မိုးလေဝသ

လာမယ့် သြဂုတ်လ ၄ ရက်နေ့မှ ၉ ရက်နေ့အတွင်း မိုးကြီး ရေလျှံ သတိပြုရမည့် ဒေသများ

လာမယ့် သြဂုတ်လ ၄ ရက်နေ့မှ ၉ ရက်နေ့အတွင်း မိုးကြီး ရေလျှံ သတိပြုရမည့် ဒေသများ

လာမယ့် သြဂုတ်လ ၄ ရက်နေ့မှ ၉ ရက်နေ့အတွင်း မိုးကြီး ရေလျှံ သတိပြုရမည့် ဒေသများအတွက် မိုးလေဝသဆရာမလေး စုစုစံမှ ရက်ကြိုခန့်မှန်း သတိပေးထုတ်ပြန်ပေးထားပါတယ်။

ထုတ်ပြန်ချက်မှာ ”၂၀၂၂ သြဂုတ်လ ၄ ရက်နေ့မှ ၉ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွေမှာ မုတ်သုန်လေအားအလွန်ကောင်းလာနိုင်ပြီး

ရခိုင်ပြည်နယ်တောင်ပိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်း ကရင်ပြည်နယ်တွေမှာမိုးများစွာရွာသွန်းနိုင်ကာ

တနင်္သါရီတိုင်း မွန်ပြည်နယ်နှင့် ဧရာတီတိုင်း ပင်လယ်ကမ်းခြေအနီးဒေသများ ရန်ကုန်တိုင်း ပင်လယ်ကမ်းခြေအနီးဒေသများတွင် မိုးကြီးရေလျှံနိုင်ပါတယ်။

သြဂုတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်တိုင်း ပဲခူးတိုင်း ဧရာဝတီတိုင်းရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်ပြီး ရန်ကုန်တိုင်း ဧရာဝတီတိုင်း မိုးကြီးနိုင်သဖြင့် မိုးကြီးရေလျှံနိုင်တာကို အထူးသတိထားရပါလိမ့်မယ်။

သြဂုတ်လ ၅ ရက်နေ့ ၆ ရက်နေ့တွေမှာ အနောက်တောင်မုတ်သုန်လေ အားအလွန်ကောင်းလာနိုင်ပြီး တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံသတိပြုကြရပါမယ်။

အနောက် ပစ္စဖိတ်သမုဒ္ဒရာအလယ်ပိုင်း အီကွေတာအနီးမှာကုန်သွယ်လေအားကောင်းလျှက်ရှိနေပါတယ်။

ဒါကိုထောက်ရှုခြင်းအားဖြင့် လာနီညာသည် ၂၀၂၂ ဒီဇင်ဘာလအထိ ဆက်လက်တည်ရှိနေနိုင်ပါတယ်” ဆိုပြီး သတိပေးထုတ်ပြန်ပေးထားပါတယ်။

Source: Su Su San မင်း ဂွတ် သီး

လာမယ့္ ၾသဂုတ္လ ၄ ရက္ေန႔မွ ၉ ရက္ေန႔အတြင္း မိုးႀကီး ေရလွ်ံ သတိျပဳရမည့္ ေဒသမ်ား

လာမယ့္ ၾသဂုတ္လ ၄ ရက္ေန႔မွ ၉ ရက္ေန႔အတြင္း မိုးႀကီး ေရလွ်ံ သတိျပဳရမည့္ ေဒသမ်ားအတြက္ မိုးေလဝသဆရာမေလး စုစုစံမွ ရက္ႀကိဳခန႔္မွန္း သတိေပးထုတ္ျပန္ေပးထားပါတယ္။

ထုတ္ျပန္ခ်က္မွာ ”၂၀၂၂ ၾသဂုတ္လ ၄ ရက္ေန႔မွ ၉ ရက္ေန႔အတြင္း ဘဂၤလားပင္လယ္ေအာ္ႏွင့္ ကပၸလီပင္လယ္ျပင္ေတြမွာ မုတ္သုန္ေလအားအလြန္ေကာင္းလာႏိုင္ၿပီး

ရခိုင္ျပည္နယ္ေတာင္ပိုင္း ဧရာဝတီတိုင္း ရန္ကုန္တိုင္း ပဲခူးတိုင္း ကရင္ျပည္နယ္ေတြမွာမိုးမ်ားစြာ႐ြာသြန္းႏိုင္ကာ

တနသၤါရီတိုင္း မြန္ျပည္နယ္ႏွင့္ ဧရာတီတိုင္း ပင္လယ္ကမ္းေျခအနီးေဒသမ်ား ရန္ကုန္တိုင္း ပင္လယ္ကမ္းေျခအနီးေဒသမ်ားတြင္ မိုးႀကီးေရလွ်ံႏိုင္ပါတယ္။

ၾသဂုတ္လ ၃ ရက္ေန႔မွ ၇ ရက္ေန႔အထိ ရန္ကုန္တိုင္း ပဲခူးတိုင္း ဧရာဝတီတိုင္းရခိုင္ျပည္နယ္ေတာင္ပိုင္းေဒသေတြမွာ မိုးမ်ားစြာ႐ြာသြန္းႏိုင္ၿပီး ရန္ကုန္တိုင္း ဧရာဝတီတိုင္း မိုးႀကီးႏိုင္သျဖင့္ မိုးႀကီးေရလွ်ံႏိုင္တာကို အထူးသတိထားရပါလိမ့္မယ္။

ၾသဂုတ္လ ၅ ရက္ေန႔ ၆ ရက္ေန႔ေတြမွာ အေနာက္ေတာင္မုတ္သုန္ေလ အားအလြန္ေကာင္းလာႏိုင္ၿပီး တနသၤာရီတိုင္း မြန္ျပည္နယ္ ကရင္ျပည္နယ္ ရန္ကုန္တိုင္း ဧရာဝတီတိုင္း ရခိုင္ျပည္နယ္ေတာင္ပိုင္းေဒသေတြမွာ မိုးမ်ားစြာ႐ြာသြန္းႏိုင္သျဖင့္ ေရႀကီးေရလွ်ံသတိျပဳၾကရပါမယ္။

အေနာက္ ပစၥဖိတ္သမုဒၵရာအလယ္ပိုင္း အီေကြတာအနီးမွာကုန္သြယ္ေလအားေကာင္းလွ်က္ရွိေနပါတယ္။

ဒါကိုေထာက္ရႈျခင္းအားျဖင့္ လာနီညာသည္ ၂၀၂၂ ဒီဇင္ဘာလအထိ ဆက္လက္တည္ရွိေနႏိုင္ပါတယ္” ဆိုၿပီး သတိေပးထုတ္ျပန္ေပးထားပါတယ္။

Source: Su Su San မင္း ဂြတ္ သီး

Leave a Reply

Your email address will not be published. Required fields are marked *