ကြားသိရသမျှ

အရေးကြီးလို့ အမြန်စစ်ကြည့်ပါ…ကိုယ့်ဆင်းကဒ်က ဘာအမည်နဲ့ မှတ်ပုံတင်ထားလဲဆိုတာ စစ်နည်း

အရေးကြီးလို့ အမြန်စစ်ကြည့်ပါ…ကိုယ့်ဆင်းကဒ်က ဘာအမည်နဲ့ မှတ်ပုံတင်ထားလဲဆိုတာ စစ်နည်း

KBZ Pay ဖွင့်ထားတဲ့ နာမည်နဲ့ Sim Crad မှတ်ပုံတင်ထားတဲ့ နာမည် မတူရင်

(တစ်နည်းပြောရရင်)

KBZ Pay ဖွင့်ထားတဲ့ မှတ်ပုံတင်နဲ့

Sim Card မှတ်ပုံတင်ထားတဲ့ မှတ်ပုံတင် မတူရင် အကောင့်ပိတ်မယ်ကြားသလို

တချို့ကျပြန်တော့လည်း မတူတဲ့အတွက် Livel 1 ကော Livel 2 ပါ အပိတ်ခံနေရပြီလို့ ကြားရပါတယ်။

ဒါ့အပြင် မှတ်ပုံမတင်တဲ့ဆင်းကဒ်တွေကို ပိတ်မယ့်အပြင် လက်ကျန်ငွေတွေကိုပါ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းမယ်လို့လည်း သိရပါတယ်။

ဖုန်း SIM Cardတွေကို မှတ်ပုံတင်ထားဖို့လိုအပ်ကြောင်းနဲ့ မှတ်ပုံတင်ပြုလုပ်ပြီးသား ဆင်းကဒ်တွေကိုလည်း

မှတ်ပုံတင်ချိန်က ဖြည့်စွက်ထားတဲ့ အမည်၊ မှတ်ပုံတင်အမှတ်တွေကို လ.ဝ.က e-ID Database အချက်အလက်တွေ နဲ့ တိုက်ဆိုင်စစ်ဆေးမည်ဟု ရေးသားဖော်ပြထားသည်။

ထိုအပြင် အချက်အလက်မကိုက်ညီရင်လည်း ဆင်းကဒ်တွေကိုပိတ်ပြီး လက်ကျန်ငွေကို ဘဏ္ဍာငွေအဖြစ်သိမ်းမယ်ဟု ထုတ်ပြန်ထားသည်။

ကိုယ့် Sim Card က ဘာအမည်နဲ့ မှတ်ပုံတင်ထားလဲဆိုတာ ပြန်စစ်ကြည့်ကြဦးနော်။

မတူရင်လည်း မှတ်ပုံပြန်တင်ကြပေါ့။

Sim Card မှတ်ပုံတင် စစ်ဆေးရန်

MPT – *601#

Ooredoo – *666#

Telenor – *979*3*3#

Mytel – *966# , 6 , 2

အဆင်ပြေကြပါစေ။

တက္ကသိုလ် လုလင် (2၁-9-2022 TUE)

unicode














MPT – *601#

Ooredoo – *666#

Telenor – *979*3*3#

Mytel – *966# , 6 , 2


တက်ကသိုလျ လုလငျ (2၁-9-2022 TUE)

Leave a Reply

Your email address will not be published. Required fields are marked *