ဟာသ

ကျား တောင် ကြောက်ရတဲ့ ယီးသေနတ်တဲ့ …


တစ်ခါက ရွာတစ်ရွာမှာ





ကျားက ရောက်လာတယ်။


အဖွားကြီးက…





စဉ်းစားနေတယ်။



















အဲဒီအခါ ကိုရွှေကျားက…






ကျုပ်သိချင်တယ်”


ယီးသေနတ်ပါတော် ”


ကောင်းနေလို့လဲ ”








ပြန်ပြောလိုက်ပုံက…



credit

unicode

ကျား တောင် ကြောက်ရတဲ့ ယီးသေနတ်တဲ့ (မှတ်တောင်ထားရအုန်းမယ်)

တစ်ခါက ရွာတစ်ရွာမှာ

ကျားဆိုးတစ်ကောင် သောင်းကျန်းပြီး

ညညဆို ရွာထဲကနွားတွေ ဝင်ဆွဲနေတယ်။

တစ်ညကျ အဖိုးကြီးအဖွားကြီး

နှစ်ယောက်သာရှိတဲ့ အိမ်အောက်ကို

ကျားက ရောက်လာတယ်။

ကျားရဲ့အသံလည်း ကြားရော

အဖွားကြီးက…

” အောက်မှာ ကျားရောက်နေပြီနဲ့တူတယ် ”

မိန်းမဆိုတော့လည်း စိတ်ပူတော့ပြောတာပေါ့။

အဖိုးကြီးကတော့ယောက်ျားဆိုတော့ ကျားကို ဘယ်လို

ခြောက်လှန့်ထုတ်ရမလဲဆိုတာ

စဉ်းစားနေတယ်။

ဒါပေမယ့် အဖွားကြီးကတော့…

ကျားရောက်နေပြီပဲ ခဏခဏပြောနေတယ်။

ကြာလာတော့အဖိုးကြီးက စိတ်ဆိုးပြီး…

” လာရင်လည်း ယီးသေနတ်နဲ့ ပစ်မှာပေါ့ကွာ ” လို့ ပြောလိုက်တယ်။

အဲဒါကို ကျားက ကြားသွားတော့

ယီးသေနတ်ဆိုတာ ဘယ်လိုဟာကြီးလဲ

ဘယ်လောက်တောင် ကြောက်စရာ

ကောင်းလဲဆိုတာ သိချင်လာတယ်။

အဲဒါနဲ့ အဲဒီအိမ်အောက်က ထွက်ပြီး

ရွာထဲကို မေးစရာလူလိုက်ရှာတယ်။

ရွာလယ် တစ်နေရာရောက်တော့

ဝိုင်းဖွဲ့ စကားပြောနေကြတဲ့

အဖွားကြီးတွေကို တွေ့သွားတယ်။

ကျားလည်း သိချင်တာမေးဖို့

ခုန်အုပ်လိုက်တာ အဖွားကြီးတစ်ယောက်ကို မိသွားတယ်။

အဖွားကြီးက ကြောက်ကြောက်နဲ့..

” ကိုရွှေကျားရယ် လိုချင်တာပြောပါ

အသက်တော့ ချမ်းသာပေးပါ ” လို့ပြောတယ်။

အဲဒီအခါ ကိုရွှေကျားက…

” ကျုပ် ခင်းဗျားဆီက ဘာမှ မလိုချင်ဘူး

သိချင်တာ တစ်ခုပဲရှိတယ်၊ အဲဒါကို

ဖြေနိုင်ရင် ခင်ဗျားအသက်ကို ချမ်းသာပေးမယ် ”

” မေးပါ ကိုရွှေကျားရယ် ” ဆိုတော့…

” ယီးသေနတ်ဆိုတာ ဘယ်လိုဟာလဲဆိုတာ

ကျုပ်သိချင်တယ်”

” အမလေး သိတ်ကြောက်စရာကောင်းတဲ့

ယီးသေနတ်ပါတော် ”

” ဘယ်လောက်တောင် ကြောက်စရာ

ကောင်းနေလို့လဲ ”

အဲဒီမေးခွန်းလည်း ကြားရော

အဖွားကြီးလည်း ဘာပြောရမှန်း

မသိတာနဲ့ ထမိန်ကို လှန်ပြပြီး…

” ၁၆ နှစ် သမီးကတည်းက အပစ်ခံရတာ

ခုထိ ဒဏ်ရာ မကျက်သေးပါဘူးတော် ” လို့ ပြောလိုက်တယ်။

အဲဒီအခါမှာ ကိုရွှေကျားက သိချင်တာနဲ့

အဖွားကြီးလှန်ပြထားတာကို ကုန်းနမ်းပြီး

ပြန်ပြောလိုက်ပုံက…

” ဟာ…. ဟုတ်ပ. ခုထိ ယမ်းနံ့ မပြယ်သေးပဲကိုး ”

ရယ်မောခြင်းဖြင့် ဘဝအမောတွေ ပြေနိုင်ကြပါစေ။

credit

Leave a Reply

Your email address will not be published. Required fields are marked *