ပရိသတ်ကြီးရေ အဆိုတော်ဝေလ ကတော့ အနှစ်သာရရှိတဲ့သီချင်းကောင်း များစွာကို သီဆိုဖန်တီးလေ့ရှိတဲ့အဆိုတော် တစ်ယောက်ဖြစ်ပါတယ်နော်။ အဆိုတော်ဝေလရဲ့Storyခေါ်ဇာတ်လမ်း သွားဝတ္ထုပုံစံ
သီချင်းများကို ပရိသတ်များဟာ အထူးကြိုက်နှစ်သက်ခဲ့ကြပြီးဝက်ဝက်ကွဲအားပေးကြတဲ့အထိဂီတလောကမှာအောင်မြင်မှုရလာခဲ့သူဖြစ်ပါတယ်နော်။ဝေလရဲ့မိတ်ကပ်မကြိုက်သောသီချင်းများဟာပရိသတ်နဲ့ခံစာ
းချက်ထပ်တူညီခဲ့ပြီးနောက်ပိုင်းဖန်တီးသီဆိုလာတဲ့သီချင်းတိုင်းနီးပါးဟာပရိသတ်တွေအသည်းစွဲသီချင်းတွေအဖြစ်မီတ်ကျောက်တင်နိုင်ခဲ့ပြန်ပါတယ်။ထိုသီချင်းများစွာထဲမှာမှ“သရ
ဖီအတွက်”ဆိုတဲ့အချစ်သီချင်းလေးဟာလတ်ဆတ်ချိုမြိန်လှပြီးပရိသတ်ရင်ကိုငြိတွယ်ထိခတ်စေခဲ့သောသီချင်းတွေထဲကတစ်ပုဒ်အပါအဝင်ဖြစ်ပါတယ်။
ဒီ”သရဖီအတွက်”ဆိုတဲ့ သီချင်းလေးဟာဝေလက သူ့ရဲ့ဇနီးဖြစ်သူသရဖီအတွက်ခံစားချက်တွေကိုသီကုံးရေးဖွဲ့ခဲ့တာဖြစ်ခဲ့တယ်လို့သိကြရပြီးဝေလနည်းတူသရဖီကိုပရိသတ်တွေကချစ်ခင်ကဲ့ကြတန်ဖိုးထားခဲ့ကြ
ရပြန်ပါတယ်။သရဖီဟာဆိုရင်ချောမောလှပသောရည်ရုပ်လေးနဲ့ရည်မွန်ချိုသာသောအပြုံးတို့ဖြင့်ပြည့်စုံသောအမျိုးသမီးတစ်ဦးဖြစ်ပြီးဝေလသီချင်းထဲကစာသားအတိုင်း“မိုနာလီဇာခေါက်ထားပါ၊သူရယ်နေချိန်ညာဖက်ပါးတစ်ဖက်မှာပါး
ချိုင့်လေးလည်းပါ”ဆိုတဲ့အတိုင်းပြုံးရယ်လိုက်တိုင်းပါးချိုင့်လေးနဲ့မြင်သူကိုအေးချမ်းသူလေးလည်းဖြစ်ပါတယ်နော်။သရဖီဟာဆိုရင်အလှူအတန်းတွေကိုအားကြိုးမာန်တက်လုပ်ကိုင်လေ့ရှိသလိုဘာသာရေးကိုလ
ည်းအထူးအလေးထားကာပရဟိတလုပ်ငန်းတွေကိုလုပ်ကိုင်နေသောအမျိုးသမီးကောင်းလေးတစ်ယောက်ဖြစ်ပါတယ်နော်ပရိသတ်ကြီး။ဒါ့ကြောင့်မို့လည်းအဆိုတော်ဝေလနဲ့ဇနီးဖြ
စ်သူသရဖီတို့စုံတွဲလေးကိုပရိသတ်တွေကစံပြIdolစုံတွဲအဖြစ်သတ်မှတ်ကာသားလေးဂါဂူးလေးကိုပါချစ်ခင်အားပေးဝန်းရံခဲ့ကြတာပါ။
သို့ပေမယ့်ဒီနေ့လေးမှာတော့ဝေလရဲ့ ဇနီးဖြစ်သူသရဖီမှသူမရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်စ် အကောင့်ဖြစ်သော သရဖီမျိုးမင်းအကောင့်မှနေ၍အခုလိုတင်လာခဲ့ပါတယ်။သရဖီက” အကြင် လင်မယားအဖြစ်မှကွ
ာရှင်းပြတ်ဆဲပြီးစီးကြောင်းအများသိစေရန်ကြေညာခြင်းဦးဝေဖြိုးအောင်(ခ) ဝေလ(အဆိုတော်)၁၂/ဒဂရ(နိုင်)၀၀၃၀၇၁နှင့်ကျွန်မဒေါ်သရဖီမျိုးမင်း(၁၂/ဒဂမ(နိုင်)၀၁၂၆၅၃ တို့သည်(၃၀.၇.၂၀၂၀)ရက်နေ့တွင်ကမာရွတ်မြို့နယ်တရာ
းရုံး၊တရားသူကြီးရှေ့မှောက်တွင်နှစ်ဦးသဘောတူအကြင်လင်မယားအဖြစ်တရားဝင်ကွာရှင်းပြတ်စဲပြီးဖြစ်ပါသဖြင့်တစ်ဦးနှင့်တစ်ဦးမည်သို့မျှသက်ဆိုင်ခြင်းမရှိတော့ပါကြောင်းအများ
သိစေရန်ကြေညာအပ်ပါသည်။စုံစမ်းမေးမြန်းခြင်းသည်းခံပါ။ဒေါ်သရဖီမျိုးမင်း”ဆိုပြီးတင်လာခဲ့တာဖြစ်ပါတယ်နော်။၂၀၂ဝဆိုသည့်အတွက်ကွာရှ
င်းပြတ်စဲပြီး၂နှစ်အကြာမှတင်လာခဲ့သောမထင်မှတ်ထားသောဒီသတင်းလေးကြောင့်ပရိသတ်တွေအားလုံးကလည်းအံ့အားသင့်ကာစိတ်မကောင်းဖြစ်နေကြပြီးသူတို့ချစ်သောသရဖီလေးအားအားပေးစ
ကားများပြောကြားပြီးဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်ဖို့အတွက်စိတ်ဓာတ်ခွန်အားဖြည့်ပေးနေကြတာကိုတွေ့ရပါတယ်နော်။လောကဓမ္မသဘောတွေ့ဆုံကြုံကွဲဖြစ်မြဲဓမ္မတာဆို
ပေမယ့်ချစ်သောသူတွေကွေကွင်းခွဲခွာကြရတာတွေ့မြင်ရရင်စိတ်မကောင်းဖြစ်ကြစမြဲပါပဲနော်ပရိသတ်ကြီး။
crd