝတီသို့တိုက်ခိုက်ရန် ထပ်မံ၍ချီတက်လာ ခဲ့ပါသည်။၎င်းအချိန်တွင် ဟံသာဝတီနေပြည်တော်တွင် နိုင်ငံအတွင်းမြို့စားများအသီးသီးမညီမညွတ်ဖြစ် နေသောကြောင့် အင်းဝတပ်များအား ခုခံနိုင်ခြင်းမရှိသဖြင့်

ဟံသာဝတီမင်းဗညားရမ်းမှ ပြဿာဒ်ကြီး(၃)ဆောင်ဆောက်လုပ်၍ ပြဿာဒ်ထဲတွင်၎င်း၏နှမတော်ဖြစ်သည့် ရှင်စောပု(နောင်တွင် ဟံသာဝတီဘုရင်မကြီးရှင်စောပု)အားနေစေလျှက် “တြိဘုဝနာဒိတျ ပြဝရအတုလ အဂ္ဂမဟာ ဓမ္မရာဇာဓိရာဇ မဟာဒေဝီ” ဟူသောဘွဲ့အမည်ကိုခံယူစေပြီးလျှင်မိဖုရားကြီးတို့၏ အဆောင်အယောင်များကို ဆင်မြန်းစေ၍ မွန်အမတ်တို့ဝန်းရံပြီး အင်းဝမင်းထံဆက်သလိုက်ရလေသည်။

ရှင်စောပုသည် အလွန်နူးညံသိမ်မွေ့သောအမျိုးသမီးတစ်ဦးဖြစ်ပြီး ရုပ်အဆင်းအလွန်လှပသောအမျိုးသမီးဖြစ်သောကြောင့် ဆင်ဖြူရှင်သီဟသူမင်းမှ အလွန်ချစ် မြတ်နိုး၍ ၎င်း၏ဖောင်တော်မှလက်ကမ်းကြိုကာ အင်းဝသို့ခေါ်ဆောင်သွားပြီး မိဖုရားကြီးအဖြစ်ထားရှိ လိုက်ပါတော့သည်။

ဤသို့ဖြင့် ဘုရင်မကြီးရှင်စောပုဖြစ်လာမည့် အမျိုးသမီးလေးရှင်စောပုကိုချစ်မြတ်နိုးသဖြင့် အင်းဝမှ ဟံသာဝတီသို့နောက်ထပ်တစ်ကြိမ်စစ်ပြုခြင်းမပြုတော့ပဲ နှစ်ပေါင်း(၄၀)ကြာဖြစ်ပွားနေသော စစ်ပွဲကြီးကိုအဆုံး သတ်ခဲ့ကြပါသည်။

မိဖုရားကြီးရှင်စောပုသည် ဆင်ဖြူရှင်သီဟသူမင်းကွယ်လွန်ပြီးနောက် မင်းလှငယ်မင်း၊ တောင်ညိုမင်း၊ မိုးညှင်းမင်းတရားတို့လက်ထက်တွင်လည်း မိဖုရားကြီးအဖြစ် အ ဆက်ဆက်ချီးမြှောက်ခြင်း ခံခဲ့ရပြီးမိဖုရားကြီးအဖြစ်ချီးမြှောက်ခြင်းခံခဲ့ရသည့် (၇)နှစ်တာကာလအတွင်း အင်းဝတွင်မပျော်ပဲ ဒဂုံဆံတော်ရှင်စေတီသို့ အမြဲတစ်စေသွားရောက်၍ ဥုပုသ်စောင့်တည်၍သာနေတတ်ပါသည်။

မိုးညှင်းမင်းတရားလက်ထက်တွင် ဟံသာဝတီမှကြွရောက်လာသည့် မွန်ရဟန်းနှစ်ပါးနှင့်တိုင်ပင်ကာ မြန်မာသက္ကရာဇ် ၇၉၁ ခုနှစ်တွင် ဟံသာဝတီသို့ထွက်ပြေးလွတ်မြောက်သွားပါသည်။ထိုအချိန်တွင် ဟံသာဝတီတွင် ၎င်း၏အကို ဗညားရန်းနန်းတက်ဆဲကာလဖြစ်ပြီး မွန်ဘုရင်မှ နန်းတော်ထဲတွင် နန်းဆောင်တစ်ဆောင်ဆောက် လုပ်၍ နေထိုင်စေပါသည်။

ဗညားရမ်းကွယ်လွန်ပြီးနောက် ရှင်စောပု၏ သားတော်နန်းတက်လာပြီး (ပထမဆုံးအိမ်ထောင်ဖြစ်သည့် သမိန်စည်သူနှင့်ရသောသားဖြစ်သည် အင်းဝသားမဟုတ်ပါ)၊ မောင်တော်နှင့်တူတော်တို့ တစ်ဦးကိုတစ်ဦးလုပ်ကြံကြကာအဆင့်ဆင့်နန်းတက်ကြပြီးရှင်စောပု၏တူတော်လွတ်မွတ်ထော်မင်းသည် မင်းကျင့်တရားနှင့်အညီ မနေသောကြောင့် မှူးမတ်တို့မှလုပ်ကြံသဖြင့် မြန်မာသက္ကရာဇ် (၈၁၄)ခုနှစ်တွင် ဘုရင်မကြီးရှင်စောပုသည် ဟံသာဝတီတွင် နန်းတက်ခဲ့ကာမြန်မာ့သမိုင်းတွင် တစ်ဦးတည်းသောဘုရင် မကြီးဖြစ်လာခဲ့ပါသည်။

ဤသို့ဖြင့် အင်းဝ-ဟံသာဝတီ အနှစ် ၄၀ စစ်ပွဲကြီးသည် ဘုရင်မကြီးရှင်စောပု၏အလှကြောင့် အဆုံးသတ်ခဲ့ရပါသည်။

Credit – ဦးနတ်ရဲ – စစ်သမိုင်းများနှင့် စစ်လက်နက်များ