ကြားသိရသမျှ
“ကျနော်တိုက အိမ်ကိုသာလွမ်းနေတာ တကယ်တမ်းကကျနော်တို့ ပြန်စရာအိမ်တွေမရှိတော့ဘူး”
crd
“ကျနော်တိုကအိမ်ကိုသာလွမ်းနေတာ ၊တကယ်တမ်းကကျနော်တိုပြန်စရာအိမ်တွေမရှိတော့ဘူး”ပရိသတ်ကြီးရေ… မင်းသား ဒေါင်း ကတော့ အမှန်တရားကိုချစ်မြတ်နိုးသူတစ်ယောက် ဖြစ်ပြီးတော့ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့တစ်ယောက် ဖြစ်တဲ့အပြင်ယောက်ကျားပီသတဲ့ ရုပ်ရည်သွင်ပြင်ရှိတာကြောင့် ပျိုမေတို့ချစ်ခင်အားပေးရတဲ့ မင်း သားတစ်လက်ဖြစ်ပါတယ်
ဒေါင်း ကတော့ ပရိသတ်ကြီးနဲ့အတူတူ အမှန်တ ရားဘက်က အမြဲတမ်းရပ်တည်နေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ မင်းသားချော ဒေါင်း ဟာပြည်သူတွေနဲ့ဘက်နဲ့ရပ်တည်တာကြောင့် လက်ရှိမှာ ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲခံထားရပါတယ်။ဒီနေ့မှာ ဒေါင်းက အောင်မြင်မှု့ပန်းတိုင်ကို အတိအကျသိတာကြောင့် အချိန်စောင့်ဖို့လိုအပ်ကြောင်းကို
သူရဲ့ပရိသတ်တွေသိရအောင် ‌စာသားလေးနဲ့အတူမျှဝေလိုက်ပါတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။“မိမိကိုယ်မိမိ သုံးသပ်ခြင်း စာအုပ်တစ်အုပ်ထဲက အဓိပ္ပာယ်အနှစ်သာရ ရသတစ်ခုခုကို ရယူပိုင်ဆိုင်လိုခြင်းဟာ ဒီစာအုပ်ဘယ်လောက် အထူအပါးဖြစ်နေပါစေကျွန်တော်ပြီးဆုံးတဲ့ထိဖတ်ဖြစ်တယ်။သည်းခံစောင်းဆိုင်းရတယ်လို့ ဘယ်တော့မှမထင်ဘူး။
စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးကိုကောင်းကောင်းသိနေလို့ပေါ့။ ပန်းတိုင်ကို အတိအကျသိနေလို့ပေါ့။ဒီစာအုပ်အတွက် ကျွန်တော့်နှလုံးသားမှာဆာလောင်ခြင်း ရှိနေလို့ပေါ့။ အကယ်၍ကျွန်တော်ဟာ နှလုံး သားထဲက ဆာလောင်ခြင်းအမှန်မရှိခဲ့ရင် စာတစ်ပိုဒ်လေးတောင် ကျွန်တော်ဟာသည်းမခံနိုင်တော့ဘူး။
အရှုံးပေးလိုက်မှာပဲ ပန်းတိုင်ရောက်ခါနီးမှ ဝေးသေးတယ်ထင်မိမှာပဲ အမှန်တရား အရှိတရားနဲ့လည်း ကျွန်တော်ဟာဝေးသွားပြီ ခိုင်မာတဲ့စိတ်ဓာတ်နဲ့လည်းဝေးသွားပြီ ဒါဟာအောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းပဲဆိုတာ ကျွန်တော်သိခဲ့တယ်။ ”
လို့ မင်းသား ဒေါင်း ရဲ့လူမှု့စာမျက်နှာပေါ်မှာ ရေး သားထားပြီးတော့ နောက်ထပ်လဲ ” ကျွန်တော်တို့ ဘယ်တော့မှ လက်မလျှော့ကြေးနော် ဒါဟာ အဖွဲ့အစည်း၊လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်မ ဟုတ် ဘူးဆိုတာ အားလုံးသိပြီးသားပါ ဒါဟာ ပြည်သူ့အရေး ၊ငါတို့အရေးအောင်ကိုအောင်ရမယ် ၊ကျွန် တော်တို့နိုင်ငံကို ကျွန်တော်တို့ပြန်ရအောင်ယူရမှာပါ အရေးတော်ပုံအောင်ပြီ။ ” လို့ ရေးသားမျှဝေထားပါတယ်။
crd
Leave a Reply
Your email address will not be published. Required fields are marked *