ကြားသိရသမျှ

နွေဦးတော်လှန်ရေးမှာ ပထမဆုံးအကြိမ် ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်မှု

ေႏြဦးေတာ္လွန္ေရးမွာ ပထမဆုံးအႀကိမ္ ေထာင္ေဖာက္ၿပီး ထြက္ေျပးလြတ္ေျမာက္မႈ

RiSE News| စက္တင္ဘာ ၁၁

စစ္အာဏာရွင္စနစ္ ဆန႔္က်င္ ေတာ္လွန္လို႔ ပခုကၠဴေထာင္မွာ အက်ဥ္းခ်ထားခံရသူ ၅ ဦး ေထာင္ေဖာက္ထြက္ေျပးလြတ္ေျမာက္မႈဟာ ေႏြဦးေတာ္လွန္ေရးမွာ ပထမဆုံးအႀကိမ္ ထူးျခားျဖစ္စဥ္တစ္ခုျဖစ္ပါတယ္။

မေကြးတိုင္း ပခုကၠဴခ႐ိုင္အက်ဥ္းေထာင္ကေန ႏိုင္ငံေရးအက်ဥ္းသား (၅)ဦး ကိုယ္ပိုင္အစီအစဥ္နဲ႔ စက္တင္ဘာ ၁၀ရက္က ထြက္ေျပး လြတ္ေျမာက္လာခဲ့တာလို႔ ေဒသ ျပည္သူ႔ကာကြယ္ေရးတပ္တစ္ခုျဖစ္တဲ့ ပခုကၠဴ PDF ဆီက သိရပါတယ္။

RiSE News အေနနဲ႔ ထြက္ေျပးလြတ္ေျမာက္လာသူေတြဆီကို ဆက္သြယ္ေမးျမန္းႏိုင္ဖို႔ ႀကိဳးပမ္းရာမွာ ကာယကံရွင္ေတြအေနနဲ႔ လုံၿခဳံေရးအရ မေျပာဆိုလိုေသးဘူးလို႔ အေၾကာင္းျပန္ၾကားပါတယ္။

ဒါ့ျပင္ အေျခအေနအရပ္ရပ္ကို ထုတ္ေဖာ္ေျပာဆိုလိုက္ရင္ ေထာင္တြင္းမွာ က်န္ရွိေနေသးတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြအေပၚ မသက္ဆိုင္ဘဲ ဖိႏွိပ္တာ၊ ႏွိပ္စက္တာ ျပဳလုပ္မွာကို စိုးရိမ္တာေၾကာင့္ျဖစ္ပါတယ္။

လြတ္ေျမာက္လာသူေတြဟာ ေတာ္လွန္ေရး ရဲေဘာ္ (၂)ဦး၊ တျခား ႏိုင္ငံေရး ပုဒ္မေတြနဲ႔ မတရား ဖမ္းဆီးခံထားျခင္းခံရသူ (၃)ဦးပါဝင္ၿပီး လြတ္ေျမာက္ေဘးကင္းရာကို ေရာက္ရွိေနတယ္လို႔ ပခုကၠဴ PDF ကေျပာပါတယ္။

ထြက္ေျပးလာသူေတြကို ပခုကၠဴ ပကဖနဲ႔ အတူ ပခုကၠဴ PDF၊ Young Force (UG)တပ္ဖြဲ႕၊ ပခုကၠဴၿမိဳ႕ျပေပ်ာက္က်ားတပ္ဖြဲ႕ (၂)၊ Pakokku Ranger၊ RSO(PKU)အဖြဲ႕နဲ႔ နယ္ေျမခံ အဖြဲ႕ေတြေပါင္းၿပီးေနရာအလိုက္ တာဝန္ခြဲေဝၿပီး ကယ္ထုတ္ေပးႏိုင္ခဲ့ပါတယ္။

က႑ အသီးသီးက ပါဝင္ကူညီေပးၾကတဲ့ ၿမိဳ႕နယ္ပကဖနဲ႔ အျခားနယ္ေျမခံ အဖြဲ႕အစည္း၊ မဟာမိတ္ တပ္ဖြဲ႕ေတြကို လြတ္ေျမာက္လာသူေတြ ကိုယ္စား အထူးေက်းဇူးတင္တယ္လို႔ ပခုကၠဴ PDF က ထုတ္ျပန္ေဖာ္ျပပါတယ္။

#RiSE_News #ပခုကၠဴ

ပုံေဟာင္းကို အသုံးျပဳထားျခင္းျဖစ္ပါတယ္။

နွေဦးတော်လှန်ရေးမှာ ပထမဆုံးအကြိမ် ထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်မှု

RiSE News| စက်တင်ဘာ ၁၁

စစ်အာဏာရှင်စနစ် ဆန့်ကျင် တော်လှန်လို့ ပခုက္ကူထောင်မှာ အကျဉ်းချထားခံရသူ ၅ ဦး ထောင်ဖောက်ထွက်ပြေးလွတ်မြောက်မှုဟာ နွေဦးတော်လှန်ရေးမှာ ပထမဆုံးအကြိမ် ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။

မကွေးတိုင်း ပခုက္ကူခရိုင်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဥ်းသား (၅)ဦး ကိုယ်ပိုင်အစီအစဉ်နဲ့ စက်တင်ဘာ ၁၀ရက်က ထွက်ပြေး လွတ်မြောက်လာခဲ့တာလို့ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ ပခုက္ကူ PDF ဆီက သိရပါတယ်။

RiSE News အနေနဲ့ ထွက်ပြေးလွတ်မြောက်လာသူတွေဆီကို ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးပမ်းရာမှာ ကာယကံရှင်တွေအနေနဲ့ လုံခြုံရေးအရ မပြောဆိုလိုသေးဘူးလို့ အကြောင်းပြန်ကြားပါတယ်။

ဒါ့ပြင် အခြေအနေအရပ်ရပ်ကို ထုတ်ဖော်ပြောဆိုလိုက်ရင် ထောင်တွင်းမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ် မသက်ဆိုင်ဘဲ ဖိနှိပ်တာ၊ နှိပ်စက်တာ ပြုလုပ်မှာကို စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေဟာ တော်လှန်ရေး ရဲဘော် (၂)ဦး၊ တခြား နိုင်ငံရေး ပုဒ်မတွေနဲ့ မတရား ဖမ်းဆီးခံထားခြင်းခံရသူ (၃)ဦးပါဝင်ပြီး လွတ်မြောက်ဘေးကင်းရာကို ရောက်ရှိနေတယ်လို့ ပခုက္ကူ PDF ကပြောပါတယ်။

ထွက်ပြေးလာသူတွေကို ပခုက္ကူ ပကဖနဲ့ အတူ ပခုက္ကူ PDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့ (၂)၊ Pakokku Ranger၊ RSO(PKU)အဖွဲ့နဲ့ နယ်မြေခံ အဖွဲ့တွေပေါင်းပြီးနေရာအလိုက် တာဝန်ခွဲဝေပြီး ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

ကဏ္ဍ အသီးသီးက ပါဝင်ကူညီပေးကြတဲ့ မြို့နယ်ပကဖနဲ့ အခြားနယ်မြေခံ အဖွဲ့အစည်း၊ မဟာမိတ် တပ်ဖွဲ့တွေကို လွတ်မြောက်လာသူတွေ ကိုယ်စား အထူးကျေးဇူးတင်တယ်လို့ ပခုက္ကူ PDF က ထုတ်ပြန်ဖော်ပြပါတယ်။

#RiSE_News #ပခုက္ကူ

ပုံဟောင်းကို အသုံးပြုထားခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *