ကြားသိရသမျှ

ရန်ကုန်တိုင်း တောင်ဉက္ကလာ နေထိုင်တဲ့ ပြည်သူများ အထူးသိရှိစေရန်(များများရှယ်ပေးကြပါနော်)

တောင်ဥက္ကလာ နေသူများ အထူးသိရှိစေရန်???

လွန်ခဲ့သော ၃ပတ်က တောင်ဥက္ကလာ ရထားသံလမ်းနားကဟော့ပေါ့ဆိုင်ကအရေးပေါ်အမျိုးသမီးတဦးလဲကျ ဆေးရုံပို့ပေးရန်ခေါ်လို့နေ့လည် ၃နာရီလောက်ကျမတို့အသင်းရောက်ပါတယ် နောက်တော့ သူပြောတာ အတူလာသူ၃ယောက်ဟော့ပေါ့စားဖို့အပေါ်တက်သွားလိုစောင့်ရင်းမူးလဲကြောင်း

ဆက်စောင့်မည်ပြောပါတယ် မူလဲကျချိန်ဆိုင်က အအေးတ်ုက် နှိပ်ပေးလိုက်တော့ပြနလသက်သာဟုသူကပြောတယ် ဆေးရုံကားမလိုဘူးပြောလို့ပြန်တော့မယ့်အချိန် အမကို CCTVပြပေးလို့ရမလားမေးတော့ဆိုင်ကရတယ်အမ ဆိုပြီး ဆိုင်ဝန်ထမ်းနဲ့အတူကြည့်သောအခါ စပြီးလာကတည်းကတယောက်ထဲ ??

လှေကားကတက်တယ်?‍♀️?‍♀️ ထို့နောက်ကွယ်ယာတခုပါးစပ်ကလွှင့်ပြစ်တယ် ပြီးတော့လှေကားထိပ်မူးခွေကြပြတယ် တကယ်မူးလားလုပ်ဇတ်လားကျမမသိပါ မြင်ကွင်းကိုတင်ပြခြင်းဖြစ်ပါတယ် ထို့နောက်ဆိုင်က အအေးတိုက် သံပုရာသီးလှိမ့်ပေး နှိပ်ပေးကြတယ်

သက်သာလာပြီပြောပါတယ် ကျမရောက်ချိန်မေးမြန်းတော့ လျာဖြတ်ထား၍စကားမပြောနိုင်ကြောင်း လက်အမာရွတ်များပြတယ် သူ့လက်မှာအတုအစစ်ကျမသိ လက်စွပ်အကြီးပါတယ် နားကပ်တရံပါဝတ်ထားပါတယ် သူ့အိတ်ထဲဘဏ်ကတ် ၃ခု ငွေအချို့ပါတယ် ဘာလို့သိသလဲဆိုတော့ ဆိုင်ဝန်ထမ်းများရှေ့မှာ တင်မေးတာပါ

ဘယ်ကလာတာလဲ ငါတို့အိမ်ပြန်ပို့ပေးမယ် ဒီလိုရွှေတွေငွေ ပါပြီးလျောက်သွားနေရင်ပြဿနာရှိမယ် ဆိုင်ကလူတွေနဲ့အတူ အိမ်လိုက်ပို့မယ်ပြောတော့ စလိမ်တာသိလာတာပါ ??? လိပ်စာကတ်ပထမတခုထုတ်ပေးတယ် သူပိုးထည်ဆိုင်ကတဲ့ (လှိုင်မြို့နယ်)ကပါ ကျမဖုန်းအရင်ဆက်မေးတော့ မဟုတ်ကြောင်းသိရပါတယ်

မနက်ကသူ့ဆိုင်လာတဲ့မိန်းမပုံစံမူမမှန်လို့ မရောင်းဘူးဆိုပါတယ် နောက်လိပ်စာကတ်ထပ်ပေးပြန်တယ် တည်းခိုခန်း ပါအဝေးပြေးက(အောင်မင်္ဂလာ ) ကျမထပ်ဆက်မေးတော့ အချိန်ပိုင်းသာတည်းခိုသူရှိကြောင်း တည်းခိုသူတိုင်းသူတို့မသိကြောင်း ပြောပြတယ် ထို့နောက်တခုခုဘဲဆိုတာသိလိုက်ပါုပီ ???

ကျမတို့အသင်းကဘဲ သီးသန့်လိုက်ပို့ဖို့မကဖြစ်နိုင်ကြောင်း အတုအစစ်မသိ ရွှေငွေပါတာ ကျမတို့ကြောက်ကြောင်း ဒါမျိုးမကူညီနိုင်ကြောင်း သေချာရှင်းပြပြီးပြန်လာပါတယ် ကျမတို့မပြန်ခင်သူဟာသူ လမ်းလျောက်ပြန်မည်မို့ဆိုပြီး ထွက်သွားပါတော့တယ်

ထိုအချိန်ဟော့ပေါ့ဆိုင်ကလိပ်စာကတ်တောင်းလို့ကျမတို့အသင်းကတ်ပေးချိန်မှာ ထိုကျေးဇူးရှင်မဘဲ သူ့ကိုလိပ်စာကတ်တခုပေးရန်လက်ဟန်ချီဟန်ပြလို့ တခုပေးလိုက်ပါတယ် ကောင်းကောင်းမွန်မွန်အိမ်သာပြန်ဖို့ ကျမတို့ပြောလိုက်ပါသေးတယ်……….
ဒုတိယအပိုင်း???

ထိုသို့ကူညီပြီးနောက်တပတ်အကြာ ည ၈နာရီလောက်ရုံးရှေ့ရောက်လာတယ် ဘာကိစ္စလဲမေးတော့ လက်ဟန်ချီဟန်ဖြင့် နောက်နေ့သူအလှူလာပေးမလို့ဟုဆိုပြီး ရေသန့်တဗူးတောင်းလို့ ပေးလိုက်ပါတယ် ထို့နောက် ကျမတို့ကိုလာလှူဖို့မလိုကြောင်း ကျမတို့ရုံးမှာမအားဘူး ပြောလိုက်ပါတယ်

မိမိနေအိမ်မှာနေသင့်ကြောင်း ခုလိုမသွားသင်အန္တာယ်ရှိကြောင်းပြောဆိုပြပါတယ် ထို့နောက်ပြန်သွားပါတယ် သူလာချိန်မှာ အဝတ်စားကချိန်းသွားပါပြီ မျက်နှာမှာ ဖွေးနေတယ် အလှပြင်ထားတယ် နှုတ်ခမ်းနီပါတယ် အသင်းသားများ ကိုပြောပြတယ် သူသည် နေအိမ်ရှိပြီးထွက်ထွက်နေတာ ဒီဝန်းကျင်ကိုလှည့်ပတ်နေတာဖြစ်မယ်ဆိုတာ တွေးမိတယ်???

25.9.2022 ည ၁၀နာရီကျော် တတိယပိုင်း

New Day ဆီဆိုင်က မူးလဲကျအမျိုးသမီးက အမအသင်းကဆိုပြီးပြောနေတယ် ဆိုပြီးခေါ်တယ် ကျနော်တို့ဆီဆိုင်အမြဲလာနေကျအသင်းမို့ ကျနေန်ာတို့သိတယ် ခုဖုန်းဆက်မယ်ပြောတော့ အသင်းမှာနာရေးရှိလို့အလုပ်ရှုပ်နေကြတယ် မခေါ်နဲ့ တဲ့ သူ့ကတောင်ကြီးကလာတာ ကိုအောင်ဆိုသူကလိုက်ပို့လို့ မနေ့ကမှအသင်းဝင်တာပါတဲ့..ခုလည်းအသင်းကိုပြန်မလို့ပါတဲ့.??

ဆီဆိုင်ကဖုန်းခေါ်တယ် အမဒီမှာဒီလိုတွေပြောနေတယ် ဆိုလို့ အမလာပြီ ဆိုပြီးသွားပါတယ် ဟိုရောက်တော့ ထီးလေးချ ဆီဆိုင်ထဲလှဲချသော မတ်မတ်ပြဿနာရှင်းပြပါတယ်??

☺☺ ဒီအသင်းကို ငါတို့သိတဲ့လူတွေလေ ခုခေါ်မယ်ဆိုပြီးဖုန်းဆက်တုန်းက စပီကာဖွင့်ထားပါတယ် နင်အဲ့အသင်းကဆိုဖုန်းပြောလေ ဆိုတော့ ကျမမနေ့ကလိုက်ပို့တဲ့ကိုအောင်လေတဲ့…

ဟင် ငါအသင်းကလူမှာမိန်းမ ဆိုလို့ငါတယောက်ထဲရှိတာ နင်ကဘယ်လိုဖြစ်ရဆိုပြီး ဆီဆိုင်သွားသောအခါ အလိမ်အညာများ ပေါ်တယ် ထို့နောက်

??ကျမကိုငွေတချို့ထုတ်ပေးပြီးလှူတာပါတဲ့ No Par ကျမကိုလှူဖို့မလိုကြောင်း ကျမအသင်းလိပ်စာကတ်ပြလိမ်ညာနေတာ မလုပ်သင့်ကြောင်းပြောပြ လိပ်စာကတ်ပြန်သိမ်းလာရပါတော့တယ် ထို့နောက်သူမသည်

??စကားပြောတတ်ပြီးလိမ်ညာသူဖြစ်ကြောင်းအဖြေလည်းပေါ်ပါတော့တယ် ထို့နောက်ဆီဆိုင်ကပိတ်နေပြီ Taxiဌားတင်ပေးလိုက်ပါတော့တယ်…. သူ့ကိုဒါမျိုးတွေဆက်မလုပ်ဖို့ပြောတော့ လုပ်မှာဘဲ တဲ့ဒီမြို့နယ်နင်လာမလုပ်နဲ့ ဆိုတော့လုပ်မှာဘဲ သွားမှာဘဲတဲ့နော် ??

ကျမအသင်းကို ရပ်ကွက် လူကြီးခေါ်လာပြီးလာလှူမယ်ထပ်ပြောလို့ ဘယ်လူကြီးပါပါငါလက်မခံဘူးပြောလိုက်တယ်?? ပြီးတော့တက်စီပေါ်တက်သွားတော့ ခုဏမူးလဲသူကျေးဇူးရှင်မမက ဒစ်စကိုအကဒွန့်သည့်အလား ခါနေထှာဘဲ အဝတ်စားကဟော့ရှော့ အဝတ်စားကပထမဆုံးအကြိမနဲ့မတူတော့ပြီ……??

??ရုပ်ရှင်တွေ အကြည့်များသလား မသိဘူး သရုပ်ဆောင်ပိုင်း ပိုင်နိုင်သူ အဲ့မမကို သတိထားကြပါလော့ ကူညီတယ်ဆိုပြီး စွန်းကယ်မိရင် ဘာပုတယ် ညာပုတယ် ဆိုတိုင်ပတ် တာဝန်ယူရလိမ့်မယ်

ဒီလိုဆက်တိုက်လိမ်ညာနေတာ ရည်ကွယ်ချက်ရှိပါလိမ့်မယ် ခုရက်အလိမ်အညာတွေဆက်တိုက်ကြားသိနေရတာ စိတ်ပျက်မိတယ်

??New? Day ဆီဆိုင်က ညဘက်အရေးပေါ်ကျမတို့အသင်းကားဆီးပြတ်ရင်နှိုးခေါ်တာနဲ့အမြဲထည့်ပေးသောဆိုင်ပါ အသင်းရုံးနဲ့လည်းမဝေး အသင်းကိုသိပြီးသားလူမို့ တော်ပါသေးတယ်

*လိမ်ညာခံရခြင်းမှ ကင်းဝေးပါစေ *

25.9.2022

ည ၁၀နာရီခွဲကဖြစ်စဉ်ပါ ဖြစ်စဉ်အားလုံး၏လူသက်သေ မှတ်တမ်းသက်သေရှိပါကြောင်း အသိပေးပါတယ်

ပထမဖြစ်ဉ် ရတနာလမ်းမပေါ်

ညကဖြစ်စဉ် ရတနာလမ်းပွိင့်ထောင့်

သုခကာရီ လူမှုကယ်ဆယ်ရေးအဖွဲ့

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာ

၁၃၅ ငွေကြာယံ ၈လမ်း ၃ရပ်ကွက်

09 797944777 09695026695

Leave a Reply

Your email address will not be published. Required fields are marked *