ကြားသိရသမျှ


ကျောင်းနှင့် အလှမ်းမဝေးလှတဲ့ ထမင်းဆိုင်သေးသေးလေးတစ်ဆိုင်မှာကောင်လေးတစ်ယောက်က ထမင်းလာမှာစားတယ် ဆိုင်ရှင်နားကပ်ပြီး လေသံတိုးတိုးလေးနှင့်

ဟိုလေသားကို ထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ”ရပါတယ်သားရယ်ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးကယောကျ်ားရေထမင်းအလွတ်တစ်ပွဲလောက်လုပ်ပေးပါဦးအော်ဟင်းချိုနဲ့ ငါးပိရည်လည်း ထည့်ပေးဖို့မမေ့နဲ့နော်

ယောကျ်ားဖြစ်သူက ထမင်းအဖြူတစ်ပွဲကိုကောင်လေးထိုင်နေတဲ့ ခုံမှာသွားချပေးလိုက်တယ်ကောင်လေးက သူ့ကိုထပ်မှာတယ်ဟိုလေသားအတွက်နောက်ထပ် ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ်ထပ်လုပ်ပေးလို့ ရလားခင်ဗျကောင်းလေးခမျာ ပြောသာပြောနေရတယ် သူ့မျက်နှာက အတော်လေး အားနာနေတဲ့ပုံပါ…

ရပါတယ်သားရယ် ဒါနဲ့ ဒီထမင်းထုတ်က မင်းဘာသွားလုပ်ဖို့လည်း * သား ညနေကြရင်စားဖို့ပါဦးဆိုင်ရှင်အဖိုးကြီးက သူ့ကိုဂရုနာသက်တဲ့ မျက်လုံးနှင့်ကြည့်ပြီးအင်း!ကောင်လေးကြည့်ရတာမြို့မှာသာကျောင်းလာတက်တယ် အိမ်ကမိဘတွေကငွေကြေးအခက်ခဲ ရှိပုံရတယ်!

အမှန်တကယ်တော့ သူတို့လင်မယားကလည်းတစ်နေ့လုပ် တစ်နေ့စားပါ ဒီဆိုင်နေရာလေးကိုသူများငှားပေးလို့သာကံကောင်းပြီးဈေးရောင်းရတဲ့ဘဝပါ မရှိသူမို့လည်း မရှိသူကိုစာနာတတ်တဲ့စိတ်က သူတို့လင်မယားမှာ ရှိပြီးသားပါလေဟင်းအိုးမှ ဟင်းတွေကိုခတ်ပြီး ထမင်းများနဲ့ သူဖုံးဖိပြီးထည့်နေမိသည် ဒါကို မိန်းမဖြစ်သူကမြင်တော့ ”ရှင်ဘာလုပ်နေတာလည်း

#ကောင်းလေးအတွက် ထမင်းထည့်ပေးနေတာလေ

အော်ရှင်ကလည်းတုံးလိုက်တာပေးချင်နေမှတော့ ဝှက်ပြီးပေးစရာလားဒီအတိုင်းပေးလည်း ရလျှက်သားနဲ့ဘာလဲ ရှင်ကကျွန်မမြင်မှာ ကြောက်လို့လားကြောက်စရာမဟုတ်တာရှင်ကျွန်မလည်းစာနာထောက်ထားတတ်တဲ့ မိန်းမသားတယောက်ပါ

#ဟာ!ဒီမိန်းမ ဘာတွေလာပြောနေတာလည်းဒီအတိုင်း ဗြောင်ပေးတော့ သူ့ကို အထင်သေးရာရောက်သွားမှာပေါ့ဟပြီးတော့လည်း သူရှက်သွားရင်နောက်ဆို တို့ဆိုင်ကို သူဘယ်လိုလုပ်ပြီး လာရဲတော့မလည်းမိန်းမဖြစ်သူက လင်ယောကျ်ားကိုကြည့်ပြီးပီတိဖြစ်မိသည် အမလေး ငါ့ယောကျ်ားက သနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပဲလူတစ်ယောက်ကို အဖက်ဖက်ကစာနာစိတ်ကလည်း ကြီးမားပါလေရဲ့

ဒီလိုနဲ့ပဲ ကောင်းလေးဟာ သူတို့ဆိုင်မှာလာပြီးကျောင်းပြီးသည်အထိ ထမင်းလာစားခဲ့တယ်သူတို့လင်မယားကလည်း
တစ်နေ့တစ်မျိုး မရိုးလေအောင် ဟင်းအမျိုးမျိုးကို ထမင်းဖုံး၍ ပေးလေ့ရှိခဲ့တယ်…

ကျောင်းပြီးသွားတော့ ကောင်လေးကသူတို့ဆိုင်ကို၁၀ နှစ်ကြာမျှတောင် တစ်ခါမှ ရောက်မလာတော့ပါတစ်နေ့တော့မြေပိုင်ရှင်ကမြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်းဒီနေရာက ရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်း လာပြောသောအခါလင်မယားနှစ်ယောက်သား စိတ်ပျက်လက်ပျက်ဖြစ်ပြီးအိမ်မှာ ထိုင်မိူင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့ကားတစ်စီးကလာ၍ထိုးရပ်လာသည် လူတယောက်က ကားပေါ်မှ ဆင်းပြီး သူတို့ရှိရာ လျှောက်၍လာသည်..

ကျွန်တော်က ကုမ္မဏီတစ်ခုရဲ့ မန်နေဂျာတစ်ဦးပါခင်ဗျကျွန်တော့်သူဌေးက အဒေါ်တို့လင်မယားချက်တဲ့ဟင်းကိုအရမ်းကြိုက်တဲ့ သူတစ်ယောက်ပါ အဲဒါကြောင့်ကျွန်တော်တို့ ကုမ္မဏီအနီးမှာ ဆိုင်ဖွင့်ပေးဖို့ တောင်းဆိုထားလို့ပါလင်မယားနှစ်ယောက် အံ့အားသင့်သွားသည်သူတို့ဆိုင်စုတ်စုတ်လေးမှာ ဘယ်လိုသူဌေးကများ လာပြီးစားဖူးပါလိမ့်ပြီးတော့လည်း သူတို့မှာရှိတာက အိုးစုတ်ခွက်စုတ်တွေမို့ ကုမ္မဏီကြီးအနား ထမင်းဆိုင်သွားဖွင့်ရမှာဘယ်လိုမှ မဖြစ်နိုင်လို့ သူတို့ငြင်းဆိုခဲ့တယ်

အဲဒီအတွက် မပူပါနဲ့ဗျာ ကျွန်တော့်သူဌေးကအစစ အရာရာ ပြင်ဆင်ထားပြီးသားပါသွားပြီးချက်ပြုတ်ရုံသက်သက်ပါအဲဒီသူဌေးက ဘာဖြစ်လို့ သူတို့အပေါ် ဒီလောက်ကောင်းနေရတာလည်းဆိုတာ သူတို့နားမလည်ခဲ့နောက်ဆုံးတော့သူတို့အပေါ်ကောင်းတဲ့သူဌေးကြီးက တစ်ချိန်က သူတို့ဆီက ထမင်းတစ်ထုပ် လုပ်ကျွေးခဲ့ဖူးတဲ့ကျောင်းသားလေးမှန်းသိရတော့သည်

ဦးနဲ့အဒေါ်သာ ကျွန်တော့်ကို မကူညီပေးခဲ့ရင်ကျွန်တော်ဒီလိုဘဝမျိုး ရောက်လာမည်မဟုတ်အခုလို ပြန်လည်ကျေးဇူးဆပ်ခွင့်ရတာ
ကျွန်တော်အရမ်းဝမ်းသာတယ်ဗျာ လိုတာရှိရင်ပြောပါဘာမှ အားမနာကြပါနဲ့

(စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူးအဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်း ထားတတ်ရမယ်ယခုလို IT ခေတ်မှာမရှိသူကို ကူညီတတ်ကြတဲ့ သူတစ်ချို့သတိထားသင့်တယ် သူတစ်ပါးကိုကူညီးလိုလျှင် သူ့ရဲ့ဂုဏ်သိက္ခာကိုလည်းထည့်တွေးသင့်တယ်ကိုယ့်ရဲစေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူးစေတနာအောက်မှာသူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေနစ်ပျောက်သွားတတ်လို့ပါ..)

Zawgyi


ဟိုလေသားကို ထမင်းအလွတ်တစ်ပွဲလောက် ရောင်းပေးလို့ရလားခင်ဗျ သားပိုက်ဆံမလောက်လို့ပါ”ရပါတယ်သားရယ်ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်အဒေါ် ကြီးကယောက်ျားရေထမင်းအလွတ်တစ်ပွဲလောက်လုပ်ပေးပါဦးအော်ဟင်းချိုနဲ့ ငါးပိရည်လည်း ထည့်ပေးဖို့မမေ့နဲ့နော်

ယောက်ျားဖြစ်သူက ထမင်းအဖြူတစ်ပွဲကိုကောင်လေးထိုင်နေတဲ့ ခုံမှာသွားချပေးလိုက်တယ်ကောင်လေးက သူ့ကိုထပ်မှာတယ်ဟိုလေသားအတွက်နောက်ထပ် ဟင်းမပါတဲ့ ထမင်းဗလာတစ်ထုတ်ထပ်လုပ်ပေးလို့ ရလားခင်ဗျကောင်းလေးခမျာ ပြောသာပြောနေရတယ် သူ့မျက်နှာက အတော်လေး အားနာနေတဲ့ပုံပါ…






#ဟာ!ဒီမိန်းမ ဘာတွေလာပြောနေတာလည်းဒီအတိုင်း ဗြောင်ပေးတော့ သူ့ကို အထင်သေးရာရောက်သွားမှာပေါ့ဟပြီးတော့လည်း သူရှက်သွားရင်နောက်ဆို တို့ဆိုင်ကို သူဘယ်လိုလုပ်ပြီး လာရဲတော့မလည်းမိန်းမဖြစ်သူက လင်ယောက်ျားကိုကြည့်ပြီးပီတိဖြစ်မိသည် အမလေး ငါ့ယောက်ျားက သနားတတ်ရုံ တစ်မျိုးတည်းမဟုတ်ပဲလူတစ်ယောက်ကို အဖက်ဖက်ကစာနာစိတ်ကလည်း ကြီးမားပါလေရဲ့


မြေပိုင်ရှင်ကမြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်းဒီနေရာက ရွေ့ပြောင်းရတော့မည်ဖြစ်ကြောင်း လာပြောသောအခါလင်မယားနှစ်ယောက်သား စိတ်ပျက်လက်ပျက်ဖြစ်ပြီးအိမ်မှာ ထိုင်မိုင်နေကြစဉ် သူတို့နေတဲ့ အိမ်နားသို့ကားတစ်စီးကလာ၍ထိုးရပ်လာသည် လူတယောက်က ကားပေါ်မှ ဆင်းပြီး သူတို့ရှိရာ လျှောက်၍လာသည်..




(စေတနာထားတတ်ရုံနဲ့ မလုံလောက်ဘူးအဖက်ဖက်ကကြည့်ပြီး စာနာမူ့လည်း ထားတတ်ရမယ်ယခုလို IT ခေတ်မှာမရှိသူကို ကူညီတတ်ကြတဲ့ သူတစ်ချို့သတိထားသင့်တယ် သူတစ်ပါးကိုကူညီးလိုလျှင် သူ့ရဲ့ဂုဏ်သိက္ခာကိုလည်းထည့်တွေးသင့်တယ်ကိုယ့်ရဲ့စေတနာကို ပုံရိုက်ပြီး တင်ပြနေစရာမလိုဘူးစေတနာအောက်မှာသူတစ်ပါးရဲ့ဂုဏ်သိက္ခာတွေနစ်ပျောက်သွားတတ်လို့ပါ..)

Leave a Reply

Your email address will not be published. Required fields are marked *