ေတာာ္လွန္ေရး ေစ်းေရာင္းပြဲေတာ္မွာ စတာလင္ေပါင္ ၂၇၀၀ရရွိသြားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပန္းခ်ီကား

ေတာ္လွန္ေရးအတြက္ လုံးဝေသြးမေအးဘဲ အင္တိုက္အားတိုက္ပါဝင္အားျဖည့္ေနၾကတဲ့ ႏိုင္ငံတကာေရာက္ျမန္မာမ်ားရဲ႕ အပတ္စဥ္ ရံပုံေငြရွာ​ေဖြ​ေရးအတြက္ ​ေစ်းေရာင္းခ်ပြဲကို ေအာက္တိုဘာလ (၂)ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ၾကတာပဲျဖစ္ပါတယ္။

ကဗ်ာ၊ ဂီတ၊ ႐ိုးရာတိုင္းရင္းသားဂီတ၊ အကမ်ားနဲ႔ ျမန္မာ့အစားအစာအစုံအလင္ပါဝင္ေသာ “ၾကယ္စင္မ်ားရဲ႕အလင္းေကာင္းကင္” လို႔အမည္ေပးထားတဲ့ ရံပုံေငြရွာေဖြပြဲႀကီးကို လန္ဒန္အေနာက္ပိုင္း Feltham ၿမိဳ႕မွာ က်င္းပခဲ့ၾကပါတယ္။

ၾကယ္စင္မ်ားရဲ႕အလင္းေကာင္းကင္ပြဲမွာ လန္ဒန္ႏိုင္ငံက ေတာ္လွန္ေရးမွာ တတပ္တအားပါဝင္ၾကတယ့္ မိသားစုေတြ အပန္းေျပေစဖို႔ Live Music & Karaoke အစီအစဥ္၊

အစားေသာက္မ်ိဳးစုံေရာင္းခ်မယ့္အစီအစဥ္၊ ကံစမ္းမဲလက္မွတ္ဝယ္ယူၿပီး အမွတ္တရပစၥည္းေလးေတြရမယ့္ အစီအစဥ္ေတြအျပင္ သားသားမီးမီးေလးေတြ ပါဝင္ကစားႏိုင္မယ့္ ေပ်ာ္ပြဲ႐ႊင္ပြဲအစီအစဥ္ေတြပါ ပါဝင္ပါတယ္။

ရန္ပုံေငြပြဲမွာ အဂၤလိပ္ နာမည္ႀကီးပန္းခ်ီဆရာ Mark Howard ေရးဆြဲထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ပန္းခ်ီကား ကို စတာလင္ေပါင္ ၂၇၀၀၊ ျမန္မာေငြ က်ပ္သိန္း ၉၀ ခန႔္နဲ႔ ေလလံေအာင္သြားခဲ့တာပဲျဖစ္ပါတယ္။

ဒီပန္းခ်ီကားကို ျမန္မာတစ္ဦးက အျမင့္ဆုံးေစ်းနဲ႔ ေလလံဆြဲၿပီး၊ ဝယ္ယူသြားခဲ့တာပဲ ျဖစ္ပါတယ္။

လန္ဒန္မွာ ေရာက္ရွိေနတဲ့ Miss Myanmar Universe သူဇာဝင့္လြင္နဲ႔ Model ေမျမတ္ႏိုး လဲ ၾကယ္စင္မ်ားရဲ႕ အလင္းေကာင္းကင္ Fund raising ပြဲကို လာေရာက္ၿပီး ပါဝင္ကူညီအားျဖည့္ခဲ့ၾကပါတယ္။

Unicode

တောာ်လှန်ရေး ဈေးရောင်းပွဲတော်မှာ စတာလင်ပေါင် ၂၇၀၀ရရှိသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီကား

တော်လှန်ရေးအတွက် လုံးဝသွေးမအေးဘဲ အင်တိုက်အားတိုက်ပါဝင်အားဖြည့်နေကြတဲ့ နိုင်ငံတကာရောက်မြန်မာများရဲ့ အပတ်စဉ် ရံပုံငွေရှာဖွေရေးအတွက် ဈေးရောင်းချပွဲကို အောက်တိုဘာလ (၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

ကဗျာ၊ ဂီတ၊ ရိုးရာတိုင်းရင်းသားဂီတ၊ အကများနဲ့ မြန်မာ့အစားအစာအစုံအလင်ပါဝင်သော “ကြယ်စင်များရဲ့အလင်းကောင်းကင်” လို့အမည်ပေးထားတဲ့ ရံပုံငွေရှာဖွေပွဲကြီးကို လန်ဒန်အနောက်ပိုင်း Feltham မြို့မှာ ကျင်းပခဲ့ကြပါတယ်။

ကြယ်စင်များရဲ့အလင်းကောင်းကင်ပွဲမှာ လန်ဒန်နိုင်ငံက တော်လှန်ရေးမှာ တတပ်တအားပါဝင်ကြတယ့် မိသားစုတွေ အပန်းပြေစေဖို့ Live Music & Karaoke အစီအစဉ်၊

အစားသောက်မျိုးစုံရောင်းချမယ့်အစီအစဉ်၊ ကံစမ်းမဲလက်မှတ်ဝယ်ယူပြီး အမှတ်တရပစ္စည်းလေးတွေရမယ့် အစီအစဉ်တွေအပြင် သားသားမီးမီးလေးတွေ ပါဝင်ကစားနိုင်မယ့် ပျော်ပွဲရွှင်ပွဲအစီအစဉ်တွေပါ ပါဝင်ပါတယ်။

ရန်ပုံငွေပွဲမှာ အင်္ဂလိပ် နာမည်ကြီးပန်းချီဆရာ Mark Howard ရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းချီကား ကို စတာလင်ပေါင် ၂၇၀၀၊ မြန်မာငွေ ကျပ်သိန်း ၉၀ ခန့်နဲ့ လေလံအောင်သွားခဲ့တာပဲဖြစ်ပါတယ်။

ဒီပန်းချီကားကို မြန်မာတစ်ဦးက အမြင့်ဆုံးဈေးနဲ့ လေလံဆွဲပြီး၊ ဝယ်ယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

လန်ဒန်မှာ ရောက်ရှိနေတဲ့ Miss Myanmar Universe သူဇာဝင့်လွင်နဲ့ Model မေမြတ်နိုး လဲ ကြယ်စင်များရဲ့ အလင်းကောင်းကင် Fund raising ပွဲကို လာရောက်ပြီး ပါဝင်ကူညီအားဖြည့်ခဲ့ကြပါတယ်။