ကြားသိရသမျှ

ဖလမ်းပြည်သူ့ဆေးရုံက ဆရာဝန်ကြီး ကြိုး..ဆွဲ..ချ..ပြီး သေဆုံး

ဖလမ္းျပည္သူ႔ေဆး႐ုံက ဆရာဝန္ႀကီး ႀကိဳး..ဆြဲ..ခ်..ၿပီး ေသဆုံး

ခ်င္းျပည္နယ္ ၊ ဖလမ္းခ႐ိုင္ ၊ ဖလမ္းၿမိဳ႕ ၊ ျပည္သူ႔ေဆး႐ုံႀကီးမွာ ေဆး႐ုံးအုပ္ႀကီး တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာဝန္ႀကီးဟာ ဒီကေန႔ မနက္အေစာပိုင္းက

သူ႔ကိုယ္သူ ႀကိဳးဆြဲခ်ၿပီး သတ္ေသသြားတယ္လို႔ ဖလမ္းၿမိဳ႕ခံ လူမႈကူညီေရး အဖြဲ႕ေတြဆီက သိရပါတယ္။

” ဆရာဝန္ႀကီးက အသက္ ၄၁ ႏွစ္အ႐ြယ္ပဲရွိေသးတာပါ ၊ နာမည္က Dr.Tluang Cung Thang လို႔ေခၚတယ္ ၊ သူ႔အိမ္ထဲမွာပဲ ႀကိဳးဆြဲခ်ၿပီး ေသဆုံးေနတာပါ ၊

ဘာေၾကာင့္ အခုလို ႀကိဳးဆြဲခ် ေသဆုံးရတယ္ဆိုတာ မသိရဘူး ” လို႔ ခရစ္ယာန္ အသင္းေတာ္ေပါင္းစုံ လူမႈကူညီေရး အဖြဲ႕ ပရဟိတသမား တေယာက္က ေျပာပါတယ္။

ဒါ့အျပင္ ဖလမ္းၿမိဳ႕ခံ ဧဝံေဂလိ အသင္းေတာ္မွာရွိတဲ့ ေဒသခံတေယာက္က

” ဆရာဝန္ႀကီးက ဖလမ္းကိုေရာက္လာတာ သုံး ၊ ေလး ႏွစ္ရွိၿပီး ၊ အရမ္းသေဘာေကာင္းတယ္ ၊

ကိုဗစ္ကာလ ပထမလႈိင္းမွာ တုန္႔ျပန္ကာကြယ္ ထိန္းခ်ဳပ္ေရး လုပ္ငန္းေတြကို သူ႔ကိုယ္တိုင္ ၾကပ္ၾကပ္မတ္မတ္ ကြင္းဆင္းလုပ္ေပးခဲ့တယ္ ၊

ဘာေၾကာင့္ ေသဆုံးရတယ္ဆိုတာ မသိရေသးဘူး ၊ ခရစ္ယာန္ ဘာသာဝင္အမ်ားစုက ေသတမ္းစာ ေရးေလ့ ေရးထ ရွိၾကတယ္ ၊ ဘာေရးခဲ့မယ္ေတာ့ မသိေသးဘူး၊

ဒီကေန႔ပဲ ေန႔ခ်င္းၿပီး သူ႔အေလာင္းကို ဟားခါးၿမိဳ႕ဆီသယ္ယူပို႔ေဆာင္ဖို႔ လုပ္ေနၾကတာ ” လို႔ ေျပာပါတယ္။

အဲ့ဒီ ဆရာဝန္ႀကီး ႀကိဳးဆြဲခ် ေသဆုံးမႈနဲ႔ ပတ္သက္ၿပီး ဖလမ္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ေသမႈေသခင္းေရးဖြင့္ၿပီး မႈခင္းေဆးပညာအရ ဆက္လက္စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း စစ္ကိုင္းတိုင္း ၊ ေရဦးခ႐ိုင္ ၊ ေရဦးၿမိဳ႕ မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ယာယီ ဒုရဲမႉးႀကီးဟာ

သူ႔ကိုယ္သူ ေသနတ္နဲ႔ ပစ္သတ္ၿပီး ေသဆုံးသြားတာ ျဖစ္ခဲ့ပါေသးတယ္။

credit to orginal

unicode

ဖလမ်းပြည်သူ့ဆေးရုံက ဆရာဝန်ကြီး ကြိုး..ဆွဲ..ချ..ပြီး သေဆုံး

ချင်းပြည်နယ် ၊ ဖလမ်းခရိုင် ၊ ဖလမ်းမြို့ ၊ ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံးအုပ်ကြီး တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်ကြီးဟာ ဒီကနေ့ မနက်အစောပိုင်းက

သူ့ကိုယ်သူ ကြိုးဆွဲချပြီး သတ်သေသွားတယ်လို့ ဖလမ်းမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ဆရာဝန်ကြီးက အသက် ၄၁ နှစ်အရွယ်ပဲရှိသေးတာပါ ၊ နာမည်က Dr.Tluang Cung Thang လို့ခေါ်တယ် ၊ သူ့အိမ်ထဲမှာပဲ ကြိုးဆွဲချပြီး သေဆုံးနေတာပါ ၊

ဘာကြောင့် အခုလို ကြိုးဆွဲချ သေဆုံးရတယ်ဆိုတာ မသိရဘူး ” လို့ ခရစ်ယာန် အသင်းတော်ပေါင်းစုံ လူမှုကူညီရေး အဖွဲ့ ပရဟိတသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် ဖလမ်းမြို့ခံ ဧဝံဂေလိ အသင်းတော်မှာရှိတဲ့ ဒေသခံတယောက်က

” ဆရာဝန်ကြီးက ဖလမ်းကိုရောက်လာတာ သုံး ၊ လေး နှစ်ရှိပြီး ၊ အရမ်းသဘောကောင်းတယ် ၊

ကိုဗစ်ကာလ ပထမလှိုင်းမှာ တုန့်ပြန်ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းတွေကို သူ့ကိုယ်တိုင် ကြပ်ကြပ်မတ်မတ် ကွင်းဆင်းလုပ်ပေးခဲ့တယ် ၊

ဘာကြောင့် သေဆုံးရတယ်ဆိုတာ မသိရသေးဘူး ၊ ခရစ်ယာန် ဘာသာဝင်အများစုက သေတမ်းစာ ရေးလေ့ ရေးထ ရှိကြတယ် ၊ ဘာရေးခဲ့မယ်တော့ မသိသေးဘူး၊

ဒီကနေ့ပဲ နေ့ချင်းပြီး သူ့အလောင်းကို ဟားခါးမြို့ဆီသယ်ယူပို့ဆောင်ဖို့ လုပ်နေကြတာ ” လို့ ပြောပါတယ်။

အဲ့ဒီ ဆရာဝန်ကြီး ကြိုးဆွဲချ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့က သေမှုသေခင်းရေးဖွင့်ပြီး မှုခင်းဆေးပညာအရ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ ရေဦးမြို့ မှာ တာဝန်ထမ်းဆောင်နေတဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုရဲမှူးကြီးဟာ

သူ့ကိုယ်သူ သေနတ်နဲ့ ပစ်သတ်ပြီး သေဆုံးသွားတာ ဖြစ်ခဲ့ပါသေးတယ်။

credit to orginal

Leave a Reply

Your email address will not be published. Required fields are marked *