အေမရိကန္အပါအဝင္ ၄ ႏိုင္ငံ ျမန္မာေရပိုင္နက္ အနီး စစ္ေရးျပ

အေမရိကန္အပါအဝင္ ၄ႏိုင္ငံပါဝင္သည့္ Quad အဖြဲ႕ ျမန္မာေရပိုင္နက္အနီး စစ္ေရးေလ့က်င့္

အေမရိကန္၊ အိႏၵိယ၊ ဂ်ပန္နဲ႔ ၾသစေၾတးလ်ႏိုင္ငံတို႔ပါဝင္သည့္ Quad အဖြဲ႕သည္ ျမန္မာေရပိုင္နက္အနီးမွာ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္လ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။

အဆိုပါ ၄ႏိုင္ငံပါဝင္သည့္ Quad အဖြဲ႕သည္ ေအာက္တိုဘာလ ၁၂ရက္ေန႔မွစတင္ကာ ျမန္မာႏိုင္ငံ ေရပိုင္နက္အနီး ဘဂၤလားပင္လယ္ေအာ္မွာ Malabar 21 ဟုအမည္ ေပးထားသည့္ စစ္ေရးေလ့က်င့္မႈ ဒုတိယအဆင့္ကို ျပဳလုပ္လ်က္ရွိတာျဖစ္ပါတယ္။

ထို Quad အဖြဲ႕ရဲ႕ စစ္ေရးေလ့က်င့္မႈ ဒုတိယအဆင့္ကို အေမရိကန္က ေလယာဥ္တင္ သေဘၤာႀကီး USS Carl Vinson က ဦးေဆာင္ကာ က်န္အဖြဲ႕ဝင္ႏိုင္ငံမ်ားကလည္း ေရတပ္စစ္သေဘၤာမ်ားျဖင့္ ပူးေပါင္းပါဝင္ ျပဳလုပ္လ်က္ရွိတယ္လို႔ ဆိုပါတယ္။

ဒါ့ျပင္ Quad အဖြဲ႕ရဲ႕ စစ္ေရးေလ့က်င့္မႈကို ေအာက္တိုဘာလ ၁၂ရက္ေန႔မွ ေအာက္တိုဘာလ ၁၅ရက္အထိ ျပဳလုပ္သြားမွာျဖစ္ၿပီး စစ္ေရးေလ့က်င့္မႈမွာ အိႏၵိယေရတပ္၊ အေမရိကန္ေရတပ္၊ ၾသစေၾတးလ်ေတာ္ဝင္ေရတပ္နဲ႔ ဂ်ပန္ေရေၾကာင္းကိုယ္ပိုင္ကာကြယ္ေရးတပ္တို႔ ပါဝင္ေၾကာင္း သိရပါတယ္။

ထို႔ေနာက္ စစ္ေရးေလ့က်င့္မႈအတြင္း ေရငုပ္သေဘၤာမ်ားလည္း ပါဝင္မွာျဖစ္တယ္လို႔ အိႏၵိယေရတပ္က သတင္းထုတ္ျပန္ထားကာ စစ္ေရးေလ့က်င့္မႈ ပထမအဆင့္ကို ဖိလစ္ပိုင္ပင္လယ္ျပင္မွာ ၿပီးခဲ့သည့္လက က်င္းပျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

MyanmaPlatform

Unicode

အမေရိကန်အပါအဝင် ၄ နိုင်ငံ မြန်မာရေပိုင်နက် အနီး စစ်ရေးပြ

အမေရိကန်အပါအဝင် ၄နိုင်ငံပါဝင်သည့် Quad အဖွဲ့ မြန်မာရေပိုင်နက်အနီး စစ်ရေးလေ့ကျင့်

အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့ပါဝင်သည့် Quad အဖွဲ့သည် မြန်မာရေပိုင်နက်အနီးမှာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

အဆိုပါ ၄နိုင်ငံပါဝင်သည့် Quad အဖွဲ့သည် အောက်တိုဘာလ ၁၂ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံ ရေပိုင်နက်အနီး ဘင်္ဂလားပင်လယ်အော်မှာ Malabar 21 ဟုအမည် ပေးထားသည့် စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို ပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။

ထို Quad အဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို အမေရိကန်က လေယာဉ်တင် သင်္ဘောကြီး USS Carl Vinson က ဦးဆောင်ကာ ကျန်အဖွဲ့ဝင်နိုင်ငံများကလည်း ရေတပ်စစ်သင်္ဘောများဖြင့် ပူးပေါင်းပါဝင် ပြုလုပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် Quad အဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလ ၁၂ရက်နေ့မှ အောက်တိုဘာလ ၁၅ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယရေတပ်၊ အမေရိကန်ရေတပ်၊ သြစတြေးလျတော်ဝင်ရေတပ်နဲ့ ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်တို့ ပါဝင်ကြောင်း သိရပါတယ်။

ထို့နောက် စစ်ရေးလေ့ကျင့်မှုအတွင်း ရေငုပ်သင်္ဘောများလည်း ပါဝင်မှာဖြစ်တယ်လို့ အိန္ဒိယရေတပ်က သတင်းထုတ်ပြန်ထားကာ စစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ပြီးခဲ့သည့်လက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

MyanmaPlatform