ကြားသိရသမျှ

ကျပ် သိန်း ၂၀ ကျော်လာတဲ့ ဆံပင်ရှည် စျေးကွက်

ကျပ် သိန်း ၂၀ ကျော်လာတဲ့ ဆံပင်ရှည် ဈေးကွက်

လတ်တလောမှာ ဆံပင်ရှည်ဈေးနှုန်းများကောင်းလာနေပြီး တစ်ပိဿာဈေး ကျပ်သိန်း ၂၀ ကျော်ထိ ဝယ်ယူရောင်းချမှုများ ရှိလာနေတယ်လို့ သိရပါတယ်။

ဆံပင်ကိုအကျွတ်လည်းဝယ်သလို လက်ရှိဆံပင်ကိုဖြတ်ပြီးရောင်းတဲ့သူတွေလည်းရှိတယ်လို့သိရပြီး ဆံပင်ကိုဖြတ်ရောင်းရင်တော့ဝယ်သူကစိတ်ကြိုက်ဖြတ်သွားတာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်မှာ ဆံပင်တစ်ပိဿာကို ကျပ်သိန်း၂၀ ကျော်အထိ ပေးဝယ်နေတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။

ဆံပင်ဈေးတွေကောင်းတာကြောင့် ဆံပင်ရောင်းသူရော ဝယ်သူပါများပြားလာတယ်လို့သိရပါတယ်။

ဆံပင်ကိုဖြတ်ပြီးရောင်းရင်တော့ ခါးလောက်အရှည်ဆိုရင် တစ်သိန်းကျော်အထိရတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာတော့ စားဝတ်နေရေးအခက်အခဲကြောင့် အမျိုးသမီးအများစုကဆံပင်ရောင်းချမှုများလာတယ်လို့ ဆံပင်ကျွတ်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောဆိုထားပါတယ်။

crd

က်ပ္ သိန္း ၂၀ ေက်ာ္လာတဲ့ ဆံပင္ရွည္ ေစ်းကြက္

လတ္တေလာမွာ ဆံပင္ရွည္ေစ်းႏႈန္းမ်ားေကာင္းလာေနၿပီး တစ္ပိႆာေစ်း က်ပ္သိန္း ၂၀ ေက်ာ္ထိ ဝယ္ယူေရာင္းခ်မႈမ်ား ရွိလာေနတယ္လို႔ သိရပါတယ္။

ဆံပင္ကိုအကြၽတ္လည္းဝယ္သလို လက္ရွိဆံပင္ကိုျဖတ္ၿပီးေရာင္းတဲ့သူေတြလည္းရွိတယ္လို႔သိရၿပီး ဆံပင္ကိုျဖတ္ေရာင္းရင္ေတာ့ဝယ္သူကစိတ္ႀကိဳက္ျဖတ္သြားတာျဖစ္တယ္လို႔ဆိုပါတယ္။

လက္ရွိမွာ မႏၲေလးတိုင္းေဒသႀကီး ႏြားထိုးႀကီးၿမိဳ႕နယ္မွာ ဆံပင္တစ္ပိႆာကို က်ပ္သိန္း၂၀ ေက်ာ္အထိ ေပးဝယ္ေနတယ္လို႔ေဒသခံေတြရဲ႕ေျပာၾကားခ်က္အရသိရပါတယ္။

ဆံပင္ေဈးေတြေကာင္းတာေၾကာင့္ ဆံပင္ေရာင္းသူေရာ ဝယ္သူပါမ်ားျပားလာတယ္လို႔သိရပါတယ္။

ဆံပင္ကိုျဖတ္ၿပီးေရာင္းရင္ေတာ့ ခါးေလာက္အရွည္ဆိုရင္ တစ္သိန္းေက်ာ္အထိရတယ္လို႔လည္း သိရပါတယ္။

လက္ရွိမွာေတာ့ စားဝတ္ေနေရးအခက္အခဲေၾကာင့္ အမ်ိဳးသမီးအမ်ားစုကဆံပင္ေရာင္းခ်မႈမ်ားလာတယ္လို႔ ဆံပင္ကြၽတ္ေရာင္းဝယ္ေရးလုပ္ကိုင္သူတစ္ဦးကေျပာဆိုထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *