⚠️ ⚠️⚠️Wave Money ကနေလာတဲ့ လူလိမ်မမိစေရန် သတိပေးချက်
Wave Money ထုတ်လို့ရတယ်ဆိုပြီး post တွေတင်ပေးနေတဲ့သူတွေကို သတိထားပါ သူတို့ကို ထုတ်လို့ရလား သွားမေးရင်
ဘယ်လောက်ထုတ်ချင်တာလည်းဆိုပြီး မေးပါလိမ့်မယ် ကိုယ်က 5 သိန်း 10 သိန်းလောက်ထုတ်ချင်တာပါလို့ ပြောလိုက်တာနဲ့ Wave Money Level ဘယ်လောက်လည်းဆိုပြီး မေးပါလိမ့်မယ်
Wave Money က level 2 ဆိုရင် တစ်ရက်ကို 3 သိန်းထိပဲပေးထုတ်တာဆိုတော့ Level 3 ကိုတင်ခိုင်းပါလိမ့်မယ်
Wave Money Level 3 တင်ချင်ရင် သူပေးတဲ့ဖုန်းနံပါတ်ကို Viber ကနေစာပို့ပြီးတင်လို့ရတယ်ဆိုပြီး ဖုန်းနံပါတ်တစ်ခုပေးပါလိမ်မယ်
အဲ့ဒီဖုန်းနံပါတ်ကို Viber ကနေသွားပြောပြီဆိုရင် Wave Money Level 3 တင်မယ်ဆိုရင် Wave Money ဖွင့်ထားတဲ့ နာမည် ဖုန်းနံပါတ်တောင်းပါလိမ့်မယ်
ပြီးရင် သူတို့က ကိုယ်ဖုန်းဆီပို့တဲ့ One Time password ကို သူတို့ဆီ ပြန်ပို့ပေးပါဆို့ပြီး တောင်းပါလိမ့်မယ်
ဘယ်တော့မှ မပို့မိပါစေနဲ့ ပို့လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ Wave Account ကသူတို့ဆီရောက်သွားပါလိမ့်မယ်
Bank Group က ကူးလာတာ
ငွေရှားနေတဲ့အချိန် အလိမ်အညာတွေ ပေါတယ်
Crd
Unicode