ရန်ကုန်မြို့ မီးပွိုင့်မှာ တောင်းရမ်းရုံနဲ့ တလ ၂၂ သိန်း ရရှိနိုင်ပါပြီ (ဒီထက် သေချာတဲ့ စီးပွားရေး မရှိတော့ပါ)
ယနေ့ အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ ဗီဒီယိုဖိုင်ကတော့ တနေ့ ၅ သောင်းနဲ့ တလ ၂၂ သိန်းနီးပါးရတဲ့ တောင်းရမ်းစားသောက်သူ အဒေါ်ကြီး တယောက်ရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာတော့ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ တောင်းရမ်းလို့ ရလာတဲ့ ပိုက်ဆံတွေကို ရေတွက်နေတဲ့ ကလေးတဦးနဲ့ မိန်းမကြီး တဦးတို့ စကားပြောနေပုံ ပါဝင်ပါတယ်။ ဗီဒီယိုရိုက်နေသူက တရက် အများဆုံး ငါးသောင်းလောက် ရတယ်ဆိုတော့ တလ ဆို ၁၀ သိန်းလောက် ရမလာ မေးပါတယ်။ အဒေါ်ကြီးက ၂၂ ရတယ်လို့ ပြန်ဖြေပါတယ်။ တလ ၂၂ သိန်းလား၊ လက်ရှိ ရေနေတဲ့ ပိုက်ဆံက နှစ်သောင်းနှစ်ထောင်လားဆိုတာ သဲသဲကွဲကွဲ မသိရပါဘူး။
အဒေါ်ကြီးရဲ့ ပုံစံက ဘေးနားက ကလေးကို တောင်းရမ်းခိုင်းပြီးတဲ့နောက် ရလာတဲ့ပိုက်ဆံတွေကို လက်ဖက်ရည်ဆိုင်မှာ ဝေစုခွဲနေတဲ့ ပုံဖြစ်နေပါတယ်။ ယခုကာလမှာ ရန်ကုန်မြို့ရဲ့ မီးပွိုင့်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ပုံစံအမျိုးမျိုးနဲ့ တောင်းရမ်းစားသောက်တဲ့သူတွေ များပြားလာတာကို တွေ့ရပါတယ်။
ကားမှန်တွေကို ရေဆေးတဲ့ ပုံစံနဲ့ ပိုက်ဆံတောင်းတဲ့ ကလေးတွေ အနည်းငယ် ပပျောက်သွားပြီးတဲ့နောက် ပန်းသည်၊ မုန့်ဖတ်ထုပ်သည် ကလေးများ ပေါ်ပေါက်လာသလို ဒီအတိုင်း တောင်းတဲ့ သူတွေလည်း အတော်များလာတာကို တွေ့ရပါတယ်။
အဆိုပါ တောင်းရမ်းစားသောက်သူများဟာ အရွယ်စုံဖြစ်ပြီး တချို့ သက်လတ်အရွယ် ကျန်းမာရေးကောင်းတဲ့ တောင့်တောင့်တင်းတင်း အရွယ်တွေကပါ မိုက်ကြေးခွဲသလို လိုက်လံတောင်းရမ်းနေကြတာကို တွေ့ရပါတယ်။
ကလေးချီထားတဲ့ တောင်းရမ်းသူများလည်း များပြားလာပြီး ချီထားတဲ့ကလေးတွေဟာ အိပ်ဆေးအကျွေးခံထားရသလို အမြဲတမ်းအိပ်နေတာကို တွေ့ရပါတယ်။ ဘတ်စ်ကားတွေပေါ်မှာလည်း စာအိတ်နဲ့ တောင်းရမ်းသူတွေ အလွန် များပြားလာတာကို တွေ့ရပါတယ်။
မီးပွိုင့်တွေမှာ တောင်းရမ်းသူတွေဟာ ကားတွေကြားမှာ လျှောက်သွားပြီး တောင်းရမ်းကြတာကြောင့် သူတို့အတွက်ရော၊ ယာဉ်မောင်းသူတွေအတွက်ပါ အန္တရာယ်များလွန်းလှပါတယ်။ အဆိုပါ တောင်းရမ်းသူတွေကို ကြပ်မတ်ဖို့ စည်ပင်သာယာအဖွဲ့မှာ တာဝန်ရှိပေမယ့် မည်သည့်အကြောင်းကိစ္စကြောင့်မှန်းမသိ စည်ပင်ဝန်ထမ်းများကို လုံးဝ မတွေ့ရဘူး ဖြစ်နေပါတယ်။
ဗီဒီယိုဖိုင်ကို ကြည့်ရှုပြီး တောင်းရမ်းစားသောက်တဲ့သူတောင် တရက် ၅ သောင်း၊ တလ ၂၂ သိန်း ရနေတာကြောင့် လစာ ၂ သိန်း ဝန်းကျင်ပဲရတဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ ကြေကွဲ ဝမ်းနည်းသံတွေကိုလည်း မှတ်ချက်ထဲမှာ တွေ့မြင်နေရပါတယ်။
မြန်မာပြည်သူတွေရဲ့ သနားကရုဏာ ထားတတ်တဲ့ စိတ်ကို အသုံးချပြီး အချောင်ခိုနေကြတဲ့ တောင်းရမ်းစားသောက်နေကြသူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်နေကြသူတွေ အမြန်ဆုံး ပပျောက်သွားပါစေလို့ ဆုတောင်းရင်း…
Credit to blacker
ရန္ကုန္ၿမိဳ႕ မီးပြိဳင့္မွာ ေတာင္းရမ္း႐ုံနဲ႔ တလ ၂၂ သိန္း ရရွိႏိုင္ပါၿပီ (ဒီထက္ ေသခ်ာတဲ့ စီးပြားေရး မရွိေတာ့ပါ)
ယေန႔ အြန္လိုင္းေပၚမွာ လူေျပာမ်ားေနတဲ့ ဗီဒီယိုဖိုင္ကေတာ့ တေန႔ ၅ ေသာင္းနဲ႔ တလ ၂၂ သိန္းနီးပါးရတဲ့ ေတာင္းရမ္းစားေသာက္သူ အေဒၚႀကီး တေယာက္ရဲ႕ ဗီဒီယိုဖိုင္ပဲ ျဖစ္ပါတယ္။
ဗီဒီယိုဖိုင္ထဲမွာေတာ့ လက္ဖက္ရည္ဆိုင္လို ေနရာမ်ိဳးမွာ ေတာင္းရမ္းလို႔ ရလာတဲ့ ပိုက္ဆံေတြကို ေရတြက္ေနတဲ့ ကေလးတဦးနဲ႔ မိန္းမႀကီး တဦးတို႔ စကားေျပာေနပုံ ပါဝင္ပါတယ္။ ဗီဒီယို႐ိုက္ေနသူက တရက္ အမ်ားဆုံး ငါးေသာင္းေလာက္ ရတယ္ဆိုေတာ့ တလ ဆို ၁၀ သိန္းေလာက္ ရမလာ ေမးပါတယ္။ အေဒၚႀကီးက ၂၂ ရတယ္လို႔ ျပန္ေျဖပါတယ္။ တလ ၂၂ သိန္းလား၊ လက္ရွိ ေရေနတဲ့ ပိုက္ဆံက ႏွစ္ေသာင္းႏွစ္ေထာင္လားဆိုတာ သဲသဲကြဲကြဲ မသိရပါဘူး။
အေဒၚႀကီးရဲ႕ ပုံစံက ေဘးနားက ကေလးကို ေတာင္းရမ္းခိုင္းၿပီးတဲ့ေနာက္ ရလာတဲ့ပိုက္ဆံေတြကို လက္ဖက္ရည္ဆိုင္မွာ ေဝစုခြဲေနတဲ့ ပုံျဖစ္ေနပါတယ္။ ယခုကာလမွာ ရန္ကုန္ၿမိဳ႕ရဲ႕ မီးပြိဳင့္ေတြနဲ႔ လမ္းဆုံလမ္းခြေတြမွာ ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေတာင္းရမ္းစားေသာက္တဲ့သူေတြ မ်ားျပားလာတာကို ေတြ႕ရပါတယ္။
ကားမွန္ေတြကို ေရေဆးတဲ့ ပုံစံနဲ႔ ပိုက္ဆံေတာင္းတဲ့ ကေလးေတြ အနည္းငယ္ ပေပ်ာက္သြားၿပီးတဲ့ေနာက္ ပန္းသည္၊ မုန႔္ဖတ္ထုပ္သည္ ကေလးမ်ား ေပၚေပါက္လာသလို ဒီအတိုင္း ေတာင္းတဲ့ သူေတြလည္း အေတာ္မ်ားလာတာကို ေတြ႕ရပါတယ္။
အဆိုပါ ေတာင္းရမ္းစားေသာက္သူမ်ားဟာ အ႐ြယ္စုံျဖစ္ၿပီး တခ်ိဳ႕ သက္လတ္အ႐ြယ္ က်န္းမာေရးေကာင္းတဲ့ ေတာင့္ေတာင့္တင္းတင္း အ႐ြယ္ေတြကပါ မိုက္ေၾကးခြဲသလို လိုက္လံေတာင္းရမ္းေနၾကတာကို ေတြ႕ရပါတယ္။
ကေလးခ်ီထားတဲ့ ေတာင္းရမ္းသူမ်ားလည္း မ်ားျပားလာၿပီး ခ်ီထားတဲ့ကေလးေတြဟာ အိပ္ေဆးအေကြၽးခံထားရသလို အၿမဲတမ္းအိပ္ေနတာကို ေတြ႕ရပါတယ္။ ဘတ္စ္ကားေတြေပၚမွာလည္း စာအိတ္နဲ႔ ေတာင္းရမ္းသူေတြ အလြန္ မ်ားျပားလာတာကို ေတြ႕ရပါတယ္။
မီးပြိဳင့္ေတြမွာ ေတာင္းရမ္းသူေတြဟာ ကားေတြၾကားမွာ ေလွ်ာက္သြားၿပီး ေတာင္းရမ္းၾကတာေၾကာင့္ သူတို႔အတြက္ေရာ၊ ယာဥ္ေမာင္းသူေတြအတြက္ပါ အႏၲရာယ္မ်ားလြန္းလွပါတယ္။ အဆိုပါ ေတာင္းရမ္းသူေတြကို ၾကပ္မတ္ဖို႔ စည္ပင္သာယာအဖြဲ႕မွာ တာဝန္ရွိေပမယ့္ မည္သည့္အေၾကာင္းကိစၥေၾကာင့္မွန္းမသိ စည္ပင္ဝန္ထမ္းမ်ားကို လုံးဝ မေတြ႕ရဘူး ျဖစ္ေနပါတယ္။
ဗီဒီယိုဖိုင္ကို ၾကည့္ရႈၿပီး ေတာင္းရမ္းစားေသာက္တဲ့သူေတာင္ တရက္ ၅ ေသာင္း၊ တလ ၂၂ သိန္း ရေနတာေၾကာင့္ လစာ ၂ သိန္း ဝန္းက်င္ပဲရတဲ့ ကုမၸဏီဝန္ထမ္းေတြရဲ႕ ေၾကကြဲ ဝမ္းနည္းသံေတြကိုလည္း မွတ္ခ်က္ထဲမွာ ေတြ႕ျမင္ေနရပါတယ္။
ျမန္မာျပည္သူေတြရဲ႕ သနားက႐ုဏာ ထားတတ္တဲ့ စိတ္ကို အသုံးခ်ၿပီး အေခ်ာင္ခိုေနၾကတဲ့ ေတာင္းရမ္းစားေသာက္ေနၾကသူေတြနဲ႔ ေနာက္ကြယ္က ႀကိဳးကိုင္ေနၾကသူေတြ အျမန္ဆုံး ပေပ်ာက္သြားပါေစလို႔ ဆုေတာင္းရင္း…
Credit to blacker