ကြားသိရသမျှ

မိုးကြိုးပစ်မှုဖြစ်ပွာ ၁၄ နှစ်ကလေးလေး ေ.သဆုံးတဲ့အပြင်…(မိုးလေဝသသတင်းတွေတင်ပါတယ် ဝင်ဖတ်ပါ သတိထားပါ)

မိုးကြိုးပစ်မှုဖြစ်ပွာ ၁၄ နှစ်ကလေးလေး ေ.သဆုံးတဲ့အပြင်…(မိုးလေဝသသတင်းတွေတင်ပါတယ် ဝင်ဖတ်ပါ သတိထားပါ)

အုတ်တွင်းမှာ မိုးကြိုးပစ်မှုဖြစ်ပွားပြီး ၁၄ နှစ်အရွယ်ကလေးသေဆုံး၊ ကလေး ၂ယောက်လည်းဒဏ်ရာရ

စက်တင်ဘာ ၂၅-၂၀၂၂

VOM (GG)

ပဲခူးတိုင်း ၊အုတ်တွင်းမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ အနီးက လယ်ကွင်းထဲမှာ မနေ့ စက်တင်ဘာလ ၂၄ ရက်နေ့ကမိုးကြိုးပစ်ခံရပြီး ကလေး တယောက်သေဆုံးကာ ကလေး၂ယောက် မိုးကြိုးစက်ကွင်းမိ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

မိုးကြိုးပစ်ခံရပြီးသေဆုံးသူဟာ အသက် ၁၄ နှစ်အရွယ် ယောကျ်ားလေးဖြစ်ပြီး ကျန်ဒဏ်ရာရရှိတဲ့ ကလေး ၂ယာက်ကတော့ အသက် ၁၃ နှစ်အရွယ်တွေဖြစ်ပြီး အဲ့ဒီအထဲမှာ မသန်စွမ်းကလေးတယောက်ပါဝင်တယ်လို့သိရပါတယ်။

” မနေ့က နေ့လယ် ၃ နာရီ ၄၀ လောက်မှာဖြစ်တာ။လယ်ထဲမြက်ရိတ်နေချိန် မိုးကြိုးပစ်ခံရတာ တယောက်က နေရာမှာပွဲချင်းပြီးသေတယ်၊အလောင်းကလည်း အိမ်မှာပဲပြင်ထားတယ်၊နောက်တယောက်ကဒဏ်ရာရလို့ ဆေးကုနေပေမယ့် အသက်အန္တရာယ်တော့မစိုးရိမ်ရဘူး”လို့ အုတ်တွင်းမြို့နယ် ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။

ဒဏ်ရာရသူကလေး၂ယောက်ထဲက တယောက်ကို ကျဲပွဲတိုက်နယ်ဆေးရုံမှာဆေးကုသမှုပေးနေပြီး နောက်တယောက်ဖြစ်တဲ့ မသန်စွမ်းကလေးငယ်ကတော့ ဒဏ်ရာမစိုးရိမ်ရတာကြောင့် နေအိမ်မှာပဲ လို့သိရပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကတော့ သဘာဝဘေးအန္တရာယ်ကြောင့် မိုးကြိုးထိမှန် သေဆုံးသူတွေကို ထောက်ပံ့ကြေးငွေအဖြစ် တယောက်ကို ၃သိန်း ၊ ဒဏ်ရာရပြီး ဆေးကုသနေရသူကို ၅သောင်း ကျပ် ထောက်ပံ့ပေးနေကြောင်း၊ နှစ်စဉ်ထောက်ပံ့ကြေးပေးအပ်မှုက သိန်း ၅၀၀ လောက်အထိရှိတယ်လို့သိရပါတယ်။

အခုနှစ်၂၀၂၂ မှာဆိုရင် မြန်မာတနိုင်ငံလုံးအနေနဲ့ မိုးကြိုးပစ်တဲ့ဖြစ်စဉ် ၄၀ ကြိမ်ထက်မနည်းရှိထားပြီး မိုးကြိုးထိမှန်သေဆုံးသူ ၁၀ ဦးထက်မနည်းရှိကာ ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

voiceofmyanmar VOM အုတ်တွင်း

မိုးႀကိဳးပစ္မႈျဖစ္ပြာ ၁၄ ႏွစ္ကေလးေလး ေ.သဆံဳးတဲ့အျပင္…(မိုးေလဝသသတင္းေတြတင္ပါတယ္ ဝင္ဖတ္ပါ သတိထားပါ)

အုတ္တြင္းမွာ မိုးႀကိဳးပစ္မႈျဖစ္ပြားၿပီး ၁၄ ႏွစ္အ႐ြယ္ကေလးေသဆုံး၊ ကေလး ၂ေယာက္လည္းဒဏ္ရာရ

စက္တင္ဘာ ၂၅-၂၀၂၂

VOM (GG)

ပဲခူးတိုင္း ၊အုတ္တြင္းၿမိဳ႕နယ္၊ ငွက္ေပ်ာေတာေက်း႐ြာအုပ္စု၊ ရွမ္းစုေက်း႐ြာ အနီးက လယ္ကြင္းထဲမွာ မေန႔ စက္တင္ဘာလ ၂၄ ရက္ေန႔ကမိုးႀကိဳးပစ္ခံရၿပီး ကေလး တေယာက္ေသဆုံးကာ ကေလး၂ေယာက္ မိုးႀကိဳးစက္ကြင္းမိ ဒဏ္ရာရရွိခဲ့တယ္လို႔သိရပါတယ္။

မိုးႀကိဳးပစ္ခံရၿပီးေသဆုံးသူဟာ အသက္ ၁၄ ႏွစ္အ႐ြယ္ ေယာက်္ားေလးျဖစ္ၿပီး က်န္ဒဏ္ရာရရွိတဲ့ ကေလး ၂ယာက္ကေတာ့ အသက္ ၁၃ ႏွစ္အ႐ြယ္ေတြျဖစ္ၿပီး အဲ့ဒီအထဲမွာ မသန္စြမ္းကေလးတေယာက္ပါဝင္တယ္လို႔သိရပါတယ္။

” မေန႔က ေန႔လယ္ ၃ နာရီ ၄၀ ေလာက္မွာျဖစ္တာ။လယ္ထဲျမက္ရိတ္ေနခ်ိန္ မိုးႀကိဳးပစ္ခံရတာ တေယာက္က ေနရာမွာပြဲခ်င္းၿပီးေသတယ္၊အေလာင္းကလည္း အိမ္မွာပဲျပင္ထားတယ္၊ေနာက္တေယာက္ကဒဏ္ရာရလို႔ ေဆးကုေနေပမယ့္ အသက္အႏၲရာယ္ေတာ့မစိုးရိမ္ရဘူး”လို႔ အုတ္တြင္းၿမိဳ႕နယ္ ေဒသခံ ပရဟိတသမားတဦးကေျပာပါတယ္။

ဒဏ္ရာရသူကေလး၂ေယာက္ထဲက တေယာက္ကို က်ဲပြဲတိုက္နယ္ေဆး႐ုံမွာေဆးကုသမႈေပးေနၿပီး ေနာက္တေယာက္ျဖစ္တဲ့ မသန္စြမ္းကေလးငယ္ကေတာ့ ဒဏ္ရာမစိုးရိမ္ရတာေၾကာင့္ ေနအိမ္မွာပဲ လို႔သိရပါတယ္။

သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရးဌာနကေတာ့ သဘာဝေဘးအႏၲရာယ္ေၾကာင့္ မိုးႀကိဳးထိမွန္ ေသဆုံးသူေတြကို ေထာက္ပံ့ေၾကးေငြအျဖစ္ တေယာက္ကို ၃သိန္း ၊ ဒဏ္ရာရၿပီး ေဆးကုသေနရသူကို ၅ေသာင္း က်ပ္ ေထာက္ပံ့ေပးေနေၾကာင္း၊ ႏွစ္စဥ္ေထာက္ပံ့ေၾကးေပးအပ္မႈက သိန္း ၅၀၀ ေလာက္အထိရွိတယ္လို႔သိရပါတယ္။

အခုႏွစ္၂၀၂၂ မွာဆိုရင္ ျမန္မာတႏိုင္ငံလုံးအေနနဲ႔ မိုးႀကိဳးပစ္တဲ့ျဖစ္စဥ္ ၄၀ ႀကိမ္ထက္မနည္းရွိထားၿပီး မိုးႀကိဳးထိမွန္ေသဆုံးသူ ၁၀ ဦးထက္မနည္းရွိကာ ဒဏ္ရာရသူေတြလည္းရွိခဲ့တယ္လို႔ သိရပါတယ္။

voiceofmyanmar VOM အုတ္တြင္း

Leave a Reply

Your email address will not be published. Required fields are marked *