အထွေထွေဗဟုသုတ

မနက် အိပ်ရာထ မလုပ်သင့်တဲ့ အမှား (၉)ခု…

(၂) အိပ္ရာထဲကေန ဝုန္းခနဲကုန္းထတာ

အိပ္ရာထဲ လွဲအိပ္ေနရာကေန ခ်က္ခ်င္းၾကီးထထြက္တဲ့အခါ ကမာၻ႔ဆြဲအားေၾကာင့္ ေျခေထာက္ကိုေသြးအျမန္ေရာက္ေစျပီး

ေသြးဖိအားရုတ္တရက္က်ကာ မူးလဲေစနုိင္ပါတယ္။ အိပ္ရာထတဲ့အခါ ျဖည္းျဖည္း သို႔မဟုတ္ ပံုမွန္ႏႈန္းနဲ႔ထထိုင္ပါ၊ စကၠန္႔အနည္းငယ္ေတာ့ခဏဒီအတိုင္းေနျပီးမွ ထလႈပ္ရွားပါ။

(၃) ေကာ္ဖီမေသာက္လိုက္ရတာ

မျဖစ္မေနေသာက္ဖို႔မဟုတ္ပါဘူးေနာ္။ ေန႔တိုင္းေသာက္ေနက် ေကာ္ဖီဂ်ိဳးေတြကိုပဲ ရည္ရြယ္တာပါ။ အျမဲေသာက္ေနက်လူေတြအတြက္ေတာ့

တစ္ရက္မေသာက္လိုက္ရရင္ တစ္ေန႔လံုးေနလို႔မေကာင္း၊ ေခါင္းမၾကည္တာေတြျဖစ္လာေစနိုင္ပါတယ္။ အာရံုစူးစိုက္လို႔သိပ္မေကာင္း၊

အုိင္ဒီယာမထြက္တဲ့အျပင္ လူကအရမ္းပင္ပန္းေနသလိုလို၊ ေခါင္းကိုက္တာ၊ မအီမသာျဖစ္တာေတြခံစားရနိုင္တယ္။ ေကာ္ဖီျဖတ္မယ္လို႔ စဥ္းစားထားတာဆိုရင္ေတာ့ တမ်ိဳးေပါ့။

(၄) သြားတိုက္ဖို႔ေမ့တာ

မနက္ဘက္သြားတိုက္ဖို႔ေမ့တဲ့အခါ တစ္ညလံုးကပ္ျငိေနတဲ့ သြားေခ်းေတြနဲ႔ စားၾကြင္းစားက်န္ေတြ၊ ဘက္တီးရီးယားေတြစုေနပါလိမ့္မယ္။

သြားေခ်းေတြကေန ေဆးခန္းမွာသြားျခစ္ပစ္မွ ရမယ့္ သြားခ်ိဳးကပ္တာေတြျဖစ္လာမယ္။ မျခစ္ပစ္ရင္ သြားဖံုးေတြေရာင္တာ၊ ေသြးထြက္တာ၊သြားပိုးစားတာ၊ ခံတြင္းနံ႔ဆိုးတာေတြျဖစ္လာနိုင္တယ္။

(၅) အြန္လိုင္းဖြင့္တာ

မ်က္လံုးပြင့္တာနဲ႔ ဖုန္းကိုင္ျပီး အြန္လိုင္းတက္တာ တကယ္ကိုဆိုးတဲ့အက်င့္ပါ။ အလုပ္အရမ္းမ်ားလို႔ အီးေမးလ္စစ္ရတယ္ထား။

ခဏပဲအျမန္စစ္ျပီး ျပန္ပိတ္သင့္ပါတယ္။ ေစာေစာစီးစီး ဒစ္ဂ်စ္တယ္ပစၥည္းေတြနဲ႔ လံုးလည္လိုက္ေနတာဟာ စိတ္ၾကည္လင္မႈကို

အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အိပ္ခ်ိန္၊ ႏိုးခ်ိန္တဝိုက္မွာ ဒစ္ဂ်စ္တယ္ပစၥည္းေတြနဲ႔ အဆက္ျဖတ္ထားတာေကာင္းပါတယ္။

(၆) ျပႆနာေတြအေၾကာင္း ေတြးေနတာ

အိပ္ရာႏိုးတာနဲ႔ ကိုယ္ေျဖရွင္းဖို႔ရွိေနတဲ့ သို႔မဟုတ္ ျပီးခဲ့တဲ့ေန႔က ျပႆနာေတြအေၾကာင္း ေခါင္းထဲေရာက္လာတာက

ေန႔သစ္တစ္ရက္အတြက္ အဆိပ္အေတာက္ပါပဲ။ အရင္ဆံုး ေခါင္းထဲမွာရွင္းပစ္ျပီး ၾကည္ၾကည္လင္လင္ႏိုးထပါ။

ခြန္အားသစ္ေတြနဲ႔ ႏိုးထလာျပီးမွ ေရွ႕ဆက္ဖို႔ အစီအစဥ္ေတြ စတင္ပါ။ မေတြးလို႔မျဖစ္ဘူးဆိုရင္ေတာ့ အေရးၾကီးဆံုးျဖစ္တဲ့ ကိစၥေတြကို စာရင္းလုပ္ျပီးစီထားလိုက္ပါ။

(၇) မနက္စာ လြတ္တာ

မနက္စာပံုမွန္စားတဲ့သူေတြက အေတြးဥာဏ္ပိုထက္ျပီး ခႏၶာကိုယ္အဆီတက္နိုင္ေျခပိုနည္းတယ္၊ ဆီးခ်ိဳနဲ႔ႏွလံုးျဖစ္နုိင္ေျခပိုနည္းတယ္။

မနက္စာက တစ္ေန႔လံုးလႈပ္ရွားနိုင္ဖို႔ ခြန္အားေပးတဲ့ေဆးတစ္ခြက္ျဖစ္လို႔ အငတ္မခံပါနဲ႔။

(၈) အခ်ိဳေတြ အစားမ်ားတာ

ေကာ္ဖီနဲ႔မုန္႔ ဆိုျပီး မနက္စာစားလိုက္တာ အဆီမ်ား၊အခ်ိဳမ်ားတဲ့ မုန္႔ေတြျဖစ္ေနရင္ အာဟာရကနည္းျပိီး အဝလြန္ဖို႔ အားေပးရာေရာက္ပါတယ္။

ေသြးတြင္းသၾကားဓာတ္ကိုတိုးေစျပီး လူကလႈပ္ရွားရပင္ပန္း၊ စိတ္ဆတ္၊ ဆာေလာင္လြယ္မယ္။

 

(၉) ေနေလာင္ကာခရင္မ္ မလိမ္းတာ

အသားလွဖို႔၊ အသားမမည္းဖို႔ထက္ အေရျပားကင္ဆာနဲ႔ အေရးအေၾကာင္းေတြကိုမျဖစ္ေစဖို႔ ခရမ္းလြန္ေရာင္ျခည္ကာကြယ္မယ့္

ေနေလာင္ကာခရင္မ္ကို လိမ္းသင့္ပါတယ္။ အိမ္ထဲမွာလည္းလိမ္းထားေပမယ့္ အျပင္မသြားခင္ ၁၅ မိနစ္အလိုမွာထပ္လိမ္းပါ။

ဖိုးသူေတာ္

Credit: Hellosayarwon

Unicode Version

မနက်အိပ်ရာထချိန်ဟာ နေ့တစ်နေ့ရဲ့အစပြုချိန်ဖြစ်တာကြောင့် ကိုယ်ဖြတ်ကျော်ရမယ့်တစ်နေ့လုံးစာအတွက် အစကောင်းမှဖြစ်မှာပါ။

စစချင်းတည်းက အမှားတွေလုပ်နေရင် ကျန်းမာရေးအတွက် ကမောက်ကမတွေဖြစ်ကုန်တော့မှာလေ။

ဒါ့ကြောင့် ကျန်းမာချင်တယ်ဆို မနက်ဘက် ဒါတွေကိုယ်လုပ်မိနေသလား ပြန်ကြည့်ကြနော်။

 

(၁) နှိုးစက်ကိုပိတ်ပြီး အချိန်ရွှေ့တာ

နှိုးစက်မြည်တဲ့အခါ အသံပိတ်ပြီး ၅ မိနစ်လောက်ပိုအိပ်လိုက်ရတာ ပိုအားပြည့်စေမယ်လို့ ထင်ပါသလား။ မှားပါတယ်နော်။

အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို နေ့တိုင်းပုံမှန်သတ်မှတ်မထားနိုင်သရွေ့တော့ ဒီလိုလုပ်လည်းသိပ်မထူးပါဘူး။

(၂) အိပ်ရာထဲကနေ ဝုန်းခနဲကုန်းထတာ

အိပ်ရာထဲ လှဲအိပ်နေရာကနေ ချက်ချင်းကြီးထထွက်တဲ့အခါ ကမ္ဘာ့ဆွဲအားကြောင့် ခြေထောက်ကိုသွေးအမြန်ရောက်စေပြီး

သွေးဖိအားရုတ်တရက်ကျကာ မူးလဲစေနိုင်ပါတယ်။ အိပ်ရာထတဲ့အခါ ဖြည်းဖြည်း သို့မဟုတ် ပုံမှန်နှုန်းနဲ့ထထိုင်ပါ၊ စက္ကန့်အနည်းငယ်တော့ခဏဒီအတိုင်းနေပြီးမှ ထလှုပ်ရှားပါ။

(၃) ကော်ဖီမသောက်လိုက်ရတာ

မဖြစ်မနေသောက်ဖို့မဟုတ်ပါဘူးနော်။ နေ့တိုင်းသောက်နေကျ ကော်ဖီဂျိုးတွေကိုပဲ ရည်ရွယ်တာပါ။ အမြဲသောက်နေကျလူတွေအတွက်တော့

တစ်ရက်မသောက်လိုက်ရရင် တစ်နေ့လုံးနေလို့မကောင်း၊ ခေါင်းမကြည်တာတွေဖြစ်လာစေနိုင်ပါတယ်။ အာရုံစူးစိုက်လို့သိပ်မကောင်း၊

အိုင်ဒီယာမထွက်တဲ့အပြင် လူကအရမ်းပင်ပန်းနေသလိုလို၊ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာတွေခံစားရနိုင်တယ်။ ကော်ဖီဖြတ်မယ်လို့ စဉ်းစားထားတာဆိုရင်တော့ တမျိုးပေါ့။

 

(၄) သွားတိုက်ဖို့မေ့တာ

မနက်ဘက်သွားတိုက်ဖို့မေ့တဲ့အခါ တစ်ညလုံးကပ်ငြိနေတဲ့ သွားချေးတွေနဲ့ စားကြွင်းစားကျန်တွေ၊ ဘက်တီးရီးယားတွေစုနေပါလိမ့်မယ်။

သွားချေးတွေကနေ ဆေးခန်းမှာသွားခြစ်ပစ်မှ ရမယ့် သွားချိုးကပ်တာတွေဖြစ်လာမယ်။ မခြစ်ပစ်ရင် သွားဖုံးတွေရောင်တာ၊ သွေးထွက်တာ၊သွားပိုးစားတာ၊ ခံတွင်းနံ့ဆိုးတာတွေဖြစ်လာနိုင်တယ်။

(၅) အွန်လိုင်းဖွင့်တာ

မျက်လုံးပွင့်တာနဲ့ ဖုန်းကိုင်ပြီး အွန်လိုင်းတက်တာ တကယ်ကိုဆိုးတဲ့အကျင့်ပါ။ အလုပ်အရမ်းများလို့ အီးမေးလ်စစ်ရတယ်ထား။

ခဏပဲအမြန်စစ်ပြီး ပြန်ပိတ်သင့်ပါတယ်။ စောစောစီးစီး ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ လုံးလည်လိုက်နေတာဟာ စိတ်ကြည်လင်မှုကို

အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်ချိန်၊ နိုးချိန်တဝိုက်မှာ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ အဆက်ဖြတ်ထားတာကောင်းပါတယ်။

(၆) ပြဿနာတွေအကြောင်း တွေးနေတာ

အိပ်ရာနိုးတာနဲ့ ကိုယ်ဖြေရှင်းဖို့ရှိနေတဲ့ သို့မဟုတ် ပြီးခဲ့တဲ့နေ့က ပြဿနာတွေအကြောင်း ခေါင်းထဲရောက်လာတာက

နေ့သစ်တစ်ရက်အတွက် အဆိပ်အတောက်ပါပဲ။ အရင်ဆုံး ခေါင်းထဲမှာရှင်းပစ်ပြီး ကြည်ကြည်လင်လင်နိုးထပါ။

ခွန်အားသစ်တွေနဲ့ နိုးထလာပြီးမှ ရှေ့ဆက်ဖို့ အစီအစဉ်တွေ စတင်ပါ။ မတွေးလို့မဖြစ်ဘူးဆိုရင်တော့ အရေးကြီးဆုံးဖြစ်တဲ့ ကိစ္စတွေကို စာရင်းလုပ်ပြီးစီထားလိုက်ပါ။

(၇) မနက်စာ လွတ်တာ

မနက်စာပုံမှန်စားတဲ့သူတွေက အတွေးဉာဏ်ပိုထက်ပြီး ခန္ဓာကိုယ်အဆီတက်နိုင်ခြေပိုနည်းတယ်၊ ဆီးချိုနဲ့နှလုံးဖြစ်နိုင်ခြေပိုနည်းတယ်။

မနက်စာက တစ်နေ့လုံးလှုပ်ရှားနိုင်ဖို့ ခွန်အားပေးတဲ့ဆေးတစ်ခွက်ဖြစ်လို့ အငတ်မခံပါနဲ့။

(၈) အချိုတွေ အစားများတာ

ကော်ဖီနဲ့မုန့် ဆိုပြီး မနက်စာစားလိုက်တာ အဆီများ၊အချိုများတဲ့ မုန့်တွေဖြစ်နေရင် အာဟာရကနည်းပြိီး အဝလွန်ဖို့ အားပေးရာရောက်ပါတယ်။

သွေးတွင်းသကြားဓာတ်ကိုတိုးစေပြီး လူကလှုပ်ရှားရပင်ပန်း၊ စိတ်ဆတ်၊ ဆာလောင်လွယ်မယ်။

(၉) နေလောင်ကာခရင်မ် မလိမ်းတာ

အသားလှဖို့၊ အသားမမည်းဖို့ထက် အရေပြားကင်ဆာနဲ့ အရေးအကြောင်းတွေကိုမဖြစ်စေဖို့ ခရမ်းလွန်ရောင်ခြည်ကာကွယ်မယ့်

နေလောင်ကာခရင်မ်ကို လိမ်းသင့်ပါတယ်။ အိမ်ထဲမှာလည်းလိမ်းထားပေမယ့် အပြင်မသွားခင် ၁၅ မိနစ်အလိုမှာထပ်လိမ်းပါ။

ဖိုးသူတော်

Credit: Hellosayarwon

Leave a Reply

Your email address will not be published. Required fields are marked *