
ရန်ကုန်၊ အောက်တိုဘာ ၈








source khitthit media

unicode

မန္တလေး-ပြင်ဦးလွင် ရထားလမ်းပိုင်း ထပ်မံ ဖောက်ခွဲခံရ (ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၅၆ လမ်းနှင့် ၁၁၆ လမ်းအနီးရှိ

မန္တလေး-ပြင်ဦးလွင် ရထားလမ်းပိုင်း ယနေ့ အောက်တိုဘာလ ၈ ရက် နံနက် ၇ နာရီခွဲခန့်တွင်

ဖောက်ခွဲဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။

ဖောက်ခွဲမှုဖြစ်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲများ ရောက်ရှိလာပြီး

လုံခြုံရေး တင်းကြပ်ကာ ရှာဖွမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၈ ရက်တွင်လည်း ချမ်းမြသာစည်မြို့နယ်အတွင်းရှိ

မန္တလေး-ပြင်ဦးလွင် ရထားလမ်းပိုင်းတစ်ခု ဖောက်ခွဲဖျက်ဆီးခံခဲ့ရသေးသည်။

source khitthit media