ေယာက်္ားျဖစ္သူအား ခင္၀င့္၀ါကို ရရင္ယူမွာလားဟု ေမးလိုက္ေသာအခါ
” ေယာက်္ား..”
” ေဟ..”
” ေတာ္…ခင္ဝင့္ဝါကို..ေတာ္ေတာ္ ႀကိဳက္လား..?”
” ဟမ္..ဘာျဖစ္လို႔တုန္း..”
” က်ဳပ္ေမးတာ..ေျဖစမ္းပါ..။ ေတာ္..ခင္ဝင့္ဝါကို..ေတာ္ေတာ္ႀကိဳက္လားလို႔..”
” ေနပါအုံး မိန္းမရယ္ ။ ဘာျဖစ္လို႔..အဲ့ဒါ..လာေမးေနတာလဲ? ”
” ဘာျဖစ္ရမလဲ! ..။ ေတာ္က..တစိတ္ရွိ..ပါးစပ္က..ခင္ဝင့္ဝါ.. ခင္ဝင့္ဝါ.. နဲ႔..။တီဗိီက. ခင္ဝင့္ဝါ ေၾကာ္ျငာေလးမ်ား လာရင္လည္း..မ်က္ေတာင္ကို မခပ္ဘူး..။..က်ဳပ္တစ္ေယာက္လုံး..ေဘးမွာ ရွိေနတာကို..တစိတ္ရွိ..အဲ့ခင္ဝင့္ဝါ..ပဲ..ျဖစ္ေနတာ..။ အဲ့ဒါ..ရွင္..ေတာ္ေတာ္ ႀကိဳက္ေနလား..လို႔..”
” မဆိုင္ဘူးေလ..မိန္းမရယ္ ။ သူက မင္းသမီးေလ..”
” မင္းသမီးျဖစ္ျဖစ္..ဘာျဖစ္ျဖစ္ရွင္ ။ ရွင္..အဲ့သည့္ ခင္ဝင့္ဝါ ကို..ရရင္..တကယ္ ယူမလား..?”
” မျဖစ္နိုင္တာပဲ မိန္းမရယ္..”
” ျဖစ္နိုင္တာ..မျဖစ္နိုင္တာ..အသာထား။ က်ဳပ္ေမးတာပဲ..ေျဖ။ေတာ္..အဲ့ခင္ဝင့္ဝါက..ေတာ့္ကို..ယူမယ္ဆိုရင္..ေတာ္ ယူမလား..လို႔..”
” မိန္းမရယ္..။မဟုတ္တာကို..မရစ္စမ္းပါနဲ႔..။ ဟိုက..မင္းသမီးေလ..ငါ့လိုေကာင္ကို..ယူမလား..။ျဖစ္မွ မျဖစ္နိုင္တာကို..”
” မျဖစ္နိုင္ရင္လည္း..ေတာ့္ပါးစပ္က..ဘာလို႔..အဲ့မင္းသမီးနာမည္ပဲ..တဖြဖြ ရြတ္ေနရတာလဲ ။ ဘာလို႔..အဲ့မင္းသမီးလာရင္..ျပဴးျပဲ ၾကည့္ေနရတာလဲ..?..။ ကဲ..ေျပာ..”
” ဪ..မိန္းမရယ္ ။ ဒါကေတာ့..လူတိုင္းမွာ..ရွိတဲ့ အာသီသ..အခ်စ္မ်ိဳးေပါ့..။အာသီသ တစ္ခု အေနနဲ႔….ခ်စ္လို႔ ခ်စ္တာ..။ ခ်စ္စရာေကာင္းလို႔..ခ်စ္တာေလ..။သူ႔ကို ခ်စ္တဲ့အခ်စ္က..လုံးဝ အျဖဴထည္..။ဘာအေရာင္..ဘာကာလာမွ..မပါဘူး။ အဲ့သည့္အခ်စ္မွာ..ရယူလိုတာေတြ..မပါဘူး။..ပိုင္ဆိုင္လိုတာေတြ မပါဘူး။ ကာမတဏွာေတြ မပါဘူး..။ ဥပမာ..Ahpine ေသာက္ေရသန္႔ေလးလို ေပါ့..။..ျဖဴျဖဴစင္စင္ ၾကည္ၾကည္လင္လင္..ခ်စ္တဲ့အခ်စ္မ်ိဳးပါကြာ…”
“. .ဒါျဖင့္…က်ဳပ္ၾကေတာ့ေကာ..?”
” ဪ..မင္းၾကေတာ့..အမ်ားႀကီး ပါသြားၿပီေလ။ မင္းကို ခ်စ္တဲ့အခ်စ္မွာ ၾကေတာ့…။ကာမတဏွာ ပါမယ္။ရယူပိုင္ဆိုင္လိုတဲ့ အတၱေလာဘ ပါမယ္ ။ မခြဲမခြာ ေနခ်င္တဲ့ သံေယာဇဥ္ ဆိုတာ ပါမယ္။အနာဂတ္ကို ပုံေဖာ္မယ့္ ရည္ရြက္ခ်က္ ဆိုတာပါမယ္။..သိုက္ျမဳံတဲ့မိသားစုေလး..တည္ေဆာက္ခ်င္တဲ့.အိပ္မက္..ဆိုတာကလည္း..ပါအုံးမယ္..။..အိုကြာ..မင္းကို..ခ်စ္တဲ့အခ်စ္မွာၾကေတာ့….အမ်ားႀကီး အမ်ားႀကီးေပါ့..”
” အင္း..ဒါဆို..က်ဳပ္ၾကေတာ့..ဘာနဲ႔တူသလဲ..?”
” အယ္..မင္းၾကေတာ့….ေရႊရင္ေအး တစ္ခြက္လိုေပါ့.မိန္းမရယ္..။ေပါင္မုန္႔ေတြ ေကာက္ညႇင္းေတြ..ေက်ာက္ေက်ာေတြ..နို႔ေတြ..မုန္႔လက္ေဆာင္းေတြ..အို.. အဲ့လို စုံစိေအာင္ ပါေနတဲ့..အေမာေျပ..ေရႊရင္ေအးေလး..တစ္ခြက္လိုေပါ့..”
” အမေလး..တတ္လိုက္တာေနာ္ ။ေယာက်္ား..ခုလို ရွင္းျပလိုက္ေတာ့လည္း..ဟုတ္ေနတာပဲ..။ နားလည္ပါၿပီေတာ္..”
” အဲ့ဒါပဲေလ..မိန္းမရယ္။ ေရႊရင္ေအးနဲ႔ ေရသန္႔..။အရသာခ်င္း..တန္ဖိုးခ်င္း..တူမလား..။ဟုတ္တယ္ေနာ္..။
..ကဲ..မင္းေျပာသလို….ခင္ဝင့္ဝါက..ငါ့ကို ယူမယ္ပဲ..ထား။ ငါက..ယူလို႔..ရမလား?။မရဘူးေနာ္..”
” ဘာျဖစ္လို႔လဲ..?”
” ဟ…မင္းစဥ္းစားၾကည့္ေလ။သြသူ..ဘယ္ေလာက္ပဲ..ၾကည္သန္႔ေနတဲ့ေရ..ျဖစ္ျဖစ္။..ေရႊရင္ေအးထဲ..လာေရာရင္….အဲ့ေရႊရင္ေအးက..ေကာင္းပါေတာ့မလား။ပ်က္ၿပီေလ။ ..ဟုတ္တယ္ေနာ္”
“အို..ဟုတ္တာေပါ့..ေယာက်္ားရယ္။ ၾကည့္စမ္း..ငါ့ေယာက်္ား..ေတာ္လိုက္တာ..”
“. .အဲ့ဒါ..ေျပာတာ..။ေရႊရင္ေအး စားၿပီးမွ….ေရ ေသာက္ရင္ေတာ့..တစ္မ်ိဳးေပါ့..”
“ဘာ…!”
???????
#လူခၽြန္ေတာ္
unicode
ယောကျ်ားဖြစ်သူအား ခင်ဝင့်ဝါကို ရရင်ယူမှာလားဟု မေးလိုက်သောအခါ
” ယောကျ်ား..”
” ဟေ..”
” တော်…ခင်ဝင့်ဝါကို..တော်တော် ကြိုက်လား..?”
” ဟမ်..ဘာဖြစ်လို့တုန်း..”
” ကျုပ်မေးတာ..ဖြေစမ်းပါ..။ တော်..ခင်ဝင့်ဝါကို..တော်တော်ကြိုက်လားလို့..”
” နေပါအုံး မိန်းမရယ် ။ ဘာဖြစ်လို့..အဲ့ဒါ..လာမေးနေတာလဲ? ”
” ဘာဖြစ်ရမလဲ! ..။ တော်က..တစိတ်ရှိ..ပါးစပ်က..ခင်ဝင့်ဝါ.. ခင်ဝင့်ဝါ.. နဲ့..။တီဗီက. ခင်ဝင့်ဝါ ကြော်ငြာလေးများ လာရင်လည်း..မျက်တောင်ကို မခပ်ဘူး..။..ကျုပ်တစ်ယောက်လုံး..ဘေးမှာ ရှိနေတာကို..တစိတ်ရှိ..အဲ့ခင်ဝင့်ဝါ..ပဲ..ဖြစ်နေတာ..။ အဲ့ဒါ..ရှင်..တော်တော် ကြိုက်နေလား..လို့..”
” မဆိုင်ဘူးလေ..မိန်းမရယ် ။ သူက မင်းသမီးလေ..”
” မင်းသမီးဖြစ်ဖြစ်..ဘာဖြစ်ဖြစ်ရှင် ။ ရှင်..အဲ့သည့် ခင်ဝင့်ဝါ ကို..ရရင်..တကယ် ယူမလား..?”
” မဖြစ်နိုင်တာပဲ မိန်းမရယ်..”
” ဖြစ်နိုင်တာ..မဖြစ်နိုင်တာ..အသာထား။ ကျုပ်မေးတာပဲ..ဖြေ။တော်..အဲ့ခင်ဝင့်ဝါက..တော့်ကို..ယူမယ်ဆိုရင်..တော် ယူမလား..လို့..”
” မိန်းမရယ်..။မဟုတ်တာကို..မရစ်စမ်းပါနဲ့..။ ဟိုက..မင်းသမီးလေ..ငါ့လိုကောင်ကို..ယူမလား..။ဖြစ်မှ မဖြစ်နိုင်တာကို..”
” မဖြစ်နိုင်ရင်လည်း..တော့်ပါးစပ်က..ဘာလို့..အဲ့မင်းသမီးနာမည်ပဲ..တဖွဖွ ရွတ်နေရတာလဲ ။ ဘာလို့..အဲ့မင်းသမီးလာရင်..ပြူးပြဲ ကြည့်နေရတာလဲ..?..။ ကဲ..ပြော..”
” ဪ..မိန်းမရယ် ။ ဒါကတော့..လူတိုင်းမှာ..ရှိတဲ့ အာသီသ..အချစ်မျိုးပေါ့..။အာသီသ တစ်ခု အနေနဲ့….ချစ်လို့ ချစ်တာ..။ ချစ်စရာကောင်းလို့..ချစ်တာလေ..။သူ့ကို ချစ်တဲ့အချစ်က..လုံးဝ အဖြူထည်..။ဘာအရောင်..ဘာကာလာမှ..မပါဘူး။ အဲ့သည့်အချစ်မှာ..ရယူလိုတာတွေ..မပါဘူး။..ပိုင်ဆိုင်လိုတာတွေ မပါဘူး။ ကာမတဏှာတွေ မပါဘူး..။ ဥပမာ..Ahpine သောက်ရေသန့်လေးလို ပေါ့..။..ဖြူဖြူစင်စင် ကြည်ကြည်လင်လင်..ချစ်တဲ့အချစ်မျိုးပါကွာ…”
“. .ဒါဖြင့်…ကျုပ်ကြတော့ကော..?”
” ဪ..မင်းကြတော့..အများကြီး ပါသွားပြီလေ။ မင်းကို ချစ်တဲ့အချစ်မှာ ကြတော့…။ကာမတဏှာ ပါမယ်။ရယူပိုင်ဆိုင်လိုတဲ့ အတ္တလောဘ ပါမယ် ။ မခွဲမခွာ နေချင်တဲ့ သံယောဇဉ် ဆိုတာ ပါမယ်။အနာဂတ်ကို ပုံဖော်မယ့် ရည်ရွက်ချက် ဆိုတာပါမယ်။..သိုက်မြုံတဲ့မိသားစုလေး..တည်ဆောက်ချင်တဲ့.အိပ်မက်..ဆိုတာကလည်း..ပါအုံးမယ်..။..အိုကွာ..မင်းကို..ချစ်တဲ့အချစ်မှာကြတော့….အများကြီး အများကြီးပေါ့..”
” အင်း..ဒါဆို..ကျုပ်ကြတော့..ဘာနဲ့တူသလဲ..?”
” အယ်..မင်းကြတော့….ရွှေရင်အေး တစ်ခွက်လိုပေါ့.မိန်းမရယ်..။ပေါင်မုန့်တွေ ကောက်ညှင်းတွေ..ကျောက်ကျောတွေ..နို့တွေ..မုန့်လက်ဆောင်းတွေ..အို.. အဲ့လို စုံစိအောင် ပါနေတဲ့..အမောပြေ..ရွှေရင်အေးလေး..တစ်ခွက်လိုပေါ့..”
” အမလေး..တတ်လိုက်တာနော် ။ယောကျ်ား..ခုလို ရှင်းပြလိုက်တော့လည်း..ဟုတ်နေတာပဲ..။ နားလည်ပါပြီတော်..”
” အဲ့ဒါပဲလေ..မိန်းမရယ်။ ရွှေရင်အေးနဲ့ ရေသန့်..။အရသာချင်း..တန်ဖိုးချင်း..တူမလား..။ဟုတ်တယ်နော်..။
..ကဲ..မင်းပြောသလို….ခင်ဝင့်ဝါက..ငါ့ကို ယူမယ်ပဲ..ထား။ ငါက..ယူလို့..ရမလား?။မရဘူးနော်..”
” ဘာဖြစ်လို့လဲ..?”
” ဟ…မင်းစဉ်းစားကြည့်လေ။သွသူ..ဘယ်လောက်ပဲ..ကြည်သန့်နေတဲ့ရေ..ဖြစ်ဖြစ်။..ရွှေရင်အေးထဲ..လာရောရင်….အဲ့ရွှေရင်အေးက..ကောင်းပါတော့မလား။ပျက်ပြီလေ။ ..ဟုတ်တယ်နော်”
“အို..ဟုတ်တာပေါ့..ယောကျ်ားရယ်။ ကြည့်စမ်း..ငါ့ယောကျ်ား..တော်လိုက်တာ..”
“. .အဲ့ဒါ..ပြောတာ..။ရွှေရင်အေး စားပြီးမှ….ရေ သောက်ရင်တော့..တစ်မျိုးပေါ့..”
“ဘာ…!”
???????
#လူချွန်တော်