ကြားသိရသမျှ

အလှမယ်ဟန်လေးရဲ့ ယနေ့သိရတဲ့ နောက်ဆုံးရသတင်း

အလှမယ်ဟန်လေး မြန်မာရဲနဲ့တွေ့ဖို့ငြင်းဆိုမှုကို ထိုင်းလဝက လက်ခံပြီး ဆက်လက်စောင့်ရှောက်ထား

ထိုင်းလေဆိပ်မှာ ဆက်လက်ရှိနေ

အလှမယ် ဟန်လေးကို မြန်မာရဲတပ်ဖွဲ့ဘက်က ဘန်ကောက်က လေဆိပ်မှာ စက်တင်ဘာ ၂၂ ရက် မြန်မာစံတော်ချိန်သန်းခေါင်ယံမှာ လာရောက်တွေ့ဆုံဖို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကတစ်ဆင့် ဆက်သွယ်လာခဲ့တာကို ဟန်လေးက ငြင်းဆိုခဲ့တဲ့နောက်လက်ရှိမှာ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာပဲ ဒီနေ့ စက်တင်ဘာ ၂၃ ရက်မနက်ထိ လုံလုံခြုံခြုံဆက်ရှိနေပါတယ်။

“ကျွန်မကို ညက ထိုင်းလဝကအရာရှိက ဖုန်းဆက်လာပြီး မြန်မာရဲတွေရောက်လာတယ်။ သူတို့နဲ့တွေ့ချင်လား။ တွေ့ချင်ရင် ငါတို့ဘက်က ထိုင်းရဲလည်းထည့်ပေးမယ်။ အစောင့်အရှောက်တွေလည်း ထည့်ပေးမယ်။ နင် တွေ့ချင်လားစကားပြောချင်လားပေ့ါနော်။

ကျွန်မက မတွေ့ချင်ဘူး။ စကားလည်းမပြောချင်ဘူးလို့ပြောလိုက်တော့ လဝက အရာရှိက
အေးအေးဆေးဆေးပဲလက်ခံတယ်။ UNHCR ကလည်း ညီမကို ထွက်မတွေ့ဖို့ မှာထားတာလေ။ အခုဒီမနက်ထိ အေးအေးဆေးဆေးပဲ။

လေဆိပ်ထဲက ဟိုတယ်တစ်ခုမှာ ထားပေးထားတယ်။ အခု ညီမ ထိုင်းလဝက အရာရှိနဲ့ UNHCR က တာဝန်ရှိသူတစ်ဦး ညီမဆီလာနေတာကို စောင့်နေတာပါ” လို့ ဟန်လေးက ဘီဘီစီကိုပြောပါတယ်။

ဟန်လေးရဲ့ပတ်စ်ပို့ကို မြန်မာဘက်က ပျောက်ဆုံးအနေနဲ့ ဗီယက်နမ်ဘက်ကို လှမ်းအကြောင်းကြားထားကြောင်းနဲ့ ထိုင်းကို ပြန်လည်ဝင်ရောက်ချိန်မှာ သူ့ရဲ့ပတ်စ်ပို့ကိုစစ်ဆေးရာမှာ အင်တာပိုလ်စာရင်းထဲ ပါနေပြီး မြန်မာမှာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ပါရှိနေတာြဖစ်ပါတယ်။

ဟန်လေးကို မြန်မာစစ်ကောင်စီက ပုဒ်မ ၁၂၄ (က)နဲ့ တရားစွဲထားပြီးဖမ်းဝရမ်းထုတ်ထားပါတယ်။

BBC Burmese

Leave a Reply

Your email address will not be published. Required fields are marked *