ပိုင္တံခြန္ အျမန္ဆုံးလြတ္ ေျမာက္ဖို႔ ကမာၻက သိေအာင္ လုပ္ေပးလိုက္တဲ့ ကေမာၻဒီးယားအလွမယ္

ပိုင္တံခြန္အျမန္ဆုံး ျပန္လည္လြတ္ေျမာက္ဖို႔အတြက္ ကမာၻကသိေအာင္ ေျပာျပေပးခဲ့တဲ့ ကေမာၻဒီးယားအလွမယ္ Sothida Pokimtheng

ႏိုင္ငံေက်ာ္ ေမာ္ဒယ္၊ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ပိုင္တံခြန္က ရွည္လ်ားတဲ့ အရပ္အေမာင္းနဲ႔ ေယာက်ာ္းဆန္တဲ့ မ်က္ႏွာေၾကာင့္ မိန္းကေလးပရိသတ္ေတြရဲ႕ အသည္းစြဲမင္းသားေလးတစ္ဦး ျဖစ္ေနတာပဲ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာသာမက အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာ Fan Meeting ျပဳလုပ္ရတဲ့အထိ ေအာင္ျမင္တဲ့ ပိုင္တံခြန္ က ဂ်ပန္ ၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္ စတဲ့ အာရွႏိုင္ငံမ်ားအျပင္ ဘရာဇီး ၊ ၾသစေတးလ် ၊ ဂ်ာမနီ စတဲ့ အေနာက္တိုင္း ႏိုင္ငံေတြအထိပါ ပရိတ္သတ္ေတြ အားေပးတာကို ခံခဲ့ရတဲ့ မင္းသားတစ္ဦးျဖစ္ပါတယ္။

ပိုင္တံခြန္ကေတာ့ ဒီအေရးေတာ္ပုံႀကီး စတင္ထဲက အားႀကိဳးမာန္တတ္နဲ႔လမ္းေပၚထြက္ကာ ရဲရဲရင့္ရင့္ ဆႏၵထုတ္ေဖာ္ခဲ့သူတစ္ေယာက္ျဖစ္သလို ျပည္သူေတြကိုလည္းေရွ႕ကေန ကာကြယ္ ေစာင့္ေရွာက္ေပးမႈ ေတြလည္း ျပဳလုပ္ခဲ့ပါေသးတယ္။

အခုလက္ရွိမွာေတာ့ ပိုင္တံခြန္က ေႏြဦးေတာ္လွန္ေရးမွာ အမွန္တရားဘက္က ရပ္တည္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅ (က)နဲ႔ ဧၿပီလ (၇)ရက္ေန႔က အင္းစိန္ေထာင္မွာ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံခဲ့ရပါတယ္။

ဒါေၾကာင့္လည္း ခ်စ္ရတဲ့ မိသားစုနဲ႔ ပရိသတ္ေတြက ပိုင္တံခြန္ကို အျမန္ဆုံး လြတ္ေျမာက္လာဖို႔ကို ရင္ခုန္စြာနဲ႔ ေမွ်ာ္လင့္ေနသလို

ယေန႔အထိလည္း သူ႔အတြက္ ခ်စ္ရတဲ့ ပရိသတ္ေတြက ဆုေတာင္းေပးတာေတြ အလႉေလးေတြလည္း ျပဳလုပ္ေပးေနၾကပါတယ္။

ကေမာၻဒီးယားအလွမယ္ Sothida ကလည္း ပိုင္တံခြန္အျမန္ဆုံးျပန္လည္လြတ္ဖို႔နဲ႔ ျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတာေတြကို ကမာၻႀကီးကသိေစဖို႔ speak out လုပ္ေပးခဲ့တာဘဲျဖစ္ပါတယ္။

သူမဟာ “ပိုင္တံခြန္” နဲ႔အတူ ႐ုတ္ရွင္ဇာတ္ကားႀကီးတစ္ခုအတြက္ ႐ိုက္ကူးဖို႔ ျပဳလုပ္ထားသူျဖစ္ၿပီး ျမန္မာ့အေရးကိုလည္း

အရင္တည္းက SpeakOut လုပ္ေပးခဲ့သလို စက္တင္ဘာလ (၁၀) ရက္ေန႔ မေန႔က Miss Grand Cambodia 2021ၿပိဳင္ပြဲႀကီးမွာလည္း ျမန္မာ့အေရးနဲ႔ပတ္သတ္ၿပီးတတ္စြမ္းသေလာက္ SpeakOut လုပ္ေပးခဲ့ပါေသးတယ္။

ျမန္မာ့ပရိတ္သတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို တခဲနက္ရရွိခဲ့ထားတဲ့ သူမဟာ ကမာၻဒီးယားႏိုင္ငံရဲ႕ မင္းသမီးေလးတစ္ဦးျဖစ္ၿပီး ဗမာစကားကိုလည္း ေျပာဆိုတတ္သူလည္း ျဖစ္ပါတယ္။

Miss Universe Cambodia 2019 မွာလည္းယွဥ္ၿပိဳင္ခဲ့ၿပီး 3rd Runnerup ထိ တက္လွမ္းႏိုင္ခဲ့ပါတယ္။

MissTourismWorld 3rd Runnerup ထိတက္လွမ္းခဲ့ၿပီးMiss Grand International (Cambodia) ပြဲႀကီးကိုေတာ့

2016 မွာတစ္ႀကိမ္, 2017 မွာတစ္ႀကိမ္နဲ႔ 2021 ခုႏွစ္မွာ (၃ႀကိမ္ေျမာက္) ထပ္မံယွဥ္ၿပိဳင္ၿပီးWinner ဆုကိုထိုက္တန္စြာ ရရွိခဲ့တာပဲျဖစ္ပါတယ္။

Credit

Unicode

ပိုင်တံခွန် အမြန်ဆုံးလွတ် မြောက်ဖို့ ကမ္ဘာက သိအောင် လုပ်ပေးလိုက်တဲ့ ကမ္ဘောဒီးယားအလှမယ်

ပိုင်တံခွန်အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့အတွက် ကမ္ဘာကသိအောင် ပြောပြပေးခဲ့တဲ့ ကမ္ဘောဒီးယားအလှမယ် Sothida Pokimtheng

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာသာမက အိမ်နီးချင်း ထိုင်းနိုင်ငံမှာ Fan Meeting ပြုလုပ်ရတဲ့အထိ အောင်မြင်တဲ့ ပိုင်တံခွန် က ဂျပန် ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ အာရှနိုင်ငံများအပြင် ဘရာဇီး ၊ သြစတေးလျ ၊ ဂျာမနီ စတဲ့ အနောက်တိုင်း နိုင်ငံတွေအထိပါ ပရိတ်သတ်တွေ အားပေးတာကို ခံခဲ့ရတဲ့ မင်းသားတစ်ဦးဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီး စတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ် စောင့်ရှောက်ပေးမှု တွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

အခုလက်ရှိမှာတော့ ပိုင်တံခွန်က နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်က ရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ဧပြီလ (၇)ရက်နေ့က အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါတယ်။

ဒါကြောင့်လည်း ချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်တွေက ပိုင်တံခွန်ကို အမြန်ဆုံး လွတ်မြောက်လာဖို့ကို ရင်ခုန်စွာနဲ့ မျှော်လင့်နေသလို

ယနေ့အထိလည်း သူ့အတွက် ချစ်ရတဲ့ ပရိသတ်တွေက ဆုတောင်းပေးတာတွေ အလှူလေးတွေလည်း ပြုလုပ်ပေးနေကြပါတယ်။

ကမ္ဘောဒီးယားအလှမယ် Sothida ကလည်း ပိုင်တံခွန်အမြန်ဆုံးပြန်လည်လွတ်ဖို့နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာကြီးကသိစေဖို့ speak out လုပ်ပေးခဲ့တာဘဲဖြစ်ပါတယ်။

သူမဟာ “ပိုင်တံခွန်” နဲ့အတူ ရုတ်ရှင်ဇာတ်ကားကြီးတစ်ခုအတွက် ရိုက်ကူးဖို့ ပြုလုပ်ထားသူဖြစ်ပြီး မြန်မာ့အရေးကိုလည်း

အရင်တည်းက SpeakOut လုပ်ပေးခဲ့သလို စက်တင်ဘာလ (၁၀) ရက်နေ့ မနေ့က Miss Grand Cambodia 2021ပြိုင်ပွဲကြီးမှာလည်း မြန်မာ့အရေးနဲ့ပတ်သတ်ပြီးတတ်စွမ်းသလောက် SpeakOut လုပ်ပေးခဲ့ပါသေးတယ်။

မြန်မာ့ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တခဲနက်ရရှိခဲ့ထားတဲ့ သူမဟာ ကမ္ဘာဒီးယားနိုင်ငံရဲ့ မင်းသမီးလေးတစ်ဦးဖြစ်ပြီး ဗမာစကားကိုလည်း ပြောဆိုတတ်သူလည်း ဖြစ်ပါတယ်။

Miss Universe Cambodia 2019 မှာလည်းယှဉ်ပြိုင်ခဲ့ပြီး 3rd Runnerup ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

MissTourismWorld 3rd Runnerup ထိတက်လှမ်းခဲ့ပြီးMiss Grand International (Cambodia) ပွဲကြီးကိုတော့

2016 မှာတစ်ကြိမ်, 2017 မှာတစ်ကြိမ်နဲ့ 2021 ခုနှစ်မှာ (၃ကြိမ်မြောက်) ထပ်မံယှဉ်ပြိုင်ပြီးWinner ဆုကိုထိုက်တန်စွာ ရရှိခဲ့တာပဲဖြစ်ပါတယ်။

Credit