ကြားသိရသမျှ

နဂါးခေါင်းပုံ ပေါ်နေတဲ့ အုန်းပင်ကြောင့် ထိုင်းထီ ပေါက်ဖို့ ဆုတောင်းသူတွေ များပြာနေ

နဂါးခေါင်းပုံ ပေါ်နေတဲ့ အုန်းပင်ကြောင့် ထိုင်းထီ ပေါက်ဖို့ ဆုတောင်းသူတွေ များပြာနေ

နဂါးခေါင်းပုံ ပေါ်နေတဲ့ အုန်းပင်ကြောင့် ထိုင်းထီ ပေါက်ဖို့ ဆုတောင်းသူတွေ များပြာနေ၊

မြန်မာပြည်က ထမင်းပေါင်းအိုးမှာ ရွှေတိဂုံဘုရားပုံ ပေါ်တာ ဘာဟုတ်သေးလဲ၊ ထိုင်းမှာ နဂါးခေါင်းပါ ပေါ်နေပြီ..

ထိုင်းနိုင်ငံ၊ ပတ္တရား ကမ်းခြေအနီးမှာ အုန်းပင် တစ်ပင်က နဂါးခေါင်း သဏ္ဍာန် အုန်းဖူးတစ်ခိုင် ထူးထူးခြားခြား ထွက်ပေါ်နေလို့ ဒေသခံတွေ အများအပြား လာရောက် ကြည့်ရှုနေကြပါတယ်။

ဒီအုန်းပင်ဟာ ဆွမ်ဆက် နူကာဂျက်လို့ အမည်ရတဲ့ အသက် ၅၆ နှစ် အရွယ် အမျိုးသားရဲ့ ခြံဝန်းထဲမှာ ပေါက်နေတာလို့ သိရပါတယ်။

နဂါးဆိုတာ ထိုင်းလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ အရာတစ်ခု ဖြစ်လို့ အဲဒီအုန်းပင်ကို အမွှေးနံ့သာတွေနဲ့ ပက်ဖြန်း ပူဇော်နေပါတယ်။

ဒါ့အပြင် ထိုင်းလူမျိုးတွေရဲ့ ထုံးစံအတိုင်း ထူးခြားတဲ့ အရာတစ်ခုခု တွေ့ရင် ထိုင်းထီဂဏန်း ရှာလေ့ ရှိတာကြောင့်

ဒီအုန်းပင်မှာလည်း ထီဂဏန်းရှာသူ၊ ထီပေါက်ဖို့ ဆုတောင်းသူတွေနဲ့ စည်ကားနေပါတယ်။ (Siam Lottery)

Credit

unicode









Credit

Leave a Reply

Your email address will not be published. Required fields are marked *