ညဘက် ၁၂နာရီကျော်
ခွေးတွေ တအားဟောင်လို့ အိမ်တံခါးလေး အသာဟ ph screen မီးလေး ဖွင့်ပြီး လမ်းထဲကို ဘယ်သူဝင်လို့လဲ ဘာများဖြစ်လို့လဲ အသာလေး ချောင်းပြီး ခြံထဲ ဆင်းပြီး လမ်းကိုချောင်းကြည့်ရင်း လမ်းမပေါ်မှာ mask လေးအုပ်ထားပြီး ကျောပိုးအိတ် လေးလွယ် ဂျင်းဘောင်းဘီနဲ့ shoe လေးစီး ထားတဲ့ ညီလေးတစ်ယောက် သုတ်သုတ်နဲ့ လျောက်လာတာ မြင်ရတယ်
ကိုယ်လည်း ဘယ်သူဘယ်ဝါလဲ မီးကွင်းပစ်မဲ့သူလား ဒလံ လား ခွေးတွေ ယူနီဖောင်းလဲထားတာလား သေချာကြည့်ပြီး အကဲခပ်တော့ ကောင်လေးကလဲ ဟိုကြည်ဲ့ဒီကြည့်နဲ့ လက်ထဲကြည့်တော့ လက်ဗလာ လွယ်အိတ်ဘေးအိတ်ထဲကြည့်တော့ Royal D ဘူးလေး ထိုးထည့်ထားတယ် သူက တော့ ကိုယ့်မမြင် ကိုယ်ကသာ သူ့ကို သေချာချောင်းကြည့်နေမိတာ
သေချာကြည့်တော့မှ G Z မှ G Z ကလေး ဗျ ဒါနဲ့ကိုယ်လည်းစိုးရိမ်ပြီး မထူးပါဘူး ဆိုပြီး ခြံတံခါးအကွယ်က ခေါင်းပြူ ပြီး ညီလေး ညီလေး ဆိုပြီး အသံခပ်အုပ်အုပ်လေး နဲ့ အော်ခေါ်တော့ ဗျာ ဆိုပြီး ထူးသံနဲ့အတူ လှည့်လာတယ်
ဒါနဲ့ ကိုယ်လည်း ဟျောင့် ဒီချိန်ကြီး မင်းဘာလုပ်ဖို့လဲ ဆိုတော့ အကို ဆန္ဒထုတ်ဖော်ဖို့လေတဲ့ ကျွန်တော် ဘော်ဒါတွေလည်း ထွက်မှာ ဆိုတော့ ဘာလည်း Night strike လားဆိုတော့ ကြောင်ကြည့်နေလေရဲ့
မင်းကွာ မလည်မဝယ်နဲ့ ဒီချိန်ကြီးထွက်လာပြီး ဘာလုပ်ရမှန်းမသိကြောင်တောင်တောင်နဲ့ ဟိုသွားဒီသွား မလုပ်နဲ့ ခွေးဆွဲ ခံရမယ်ဟ
အခြေနေမကောင်းရင် အပစ်ခံရမယ် ဒီချိန်ဒီနား ဆန္ဒထုတ်ဖော်သူ မရှိဘူး မနက်ပိုင်းတောင် ဆန္ဒထွက်မပြတော့ဘူးလေ ဆိုတော့ တွေဝေပြီး ပြန်မေးတယ် အကို ကျွန်တော်တို့ နိုင်သွားပြီလားတဲ့
အာ လက်ရှိအခြေနေက ၅၀ / ၅၀ ပဲလို့ အကိုထင်တယ်ကွာ CRPH ကလည်း သူ့အလုပ်သူလုပ်တယ် ကမ္ဘာကလည်း သိနေပြီ UN က လည်း ဆောင်ရွက်နေပါတယ် ဆိုပြီး ကိုယ် သိသလောက်ပြောတော့ သူက အာ့ဆို ဆန္ဒ ပြသူ လှုပ်ရှားသူမရှိတော့ဘူးလား သံပုံးတွေရော တီးသေးရဲ့လားတဲ့ မေးခွန်းထုတ်လေရဲ့
ဒါနဲ့ပဲ သူ့ကို စိတ်ပေါက်ပေါက်နဲ့ မင်းလည်းလုပ်နေတာ မသိဘူးလား ဆိုပြီး ဒေါသစိတ် ဂရုဏာစိတ် စိုးရိမ်စိတ် ပေါင်းပြီး အသံမာမာနဲ့ မေးလိုက်ပြီး မျက်နှာကို စေ့စေ့ကြည့်လိုက်မှ နဖူးမှာ ကျည်ပေါက်ရာက ဟောင်းလောင်းနဲ့ Mask လေးက သွေးရောင်လွှမ်းလို့
အော် GZ ရယ်
မင်းတို့တွေ ကို အမျှမဝေပေးပဲ
အရေးတော်ပုံအောင်ရမည်
အရေးတော်ပုံအောင်ရမည်
အရေးတော်ပုံအောင်ရမည်လို့သာပြောလိုက်မိပါတယ်ကွာ
အကို့စိတ်ကူးထဲကလို ညီလေး/ညီမလေးများ ရှိနေမလား ရသလိုလေး အချိန်ပိုင်း ဆန္ဒထုတ်ဖော်စေချင်မလား သံပုံး သံလေးရော နားစွင့်နေလေမလား ညဘက်ကြီးရော လမ်းပေါ်မှာ ရှိနေမလားကွာ
အောင်မြင်လိုစိတ်ရှိသော ကျွန်ုပ်တို့ မုချ အောင်မြင်ရပါမည်
အားမတန်သော်ငြား လက်မလျော့ပါ ဆက်လက်ဆောင်ရွက်ပါမည် သံတိုင်ခြားနှင့် ကျည်ဆန် ဝေးရန် ဉာဏ်သုံး၍ တော်လှန်ပါမည်။
အရေးတော်ပုံအောင်ကိုအောင်ရမည်။
Credit KZ