မိုးလေဝသ

ယနေ့ စတင်ဝင်ရောက် တိုက်ခိုက်မည့် တိုင်ဖွန်းမုန်တိုင်း နိုရူ သတင်း

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် တိုင်ဖွန်းမုန်တိုင်း“နိုရူ”အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ ခု၌ စက်တင် ဘာ ၂၈ ရက်(မနက်ဖြန်)မှစတင်၍ အောက်တိုဘာ ၂ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်း

ပြီlး လေ ပြင်းများတိုက်ခတ်မည်ဟု မြန်မာနိုင်ငံ မိုးလေဝ သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ခဲ့သည်။တိုင်ဖွန်းမုန်တိုင်း”နိုရူ”နှင့်ပတ်သက်၍ မိုးဇလက စက်တင်ဘာ ၂၇ ရက်(ယနေ့)နေ့လည် ၁ နာရီခွဲအ ချိန်က တိုင်းထွာရရှိ

ချက်များအား အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။တိုင်ဖွန်းမုန်တိုင်း“နိုရူ” အရှိန်ကြောင့် ရန်ကုန်တိုင်း၊နေပြည်တော်၊မကွေးတိုင်း၊ပဲခူးတိုင်း၊ဧရာဝတီ တိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ရခိုင်ပြည် နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နှင့်

မွန်ပြည် နယ်တို့တွင် နေရာအနှံ့အပြားမိုးသည်းထန်စွာရွာ သွန်း၍ လေပြင်းများတိုက်ခတ်နိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။အလားတူ မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊မွန်-တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင် လယ်ပြင်တို့

တွင်လည်း လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေခန့်အထိရှိသည့် တစ်နာရီလျင် ၃၅ မိုင်အထိရှိသော မိုးသက်လေပြင်းများ ကျရောက်နိုင်သည်ဟု သိရသည်။ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေ ပြင်းတိုက်ခတ်ခြင်း၊လျှပ်တစ်ပြက်

ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။ထို့ကြောင့် ကုန်းမြင့်ဒေသအနီးနေထိုင်သူများအ နေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့်

ရေကြီး၊ရေလျှံမှုများကို ကြိုတင်သတိပြုနေထိုင်ကာ ပြည်တွင်းရေကြောင်းသွားလာရေးနှင့်လေကြောင်းပျံသန်းရေးတို့အနေဖြင့်လည်း ကြိုတင်သတိပြုကြရန်အသိပေးထုတ်ပြန်ခဲ့သည်။

Unicode

Leave a Reply

Your email address will not be published. Required fields are marked *