ကြားသိရသမျှ

အရင္ကလို ႐ုပ္ရွင္ဒါ႐ိုက္တာတစ္ေယာက္အျဖစ္ ျပန္လည္ရွင္သန္လာခဲ့တဲ့ ဒါရိုက္တာကိုေပါက္

အရင္ကလို ႐ုပ္ရွင္ဒါ႐ိုက္တာတစ္ေယာက္အျဖစ္ ျပန္လည္ရွင္သန္လာခဲ့တဲ့ ဒါရိုက္တာကိုေပါက္

က်ေနာ္”မေသာက္မိေသာ မိုးခါးေရ”

ေတာ္လွန္ေရးရဲ႕တစ္ႏွစ္ေက်ာ္ကာလမွာ အရင္ကလို ႐ုပ္ရွင္ဒါ႐ိုက္တာတစ္ေယာက္အျဖစ္ ျပန္လည္ရွင္သန္ဖို႔ အထေျမာက္ခဲ့ပါၿပီ။

၂၀၂၁-ဝါေခါင္လျပည့္ေန႔(ကရင္႐ိုးရာလက္ခ်ည္ပြဲေန႔)မွာ လြတ္ေျမာက္နယ္ေျမကိုေရာက္ခဲ့ပါတယ္။

လြတ္ေျမာက္နယ္ေျမကိုထြက္လာခဲ့တာဟာေတာ္လွန္ေရးအတြက္ အလုပ္ေတြမလုပ္ရဘဲအာဏာရွင္လက္ပါးေစေတြရဲ႕ ဖမ္းဆီးျခင္း၊ေထာင္သြင္းအက်ဥ္းခ်ျခင္းေတြကို မခံခ်င္လို႔ မခံႏိုင္လို႔ ရန္ကုန္ကို စြန႔္ခြါၿပီး ေတာထဲတိုးဝင္ခဲ့တာျဖစ္ပါတယ္။

ေတာထဲေရာက္ရင္ ေတာ္လွန္ေရးရဲေဘာ္ေတြအေၾကာင္း၊လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံ တိုင္းရင္းသားေတြအေၾကာင္း documentaryေတြ႐ိုက္မယ္၊ဇာတ္လမ္းတိုေတြ႐ိုက္မယ္ ဆိုၿပီး ေမာင္းတင္ခဲ့တယ္။

တကယ္တမ္းလြတ္ေျမာက္နယ္ေျမကိုေရာက္လာေတာ့ စိတ္ကူးနဲ႔လက္ေတြ႕က တျခားစီျဖစ္ကုန္တယ္။

မ်ားျပားလွတဲ့ေျမျပင္လိုအပ္ခ်က္ေတြ၊ကူညီရ ကယ္ဆယ္ရတဲ့ မိတ္ေဆြရဲေဘာ္ေတြ၊ေဒသခံေတြရဲ႕လိုအပ္ခ်က္ေတြကိုျဖည့္ဆည္းရတာေတြ၊ေနာက္ေက်ာဓားနဲ႔ထိုးတဲ့သူေတြ၊ေက်းဇူးကန္းေစာ္ကားၾကသူေတြ၊

အထင္အျမင္လြဲေအာင္ေသြးခြဲသူေတြ၊ေနေရးထိုင္ေရးစားေရးေသာက္ေရးအတြက္ ျပန္လည္အစပ်ိဳးရတာေတြ အစရွိတဲ့ ေတာ္လွန္ေရးနယ္ေျမေတြမွာ ေတြ႕ရ ႀကဳံရ ရင္ဆိုင္ရတဲ့ ျပသနာေတြၾကား ႐ုပ္ရွင္ဒါ႐ိုက္တာစိတ္ေမြးဖို႔ ဆိုတာဘယ္လိုမွအဆင္မေျပခဲ့ပါဘူး။

ဒါေပမယ့္အခုအခ်ိန္မွာေတာ့ဒီအခက္အခဲအတိုက္အခိုက္ေတြၾကားက ႐ုန္းထြက္ႏိုင္ခဲ့ပါၿပီလို႔ ေျပာလို႔ရပါၿပီ။

အရင္က အမည္မေဖာ္ဘဲခ်ျပခဲ့ေသာ တစ္ခ်ိဳ႕အႏုပညာေတြကိုခဏေဘးဖယ္လို႔ “ဒါ႐ိုက္တာကိုေပါက္”
ဆိုတဲ့နာမည္ကိုသုံးၿပီးက်ေနာ့ရဲ႕ ေတာ္လွန္ေရးအႏုပညာတစ္ခု ခ်ျပဖို႔အခ်ိန္ေရာက္လာပါၿပီ။

“မေသာက္မိေသာ မိုးခါးေရ”ဒီဇာတ္လမ္းတို႐ုပ္ရွင္ကို သ႐ုပ္ေဆာင္မဟုတ္ေသာလြတ္ေျမာက္နယ္ေျမေရာက္အာဏာရွင္ကိုဆန႔္က်င္ေသာ ေတာ္လွန္ေရးရဲေဘာ္မ်ား တိုင္းရင္းသားမ်ားႏွင့္ ႐ိုက္ကူးထားပါသည္။

(ဒီ႐ုပ္ရွင္မွာ pro သ႐ုပ္ေဆာင္ တစ္ေယာက္မွမပါဝင္ထားပါဘူး)

ဒီဇာတ္လမ္းသည္CDMဗိုလ္ႀကီးတစ္ဦး၏အျဖစ္အပ်က္အမွန္ကို အေျခခံၿပီး ႐ိုက္ကူးခဲ့ျခင္းျဖစ္ပါသည္။

PDF ႏွင့္ တိုင္းရင္းသားအဖြဲ႕ေတြက စစ္ေျမျပင္မွာရင္ဆိုင္တိုက္ပြဲေတြတိုက္ရင္း ရန္သူစစ္သားေတြတစ္ေယာက္ၿပီးတစ္ေယာက္က်ဆုံးေအာင္ အမွည့္ေခြၽေႁခြေနပါတယ္။

က်ေနာ္ကေတာ့အႏုပညာလက္နက္နဲ႔ စစ္သားနဲ႔ရဲေတြတစ္ေယာက္ၿပီးတစ္ေယာက္ ျပည္သူနဲ႔ပူးေပါင္းဖို႔ဒီ႐ုပ္ရွင္နဲ႔ ဖိတ္ေခၚေနပါတယ္။

CDM စစ္သားတစ္ေယာက္ တိုးလာျခင္းဟာေရွ႕တန္းသြားမယ့္စစ္သားတစ္ေယာက္ က်ဆုံးျခင္းပါပဲ။

ဒီဇာတ္ကားကို႐ိုက္ရတဲ့ရည္႐ြယ္ခ်က္ကျပည္သူ႔ရင္ခြင္ခိုလႈံခဲ့ၾကေသာ စစ္သားႏွင့္ရဲ မ်ားကိုေလးစားဂုဏ္ျပဳေသာအားျဖင့္ ဒီဇာတ္လမ္းကို႐ိုက္ကူးခဲ့ပါသည္။

ဆက္လက္၍ျပည္သူနဲ႔အတူပူးေပါင္းဖို႔လည္း ဖိတ္ေခၚျခင္းအေနနဲ႔ ဒီ႐ုပ္ရွင္ကို႐ိုက္ကူးခဲ့ပါသည္။

ဒီဇာတ္ကားျဖစ္ေျမာက္ေရးအတြက္ ေက်းဇူးတင္ထိုက္သူေတြအမ်ားႀကီးရွိပါတယ္။

ဇာတ္ကားေတြျပန္႐ိုက္ျဖစ္ေအာင္႐ိုက္ဖို႔ အၿမဲတန္းခဏခဏလႈံ႕ေဆာ္ေပးခဲ့သလို လိုအပ္တဲ့ ႐ိုက္ကြင္းပစၥည္းမ်ားကို က်ေနာ္ဆီမေရာက္ေရာက္ေအာင္ပို႔ေပးတဲ့ ကိုေအာင္သူရႏွင့္အမည္မေဖာ္လိုသူ အစ္ကိုႀကီးတစ္ဦး၊

ပစၥည္မ်ားကို အေခါက္ေခါက္အခါခါ စိတ္မကြက္တန္းသယ္ယူေပးတဲ့ အဖြဲ႕အစည္းမွ လူႀကီးမ်ား၊က်ေနာ္မကြၽမ္းက်င္ေသာစစ္ဘက္ဆိုင္ရာကိစၥေတြကိုအႀကံေပးခဲ့ေသာ

CDMဗိုလ္ႀကီးခန႔္ကိုႏွင့္CDM စစ္သားမ်ား၊႐ိုက္ကူးခြင့္ေပးခဲ့ေသာ သက္ဆိုင္ရာ တပ္မဟာမွဗ်ဴဟာမႉး၊႐ုံးအထိုင္မႉးႏွင့္တပ္ရင္းမႉးမ်ား၊

လိုအပ္တာေတြကူညီေပးေသာ ဗိုလ္ရန္ႏိုင္၊ေကာ္ဘရာသူရဲေကာင္းႀကီးဗိုလ္တာေဘာ၊ေနစၾကာႏိုင္၊
ေနာက္ကြယ္က ႐ိုက္ကြင္းျဖစ္ေျမာက္ေရးအတြက္ကူညီေပးၾကေသာ အေက်ာ၊အေနာ၊အတီး၊ညီ၊ညီမမ်ား၊

တစ္ခါမွသ႐ုပ္ေဆာင္မလုပ္ဖူးၾကေသာရဲေဘာ္မ်ား၊PDFရဲေဘာ္မ်ားႏွင့္ေက်းဇူးတင္ထိုက္သူအားလုံးကို လႈိက္လႈိက္လွဲလွဲအထူးေက်းဇူးတင္ပါသည္။

မေသာက္မိေသာ မိုးခါးေရ မွရရွိမည့္ဝင္ေငြမ်ားကိုသက္ဆိုင္ရာေငြစာရင္းစစ္ေဆးမႈမ်ားခံယူၿပီးျပည္သူ႔ေတာ္လွန္ေရး၏ Drone တပ္မ်ားသို႔ ၇၀%လႉဒါန္းပံ့ပိုးမည္ျဖစ္ၿပီး က်န္ရွိေသာ၃၀% ကို အေရးေပၚလိုအပ္ခ်က္မ်ားသို႔ ကူညီေပးသြားမည္ျဖစ္ပါသည္။

“မေသာက္မိေသာမိုးခါးေရ” ႐ုပ္ရွင္ဇာတ္လမ္းတိုကို ျပသမည့္ ႏိုင္ငံမ်ား

***UK(London)

Date: 2nd October 2022

Time : 12:00 pm to 4:00 pm

Place : The Comedy Store, 1A Oxendon St, London, SW1Y 4EE

***Australia(Sydney)

Date: 6 Oct 2022 (6-8 pm) Place: Bryan Brown Theatre, Bankstown, Sydney, Australia

***Japan (Tokyo)

Date: 9th October 2022

Time : 11:00 pm to 19:00 pm

Place : 〒151-0053 2-12-3,Yoyogi,Shibuya-ku,Tokyo Japan

ပြဲစဥ္(၆)ပြဲျပသမည္။

USA (New York City)

Date : 22 October 2022

Time : 10 am to 4 pm (multiple shows)

Venue : TBD

#မေသာက္မိေသာမိုးခါးေရ

#ဒါ႐ိုက္တာကိုေပါက္

#shortfilm

unicode

အရင်ကလို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အဖြစ် ပြန်လည်ရှင်သန်လာခဲ့တဲ့ ဒါရိုက်တာကိုပေါက်

ကျနော်”မသောက်မိသော မိုးခါးရေ”

တော်လှန်ရေးရဲ့တစ်နှစ်ကျော်ကာလမှာ အရင်ကလို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အဖြစ် ပြန်လည်ရှင်သန်ဖို့ အထမြောက်ခဲ့ပါပြီ။

၂၀၂၁-ဝါခေါင်လပြည့်နေ့(ကရင်ရိုးရာလက်ချည်ပွဲနေ့)မှာ လွတ်မြောက်နယ်မြေကိုရောက်ခဲ့ပါတယ်။

လွတ်မြောက်နယ်မြေကိုထွက်လာခဲ့တာဟာတော်လှန်ရေးအတွက် အလုပ်တွေမလုပ်ရဘဲအာဏာရှင်လက်ပါးစေတွေရဲ့ ဖမ်းဆီးခြင်း၊ထောင်သွင်းအကျဉ်းချခြင်းတွေကို မခံချင်လို့ မခံနိုင်လို့ ရန်ကုန်ကို စွန့်ခွါပြီး တောထဲတိုးဝင်ခဲ့တာဖြစ်ပါတယ်။

တောထဲရောက်ရင် တော်လှန်ရေးရဲဘော်တွေအကြောင်း၊လူ့အခွင့်အရေးချိုးဖောက်ခံ တိုင်းရင်းသားတွေအကြောင်း documentaryတွေရိုက်မယ်၊ဇာတ်လမ်းတိုတွေရိုက်မယ် ဆိုပြီး မောင်းတင်ခဲ့တယ်။

တကယ်တမ်းလွတ်မြောက်နယ်မြေကိုရောက်လာတော့ စိတ်ကူးနဲ့လက်တွေ့က တခြားစီဖြစ်ကုန်တယ်။

များပြားလှတဲ့မြေပြင်လိုအပ်ချက်တွေ၊ကူညီရ ကယ်ဆယ်ရတဲ့ မိတ်ဆွေရဲဘော်တွေ၊ဒေသခံတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းရတာတွေ၊နောက်ကျောဓားနဲ့ထိုးတဲ့သူတွေ၊ကျေးဇူးကန်းစော်ကားကြသူတွေ၊

အထင်အမြင်လွဲအောင်သွေးခွဲသူတွေ၊နေရေးထိုင်ရေးစားရေးသောက်ရေးအတွက် ပြန်လည်အစပျိုးရတာတွေ အစရှိတဲ့ တော်လှန်ရေးနယ်မြေတွေမှာ တွေ့ရ ကြုံရ ရင်ဆိုင်ရတဲ့ ပြသနာတွေကြား ရုပ်ရှင်ဒါရိုက်တာစိတ်မွေးဖို့ ဆိုတာဘယ်လိုမှအဆင်မပြေခဲ့ပါဘူး။

ဒါပေမယ့်အခုအချိန်မှာတော့ဒီအခက်အခဲအတိုက်အခိုက်တွေကြားက ရုန်းထွက်နိုင်ခဲ့ပါပြီလို့ ပြောလို့ရပါပြီ။

အရင်က အမည်မဖော်ဘဲချပြခဲ့သော တစ်ချို့အနုပညာတွေကိုခဏဘေးဖယ်လို့ “ဒါရိုက်တာကိုပေါက်”
ဆိုတဲ့နာမည်ကိုသုံးပြီးကျနော့ရဲ့ တော်လှန်ရေးအနုပညာတစ်ခု ချပြဖို့အချိန်ရောက်လာပါပြီ။

“မသောက်မိသော မိုးခါးရေ”ဒီဇာတ်လမ်းတိုရုပ်ရှင်ကို သရုပ်ဆောင်မဟုတ်သောလွတ်မြောက်နယ်မြေရောက်အာဏာရှင်ကိုဆန့်ကျင်သော တော်လှန်ရေးရဲဘော်များ တိုင်းရင်းသားများနှင့် ရိုက်ကူးထားပါသည်။

(ဒီရုပ်ရှင်မှာ pro သရုပ်ဆောင် တစ်ယောက်မှမပါဝင်ထားပါဘူး)

ဒီဇာတ်လမ်းသည်CDMဗိုလ်ကြီးတစ်ဦး၏အဖြစ်အပျက်အမှန်ကို အခြေခံပြီး ရိုက်ကူးခဲ့ခြင်းဖြစ်ပါသည်။

PDF နှင့် တိုင်းရင်းသားအဖွဲ့တွေက စစ်မြေပြင်မှာရင်ဆိုင်တိုက်ပွဲတွေတိုက်ရင်း ရန်သူစစ်သားတွေတစ်ယောက်ပြီးတစ်ယောက်ကျဆုံးအောင် အမှည့်ချွေခြွေနေပါတယ်။

ကျနော်ကတော့အနုပညာလက်နက်နဲ့ စစ်သားနဲ့ရဲတွေတစ်ယောက်ပြီးတစ်ယောက် ပြည်သူနဲ့ပူးပေါင်းဖို့ဒီရုပ်ရှင်နဲ့ ဖိတ်ခေါ်နေပါတယ်။

CDM စစ်သားတစ်ယောက် တိုးလာခြင်းဟာရှေ့တန်းသွားမယ့်စစ်သားတစ်ယောက် ကျဆုံးခြင်းပါပဲ။

ဒီဇာတ်ကားကိုရိုက်ရတဲ့ရည်ရွယ်ချက်ကပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသော စစ်သားနှင့်ရဲ များကိုလေးစားဂုဏ်ပြုသောအားဖြင့် ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့ပါသည်။

ဆက်လက်၍ပြည်သူနဲ့အတူပူးပေါင်းဖို့လည်း ဖိတ်ခေါ်ခြင်းအနေနဲ့ ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့ပါသည်။

ဒီဇာတ်ကားဖြစ်မြောက်ရေးအတွက် ကျေးဇူးတင်ထိုက်သူတွေအများကြီးရှိပါတယ်။

ဇာတ်ကားတွေပြန်ရိုက်ဖြစ်အောင်ရိုက်ဖို့ အမြဲတန်းခဏခဏလှုံ့ဆော်ပေးခဲ့သလို လိုအပ်တဲ့ ရိုက်ကွင်းပစ္စည်းများကို ကျနော်ဆီမရောက်ရောက်အောင်ပို့ပေးတဲ့ ကိုအောင်သူရနှင့်အမည်မဖော်လိုသူ အစ်ကိုကြီးတစ်ဦး၊

ပစ္စည်များကို အခေါက်ခေါက်အခါခါ စိတ်မကွက်တန်းသယ်ယူပေးတဲ့ အဖွဲ့အစည်းမှ လူကြီးများ၊ကျနော်မကျွမ်းကျင်သောစစ်ဘက်ဆိုင်ရာကိစ္စတွေကိုအကြံပေးခဲ့သော

CDMဗိုလ်ကြီးခန့်ကိုနှင့်CDM စစ်သားများ၊ရိုက်ကူးခွင့်ပေးခဲ့သော သက်ဆိုင်ရာ တပ်မဟာမှဗျူဟာမှူး၊ရုံးအထိုင်မှူးနှင့်တပ်ရင်းမှူးများ၊

လိုအပ်တာတွေကူညီပေးသော ဗိုလ်ရန်နိုင်၊ကော်ဘရာသူရဲကောင်းကြီးဗိုလ်တာဘော၊နေစကြာနိုင်၊
နောက်ကွယ်က ရိုက်ကွင်းဖြစ်မြောက်ရေးအတွက်ကူညီပေးကြသော အကျော၊အနော၊အတီး၊ညီ၊ညီမများ၊

တစ်ခါမှသရုပ်ဆောင်မလုပ်ဖူးကြသောရဲဘော်များ၊PDFရဲဘော်များနှင့်ကျေးဇူးတင်ထိုက်သူအားလုံးကို လှိုက်လှိုက်လှဲလှဲအထူးကျေးဇူးတင်ပါသည်။

မသောက်မိသော မိုးခါးရေ မှရရှိမည့်ဝင်ငွေများကိုသက်ဆိုင်ရာငွေစာရင်းစစ်ဆေးမှုများခံယူပြီးပြည်သူ့တော်လှန်ရေး၏ Drone တပ်များသို့ ၇၀%လှူဒါန်းပံ့ပိုးမည်ဖြစ်ပြီး ကျန်ရှိသော၃၀% ကို အရေးပေါ်လိုအပ်ချက်များသို့ ကူညီပေးသွားမည်ဖြစ်ပါသည်။

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ပြသမည့် နိုင်ငံများ

***UK(London)

Date: 2nd October 2022

Time : 12:00 pm to 4:00 pm

Place : The Comedy Store, 1A Oxendon St, London, SW1Y 4EE

***Australia(Sydney)

Date: 6 Oct 2022 (6-8 pm) Place: Bryan Brown Theatre, Bankstown, Sydney, Australia

***Japan (Tokyo)

Date: 9th October 2022

Time : 11:00 pm to 19:00 pm

Place : 〒151-0053 2-12-3,Yoyogi,Shibuya-ku,Tokyo Japan

ပွဲစဉ်(၆)ပွဲပြသမည်။

USA (New York City)

Date : 22 October 2022

Time : 10 am to 4 pm (multiple shows)

Venue : TBD

#မသောက်မိသောမိုးခါးရေ

#ဒါရိုက်တာကိုပေါက်

#shortfilm

Leave a Reply

Your email address will not be published. Required fields are marked *