ကြားသိရသမျှ

ဒေါ်လာ ၇…သန်းကို ဘာသုံးရမှန်းမသိလို့ ဆိတ်.. ၇ ကောင်တောင်းပြီး ရွာပြန်ခဲ့တဲ့ ပုလင်းမင်းသား (သို့) အာဖရိကမော့စ်

( ကမ္ဘာ့ရုပ်ရှင်လောကထဲဂင်းနစ်စံချိန်တင်ခဲ့သောလူရိုင်း(သို့) အောင်မြင်မူငွေကြေးချမ်းသာမူတွေကိုမသိခဲ့တဲ့မင်းသားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ )

. ” ပီတာက ဆိတ်၇ကောင်ပေး မယ်ဆိုလို့ကျတော်လိုက်လာတာ ရုပ်ရှင်ဆိုတဲ့စကားကိုကျတော် အခုမှကြားဖူးတာဗျ။ ဒီမှာနေအခါ၃၀ ဝင်တဲ့အထိနေရမယ်ပြောတယ်။ ပြီးရင်ကျတော် စန်တို့ရှိတဲ့ဆီကို ဆိတ် ၇ကောင်ယူပြီးပြန်မယ်။ ”

N!xau Toma

တောင်အာဖရိကတိုက်အစွန် နမီးဘီး ယားဆိုတဲ့နိုင်ငံသေးသေးလေးအပြင်မြို့ပြနဲ့မိုင် ပေါင်းများစွာဝေးတဲ့ အာဖရိကတောတွင်းတနေ ရာမှာ စန်ဆိုတဲ့အာဖရိကလူရိုင်းရွာလေးတရွာရှိခဲ့တယ်။

ဒီရွာလေးက နမီးဘီးယားနိုင်ငံထဲက ကာလာဟာရီ သဲကန္တာရထဲမှာရှိပြီး အာဖရိယလူ ရိုင်းမျိူးနွယ်တွေထဲမှာ ခေတ်နောက်အကျဆုံးလူ မျိူးစုတွေထဲက ၁၂ရာစုလူနေမူစနစ်လိုနေထိုင် ကြတဲ့ ဘာဆာဝါ ဆိုတဲ့လူရိုင်းမျိူးနွယ်စုရဲ့ရွာလေးပါ။

အမဲလိုက် ပျားအုံဖွတ် ငါးဖမ်းရင်း အသက်မွေး ကြပြီးလယ်ယာမြေစိုက်ပျိူးမူကိုတောင်မသိရှိသလို သူတို့ဘာသာ စကားဟာလူ၁သောင်းတောင် မသိတဲ့ဘာသာစကားတခုကို ပြောကြတဲ့လူရိုင်းမျိူးနွယ်ပါ။

၃.နှစ်လောက်နေမှမြို့ပြအမဲလိုက်အဖွဲ့တွေကိုတွေ့ရလေ့ရှိပြီး ဒါကိုကသူတို့အတွက်အထူးအဆန်းဖြစ်လေ့ရှိတဲ့ ကိစ္စပါ။ သူတို့ယုံ့ကြည်မူက တခြားလူရိုင်းတွေလိုနတ်ဘုရားနဲ့ယစ်ပူဇော်မူမဟုတ်ပဲ ရာသီဥတုကိုယုံကြည်ကိုးကွယ်ကြတဲ့လူမျိူးတွေပါ။

မှတ်တမ်းများအရ ဒီလူမျိူးစုစစ်စစ်ဟာ၂၀၀ကျော်သာကျန်တော့ပြီးသစ်တောပြူန်းတီးမူတောင်အာဖရိကကျွန်ပြုအလုပ်ကြမ်းလုပ်ခိုင်းတဲ့သူပုန်တွေကြောင့် မျိူးတုံးလုနီးပါးအခြေအနေကိုရောက်နေရပြီး လူ၃၀ကိုတရွာလောက်ပဲနေထိုင်မူတွေကြောင့် ဒီလူရိုင်းမျိူးနွယ်ဟာကမ္ဘာ့လူမျိူးစုထိန်းသိမ်းရေးအဖွဲ့တွေနဲ့အလှမ်းဝေးလွန်းခဲ့ပါတယ်။

အချိန်အားဖြင့် ၁၉၄၄ခုနှစ် ဒီဇင်ဘာလ ၁၆ရက်နေ့ ဒီရွာလေးမှာ N!xau Toma ဆိုတဲ့လူရိုင်းလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ မိခင်ဖြစ်သူ ဦးလေးဖြစ်သူတွေနဲ့တမိသားစုလုံးဟာ အာဖရိကဘိန်းမှောင်ခိုအဖွဲ့တော ပုန်းမူမှာကြုံရင် အသတ်ခံခဲ့ရပါတယ်။ ဒီလူရိုင်းလေးနဲ့သူ့အကို N!aau သာကျန်ခဲ့ပြီးတခြားရွာသူကြီးကသူတို့ညီကို၂ယောက်မွေးစားခဲ့ပါတယ်။

Niaau ဟာလဲ ၉နှစ်သားမှာအပျော်တမ်းအမဲလိုက်အဖွဲ့ကပစ်သတ်တာခံခဲ့ရပြီး Tomaတယောက်ထဲမိမဲ့ဖမဲ့မိသားစုမဲ့နဲ့ဘဝကိုစတင်ဖို့ဖြစ်လာခဲ့ပါတယ်။ Tomaကလူရိုင်းပေမယ့်ဥာဏ်တော့ကောင်းတယ်။

ရွာကလူတွေထဲအမဲလိုက်အကျွမ်းကျင်ဆုံးသူရဲကောင်းဖြစ်သလို ၁၉နှစ်သားမှာငါးမွေးမြူဖို့ရွံ့ကန်တခုကိုသူလုပ်ခဲ့ပါပြီ။ဒါကသာမာန်လူတွေအဖို့ကလေးတောင်သိတယ်ဆိုပေမယ့် ဒီလိုလူရိုင်းတွေအဖို့တော့နည်းပညာသစ်တခုပါပဲ။

အဆိပ်မှုတ်ပြောင်းကိုပေ၃၀နီးပါးပစ်နိုင်အောင်လုပ်တတ်ခဲ့သလို လေးကိုလဲပေါ့ပါးပြီးအဝေးပစ်နိုင်အောင်ရွာကလူတွေကိုသူသင်ကြားပေးနိုင်ခဲ့ပါပြီ။ သူများတွေတလလောက်လိုက်ရတဲ့အမဲအုပ်ကိုသူ၁၀ရက်နဲ့လိုက်နိုင်သလိုတောလဲကျွမ်းကျင်သူပေါ့။ ဒါကြောင့်လဲရွာမှာပျိူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်သလို Popularလဲဖြစ်လွန်းသူပါ။

ဒါပေမယ့်သူ့အသက်ကိုသူဘယ်လောက်ရှိမှန်းမရေနိုင်သလို တရက်တာအချိန်ကိုလဲနေဝင်နေထွက်တာနဲ့ပဲသိတဲ့သူပါ။ မိုးတခါရွာရင်တနှစ်လို့သိတဲ့လူမျိူးစုဖြစ်သလို သမင်အုပ်တောင်ဖက်ပြောင်းရင် ၁နှစ်လို့အကြမ်းဖျင်းသိတဲ့လူမျိူးစုပါ။

နှစ်လရက် နာရီတွေကိုမသိသလိုဂဏာန်းတွေကိုလဲမသိရှိသူပါ။ ရွာမှာဆိတ်၅ကောင်ရှိသူဟာသူဌေးစာရင်းဝင်ဖြစ်ပြီးကျွဲ၁၀ကောင်အမဲလိုက်နိုင်ရင် Heroပါပဲ။ ဒီလိုနဲ့သူ့ အသက် ၂၅လို့ထင်ရတဲ့အချိန်မှာတခြားရွာကသူကြီးသမီးနဲ့လက်ထပ်ခဲ့ပြီး သူ့ရွာမှာပဲနေထိုင်ခဲ့ပါတယ်။ ရွာဆိုတာကလဲလူ၃၅ယောက်သာရှိတဲ့ရွာလေးပါ။

Peter Jay
………

ပီတာကHollywood ရုပ်ရှင်လောကမှာ ထုတ်လုပ်သူတယောက်ဖြစ်တဲ့ JamieUys ရဲ့သားပေါ့။ သူကိုင်တိုင်လဲSettingသမားတယောက်ဖြစ်သလိုအငယ်တန်းဒါရိုက်တာတယောက်ပါ။သူဌေးသားဖြစ်ပေမယ့်အမဲလိုက်ရတာကိုဝါသနာပါသူတယောက်။

၁၉၇၉ခုနှစ်မေလမှာ သူနဲ့သူငယ်ချင်း၃ယောက်တောင်အာဖရိကကိုအမဲလိုက်ထွက်ခဲ့ပါတယ်။ကိုယ်ပိုင်ဂျက်လေယဉ်တစီးနဲ့သူငယ်ချင်းတွေအပျော်တမ်းအမဲလိုက်ရာကနေ အင်ဂျင်မတော်မဆမူဖြစ်ပြီးလေယာဉ်ပျက်ကျမူကြောင့်သူတို့သူငယ်ချင်းတသိုက်ဟာကံဆိုးခဲ့ရပါတယ်။ မြို့ပြနဲ့ဆက်သွယ်မူပြတ်သွားသလိုသူတို့လေယာဉ်ပျောက်ဆုံးမူဟာလဲသတင်းမှာပါခဲ့ပြီး တစီးလုံးသေဆုံးသွားကြောင်းကြေငြာခဲ့ပါတော့တယ်။

ရွာသူလူတွေနဲ့အမဲလိုက်ထွက်ရင်း Toma တွေ့သွားတာကဒီသူဌေးသားပီတာရဲ့အလောင်းကိုပါပဲ။ သေချာကြည့်မှမသေသေးပဲအသက်ရှင်နေသေးတာကိုသ်ိခဲ့လို့ရွာကိုကယ်လာပြီးဆေးကုပေးခဲ့ခဲ့ပါတယ်။

ကံကောင်းတယ်လို့ပဲပြောရမယ် ပီတာဟာအသက်ဘေးကနေဒီလူရိုင်းကြောင့်လွတ်ခဲ့ပါတယ်။ ဒါပေမယ့်ခြေထောက်တဖက်ကတော့ဆုံးရှူံးခဲ့ရပ်တယ်။ပီတာဟာဒီလူရိုင်းရွာမှာ ၅လအထိသောင်တင်ခဲ့ပြီးTomaနဲ့လဲသူငယ်ချင်းဖြစ်ခဲ့ပါတယ်။ပီတာက Tomaကို မြို့ပြရဲ့ဓလေ့တွေနေထိုင်မူတွေကိုသင်ပေးတယ်။ ဒါပေမယ့်Tomaကမှတ်နိုင်စွမ်းမရှိသလိုအလွဲလွဲအချော်ချော်လုပ်လို့ဟာသတွေဖြစ်ခဲ့ရတာပေါ့။

ပီတာကideaတခုရသွားတယ်။ဟာသကားတွေရိုက်တဲ့ Hollywoodကသူ့သူငယ်ချင်း Nic Dcနဲ့ဒီလူရိုင်းရဲ့အလွဲတွေကိုရုပ်ရှင်ရိုက်ရင်တော်တော်ရယ်ရမယ်ဆိုပြီးပေါ့။၁၉၇၉ခုနှစ်ဒီဇင် ဘာလမှာကံကောင်း ထောက်မစွာနဲ့ပဲအာဖရိကသစ်တောစောင့်ရှောက်ရေးစစ်သားတွေနဲ့ပီတာတွေ့သွားပြီး မြို့ကိုပြန်ဖို့အခွင့်အရေးရခဲ့ပါတော့တယ်။

ဒါပေမယ့်သူတယောက်ထဲမပြန်ဘူး။ Tomaကိုပါခေါ်သွားချင်တယ်။ Tomaကလဲမလိုက်ရဲဘူး။ဒီလိုနဲ့ Tomaကို ဆိတ်၇ကောင်ပေးမယ်ဆိုတဲ့ကမ်းလှမ်းမူနဲ့ရအောင်ခေါ်နိုင်ခဲ့ပါတယ်။ဆိတ်၇
ကောင်ဆိုတဲ့ပမာဏက Tomaအဖို့ရွာမှာသူဌေးဖြစ်မယ့်အခွင့်အရေးပဲလေ။ ဒါကြောင့်ပီတာနဲ့အတူလိုက်ဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။

The_Gods_Must_Be_Crazy

ဘုရားတွေရူးမလား လူတွေရူးမလားတော့မသိဘူး ဒီလို ၁၂၃၄ တောင်မသိတဲ့လူရိုင်းတကောင်ကိုမြို့ပေါ်ခေါ်လာပြီးရုပ်ရှင်ရိုက်ချင်တဲ့ပီတာရဲ့idea ကတော့တော်တော်ရူးလွယ်ပါတယ်ပေါ့ဗျာ။

အဖေဖြစ်သူ Jamie Uysကိုပြောတယ်ဒါပေမယ့်လက်မခံဘူး ။ ဘယ်ကလူရိုင်းကိုရုပ်ရှင်မင်းသားတင်မလဲပေါ့ ဒီကောင်ရူးနေပြီလားပေါ့ အဖေဖြစ်သူက။ ဒါပေမယ့်သားဖြစ်သူရဲ့စိတ်အားထက်သန်မူနဲ့ ရုပ်ရှင်အပေါ်စိတ်ဝင်စားမူသိပ်မရှိခဲ့ပဲ လေနေတဲ့သားကပြောလာတော့အဖေဖြစ်သူကလက်ခံခဲ့ပါတော့တယ်။

သူကိုယ်တိုင် Producerလုပ်ပြီးဒါရိုက်တာတွေကိုခေါ်ပေမယ့်ဘယ်သူမှလက်မခံတဲ့အပြင်အဟားပါခံခဲ့ရတယ်။နောက်ဆုံးသူကိုယ်တိုင်ပဲဒါရိုက်တာလုပ်ရိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ The Gods Must Be Crazy ဆိုတဲ့ဒီကားကို ၁၉၈၄ခုနှစ် ဇူလိုင်လ ၉ရက်နေ့မှာ အာဖရိက အမေရိကနဲ့ ဥရောပမှာရုံတင်ခဲ့ပါတယ်။

၅သန်းပဲအကုန်ကျခံခဲ့တဲ့ဒီကားဟာ $60,000,000 ကျော်ရခဲ့သလို မထင်ထားတဲ့ရုပ်ရှင်လောကသားတွေကြားထဲဒီလူရိုင်းက တစ်လအတွင်းရုပ်သံသတင်းတွေ interview တွေမှာပါလာခဲ့ပါတယ်။

ဒီကားကိုရိုက်ဖို့အခက်အခဲများစွာရှိခဲ့သလို Cameraနဲ့ချိတ်ထားရင်သေနပ်ထင်လို့လန့်ပြီးဝပ်မှောက်တတ်တဲ့ဒီလူရိုင်းကြောင့် Cameraတွေကိုအဝတ်နဲ့အုပ်ပြီးရိုက်ကူးခဲ့ရသလို ဒိုင်ယာလော့တွေကိုအလုံး၁၀ထက်ပိုသင်လို့မရလို့ဖြတ်ဖြတ်ပြီးရိုက်ခဲ့ရပါတယ်။

ထူးခြားမူကတော့ဒီကားထဲကရိုက်ကွက်တွေဟာ Toma သရုပ်ဆောင် နေတာမဟုတ်ပဲတကယ်ထင်ပြီးလုပ်ခဲ့ပြေးခဲ့တာတွေများပါတယ်။ ဒီကားဟာဒေါ်လာအမြတ်ငွေ သန်း၁၁၀ကျော်အထိတစ်နှစ်အတွင်းရခဲ့သလိုTomaဟာလဲနိုင်ငံတကာဆုတွေရခဲ့ပါတယ်။ ဒီကားအတွက်Tomaဟာဒေါ်လာ၇သန်းရခဲ့ပါတယ်။ ဒါပေမယ့်ဒီဒေါ်လာတွေကိုသူဘာမှန်းမသိလို့လာမခံခဲ့ပဲပီတာကိုပဲ
ဆိတ်၇ကောင်လိုချင်ကြောင်းပြောခဲ့ပါတယ်။

ပီတာဟာဒါကြောင့် Tomaကိုဆိတ်အကောင်၃၀နဲ့အတူသူ့ရွာကိုပြန်ပို့ခဲ့ပြီး ဒေါ်လာ၃၀၀ကိုလဲသူမလိုချင်တောင်အမှတ်တရသိမ်းထားဖို့ထည့်ပေးခဲ့ပါတယ်။ဒါပေမယ့်ဒီမှာတင်မပြီးသွားဘူး။The Gods Must Be Crazy ကအရမ်းအောင်မြင်လို့ 2ကိုထပ်ရိုက်ဖို့ကမ္ဘာ့အနှံ့ကToma Fan တွေကတောင်းဆိုမူတွေများလာခဲ့ပါတယ်။

ဒီအခါမှာတော့ The Gods Must Be Crazy 2 .ကို Hollywood ရုပ်ရှင်ထုတ်လုပ်ရေးကြီး .20th Century Fox ကထုတ်လုပ်ဖို့ကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။TGMBC 2 ကို၁၉၉၀.ခုနှစ် ဧပြီလ၁၃ရက်နေ့မှာထပ်မံရုံတင်ခဲ့ပါတော့တယ်။

ရှေ့က1ကားလိုပဲ အောင်မြင်မူများစွာရခဲ့ပြီးဒေါ်လာသန်း၁၅၀ ကျော်အထိအမြတ်ငွေရရှိခဲ့ပါတယ်။ဒီကားမှာတော့ Tomaရဲ့မိသားစုတစုလုံးကပါဝင်ရိုက်ကူးခဲ့ပြီးသားဖြစ်သူတွေ ရေကားနောက်ပါသွားမူကိုစိုးရိမ်တကြီးနဲ့နောက်ကလိုက်တဲ့ဖခင်တယောက်ရဲ့မေတ္တာကိုရိုက်ကူးခဲ့တဲ့ကားပေါ့။

ဒီကားမှာသားဖြစ်သူတွေရဲ့ဟာသအလွဲတွေလဲပါဝင်လာသလို ဖခင်ဖြစ်သူရဲ့ကြောင်တောင်တောင်ဓလေ့စရိုက်တွေလဲပါလာခဲ့ပါတယ်။ကလေးတွေဖြစ်ပေမယ့်တောတောင်ထဲအန္တရယ်ကြုံလာရင်ကိုယ်တိုင်ကာကွယ်မူတွေ လူရိုင်းတွေရဲ့ရိုးသားတဲ့အကျင့်စရိုက်တွေကိုဒီကားမှာမြင်ရသလိုဟာသရောကြေကွဲစရာလေးတွေကိုပါမြင်ရစေတဲ့ကားတကားပါ။

ဒီကားအပြီးမှာတော့ Toma ရဲ့လုပ်ဆောင်ချက်ကအရမ်းကြီးမားသွားခဲ့ပါပြီ။ ကမ္ဘာပေါ်ကမဖွံ့ဖြိုးသေး မြို့ပြနဲ့ဝေးတဲ့နေရာတွေက လူရိုင်းတွေရဲ့ဘဝကိုတကမ္ဘာလုံးသိအောင်ပြသခဲ့သလို Tomaဟာလဲကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေကိုကမ္ဘာကပစ်ထားမူကိုချပြလိုက်တဲ့ဇာကောင်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါတင်မကပါဘူး Tomaဟာကမ္ဘာ့လူရိုင်းမျိူးနွယ်စုတွေကိုထိန်းသိမ်းကာကွယ်ရေးသံတမန်အဖြစ်ရောတောင်အာဖရိကလူမည်းတွေရဲ့စားဝတ်နေရေးသံတမန်အဖြစ်ပါခန့်အပ်ခံခဲ့ရပါတယ်။ဒါပေမယ့်သူဘာမှမသိဘူး interviewတိုင်း talkshow
တိုင်းရယ်ပြတာကလွဲရင်သူဘာမှမသိမပြောတတ်မလုပ်တတ်ခဲ့ပါဘူး။

ဒီ၂ကားအပြီးမှာတော့TomaဟာHollywood အာဖရိကတင်မကပဲဟောင်ကောင်ရုပ်ရှင်လောကကပါကမ်းလှမ်းခြင်းခံခဲ့ရပါတော့တယ်။ ဟောင်ကောင်ထုတ်လုပ်ရေးနဲ့ပထမဆုံးရုံတင်လာတဲ့ကားက Crazy Safari ဒီကားကလဲရှေ့ကTGMBC တွေလိုပဲအောင်မြင်ခဲ့ပါတယ်။

ဟောင်ကောင်ဒေါ်လာသိန်း၁၀၀ .ကျော်ရခဲ့သလို Tomaရဲ့ဘရုစလီလိုလုပ်ကွက်တွေကလဲဘရုစလီနဲ့တူအောင်ရိုက်တဲ့သူတွေထဲအအောင်မြင်ဆုံးဖြစ်ခဲ့ပါတယ်။ တရုတ်သရဲတကောင်နဲ့တိုင်ပတ်နေတဲ့လူရိုင်းကားပေါ့။ဒီကားအပြီး Tomaဟာ Crazy Hong Kong(1993) / The Gods Must Be Funny in China (1994) / Sekai Ururun Taizaiki ( 1996 )ကားတွေကိုထွက်ခဲ့ပြီးလူရိုင်းတွေထဲအောင်မြင်မူအကြီးမားဆုံးလူသားအဖြစ် 1996ခုနှစ်မှာဂင်းနစ်စံချိန်ဝင်ခဲ့ပြီးရုပ်ရှင်သမိုင်းမှာ ဟာသလူရိုင်းသရုပ်ဆောင်အဖြစ်တသက်တာအနုပညာရှင်ဆုကိုရခဲ့ပါတော့တယ်။

TomaဟာSakei Ururun Taizaiki .ဇာတ်ကားအပြီးမှာတော့သူ့ရွာကိုပဲပြန်ချင် ကြောင်းပြောလာခဲ့လို့ပီတာကပို့ပေးခဲ့ပြီးရုပ်ရှင် ဘယ်တော့မှထပ်မရိုက်တော့ပဲမိသားစုနဲ့အတူ ရွာမှာပဲအမဲလိုက်ရင်းနေထိုင်ခဲ့ပါတော့တယ်။သူဟာဒီဆယ်စုနှစ်အတွင်း ဒေါ်လာသန်း၇၀ကျော်ရရှိခဲ့ပေမယ့် ဒီစက္ကူတွေကသူ့မိသားစုအတွက်အသုံးမဝင်ကြောင်းပြောခဲ့ပြီး အာဖရိကကလေး
သူငယ်များအစာအဟာရချို့တဲ့မူFoundationကိုအကုန်လှူတန်းခဲ့ပါတယ်။

Tomaဟာကမ္ဘာပေါ်ကလူရိုင်းတွေရဲ့နေထိုင်မူ ရိုးသားမူ တောင်အာဖရိကရဲ့လူမည်းတွေရဲ့ဒုက္ခရောက်နေမူကို ကမ္ဘာကိုသိအောင်ပြောကြားခဲ့သူဖြစ်ပြီးရုပ်ရှင် လောကမှာပထမဆုံးလူရိုင်းမင်းသားတယောက်အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။၂၀၀၃ခုနှစ်ဇူလိုင်လ ၁၂ရက်နေ့မှာတော့ Toma ဟာငှက်ဖျား ရောဂါနဲ့ကွယ်လွန်သွားခဲ့ပါတယ်။

ရုပ်ချောမှ စကားပြောကောင်းမှဆိုတဲ့အနုပညာလောကမှာဒီလူရိုင်းကဘာမှသေချာမပြောတတ်ပဲ ဂဏာန်းအလုံး၂၀ထိပိုမမှတ်တတ်ပဲ ငွေတွေနာမည်ကြီးမူတွေအောင်မြင်မူတွေကိုမသိပဲ ဝင်ရောက်လာခဲ့ပြီးကမ္ဘာ့ရုပ်ရှင်လောကမှာနာမည်တခုထားသွားခဲ့ပါတယ်။

အာဖရိကမော့စ် ပုလင်းမင်းသားလို့မြန်မာကသိကြတဲ့ .Toma ဟာဂျစ်ကားပြောင်းပြန်မောင်းတာတွေခြင်္သေ့လိုက်လို့ပြေးတာတွေ ပုလင်းတလုံးနဲ့တရွာလိုက်ပြသနာတက်တာတွေ မြို့ပြကိုသားဖြစ်သူတွေနောက်လိုက်ရင်းဝရုန်းသုန်းကားဖြစ်တာတွေ တရုတ်သရဲနဲ့အသီးခူးတာတွေ တောတွင်းဟာသအလွဲတွေနဲ့ သူ့အရိုးသားဖြူစင်တဲ့အပြူံးဘဝမှာမိသားစုကလွဲပြီးဘာမှမသိတဲ့လူတယောက်အဖြစ် ငွေကြေးအောင်မြင်မူတွေမရှိပဲပျော်ရွှင်တဲ့လူတယောက်အဖြစ်နေနိုင်ကြောင်းလူရိုင်းတွေရဲ့အရိုးခံစိတ်ထားတွေက ကမ္ဘာ့ရုပ်ရှင်လောကမှာရောကမ္ဘာပေါ်ကလူတွေအတွက်မှာမမေ့နိုင်စရာလူတယောက်ပါ။

သူဒေါ်လာသန်းချီပိုင်ဆိုင်ခဲ့တယ်။ ဒါပေမယ့် ဒီချမ်းသာမူတွေနဲ့မိသားစုဘဝကိုမလဲခဲ့ဘူး။ သူအောင်မြင်မူ Star Idol Fan ပရိတ်သတ်ဆိုတာကိုမသိဘူး။ဒီလိုလူရုပ်ရှင်လောကမှာရော အနုပညာလောမှာပါတယောက်မှမရှိပါဘူး။

တစ်ချိန်က မြန်မာပြည်ရုပ်ရှင်ကြည့် ပရိတ်သတ် များလည်းကြိုက်နှစ်ခဲ့သည့် မင်းသားတစ်ဦး ကောင်းမွန်ရာ ဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းရင်း စာစုကို အဆုံးသတ် လိုက်ရပါတယ်…။ ။

Crd,မူရင်းရေးသားသူအားလေးစားစွာဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *