တစ်နာရီလေတိုက်နှုန်း ၂၃၄ ကီလိုမီတာနဲ့ အလွန်ပြင်းထန်သော စူပါတိုင်ဖွန်းမုန်တိုင်း ဂျပန်ကိုဝင်နေ
စူပါတိုင်ဖွန်းမုန်တိုင်း နန်မာဒိုလ် ကျူးရှူးကျွန်းကို ဝင်မွှေ
အလွန်ပြင်းထန်သော စူပါတိုင်ဖွန်းမုန်တိုင်း နန်မာဒိုလ်(Nanmadol) သည် ဂျပန်နိုင်ငံအနောက်မြောက်ပိုင်း ကျူးရှူးကျွန်းကို
တနင်္ဂနွေနေ့ ညကတည်းက ဝင်ရောက်တိုက်ခတ်လျှက်ရှိသဖြင့် မုန်တိုင်းတိုက်ခတ်မှုနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုတို့အား ရှောင်ရှားကြရန်အတွက်
သန်းနှင့်ချီသော ဒေသခံပြည်သူများအနေဖြင့် မိမိတိုနေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာတွင် နေထိုင်ကြရန် ဒေသတာဝန်ရှိသူတို့က တိုက်တွန်းထားသည်။
ယင်းမုန်တိုင်းသည် ဂျပန်စံတော်ချိန် တနင်္ဂနွေနေ့ည ၇ နာရီခန့်က စတင်၍ ကုန်းတွင်းပိုင်းသို့ဝင်ရောက်တိုက်ခတ်နေခြင်းဖြစ်ကြောင်း၊
ဂျပန်မိုးလေဝသဌာနက ကြေညာထားသည်။
မုန်တိုင်းသည် လေတိုက်ခတ်နှုန်း တစ်နာရီလျှင် ၂၃၄ ကီလိုမီတာခန့်အမြင့်ဆုံး တိုက်ခတ်ခဲ့ပြီး၊
မိုးရေချိန် ၅၀၀ မီလီမီတာနှုန်းဖြင့် မိုးသည်းထန်စွာရွာသွန်းလျှက်ရှိကာ
နောက်ထပ် ၂၄နာရီထက်မနည်း ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်အထိ သေဆုံး ပျက်စီး ဒဏ်ရာရမှုတို့ကို မသိရသေးချေ။
credit to orginal
credit to orginal