
ဧရာဝတီတိုင်းမ်

အောက်တိုဘာ ၁၃ရက်










unicode

စစ်တပ်သတင်းပေး Non-CDM မီးရထားပြန်ကြား ရေးဝန်ထမ်းတဦး သေနတ် ဖြင့်ပစ်သတ်ခံရ

ဧရာဝတီတိုင်းမ်

အောက်တိုဘာ ၁၃ရက်

ရန်ကုန်တိုင်း မဂ်လာတောင်ညွှန့်မြို့နယ် ဗိုလ်မင်းရောင်လမ်း သိမ်ဖြူမီးပွှိုင့်တွင် ယနေ့နံက် ၉ နာရီခန့်တွင် မီးရထားပြန်ကြားရေးဝန်ထမ်း

ထိန်ဝင်းဆိုသူသေနတ်ဖြင့် အပစ်ခံပြီးနေရာတင်ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ထိန်ဝင်းဆိုသူမှာ မြန်မာမီးရထား ပြန်ကြားရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး “မောင် ” အမည်ဖြင့်ဖေ့ဘုတ်အကောက်ဖွင့်ကာ လူမှု့ကွန်ယက်စာမျက်နှာတွင်

စာရေးသားသူဖြစ်ပြီး မီးရထားသတင်းပြန်ကြားရေးလည်းဖြစ်သည်ဟု သိရသည်။

“မီးရထားဝန်ထမ်း သတင်းပြန်ကြားရေးလုပ်ပြီး Non- CDM တယောက်ပါ အဓိက ကတော့ မီရထားဝန်းအတွင်း CDM ဝင်ထားသော

ဝန်ထမ်းတွေကိုနေအိမ်များမှ အတင်းအကြပ် ပြောင်းရွှေ့ခိုင်းတုန်းက CDM လုပ်တဲ့ ဦးဆောင်သူ အမည်စာရင်းတွေကို စစ်ကောင်စီသို့

သတင်းပေးပို့နေသူဟု CDM ဝန်ထမ်းတွေက မှန်ချက်ပြုထားသူဖြစ်တယ် “ဟု CDM ဝင်ထားသူတဦးကပြေားပါတယ်။

အမည်မသိလက်နက်ကိုင်အဖွဲ့က အဆိုပါစစ်ကောင်စီ သတင်းပေး Non-CDM မီးရထားဝန်ထမ်းကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးနောက်

စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးနေကြောင်း ဒေသခံများထံက သိရပါတယ်။