ပြည်တွင်းသတင်

လားရှိုးမှပြန်လာသည့် ခရီးသည်တစ်ဦး အမြန်လမ်း ၁၁၅ မိုင်တွင် ထူးဆန်းစွာ…Seemore…

လားရှိုးမြို့မှပြန်လာသည့် အမျိုးသားတစ်ဦး အဝေးပြေးခရီးသည်တင်ကားပေါ်၌ သေဆုံး

လားရှိုးမြို့မှရန်ကုန်မြို့သို့ အဝေးပြေးခရီးသည်တင်ကားဖြင့်ပြန်လာသည့် အမျိုးသားတစ်ဦးသည် စက်တင်ဘာ ၇ ရက်နံနက်ပိုင်းက ကားပေါ် ၌သေဆုံးခဲ့ကြောင်း ဖြူးမြို့မနာရေးကူညီမှုအ သင်းမှ သိရသည်။

သေဆုံးခဲ့သည့် အမျိုးသားသည် ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၌နေထိုင်သည့် ကိုသော်ဇင်ထွန်း(၄၂)နှစ်ဖြစ်ကာ လားရှိုးမြို့မှပြန်လာစဉ်ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်းအရောက် ကားခနနားချိန်၌ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အမြန်လမ်းရဲစခန်းသို့အကြောင်းကြားခဲ့သဖြင့် အမြန်လမ်းရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးရာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

“ပြင်ပဒဏ်ရာတော့မရှိဘူးဗျ ကျွန်တော်တို့အ သင်းကိုဖုန်းဆက်ပြီး ရုပ်အလောင်းလာသယ်ဖို့အ ကူအညီတောင်းလို့သွားသယ်ပေးပြီး ဖြူးဆေးရုံက ရင်ခွဲရုံကိုပို့ပေးခဲ့တယ်”ဟုဖြူးမြို့မလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။ထို့ပြင် သေဆုံးရသည့်အကြောင်းရင်းအား သိရှိနိုင်ရန် ရင်ခွဲစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကာ ၎င်း၏မိသားစုဝင်များထံသို့ ဆက်သွယ်အ ကြောင်းထားသည်ဟု သိရသည်။

“သူ့မိသားစုဝင်တွေဆီကိုတော့ အကြောင်းကြားထားတယ် လာနေပြီလို့တော့သိရတယ် ကျွန်တော်တို့ကတော့ ဆေးစစ်ချက်အဖြေကတော့ ဘယ်လိုဖြစ်မယ်ဆိုတာမသိပါဘူး”ဟု ဖြူးမြို့မလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

လားရႈိးၿမိဳ႕မွျပန္လာသည့္ အမ်ိဳးသားတစ္ဦး အေဝးေျပးခရီးသည္တင္ကားေပၚ၌ ေသဆုံး

လားရႈိးၿမိဳ႕မွရန္ကုန္ၿမိဳ႕သို႔ အေဝးေျပးခရီးသည္တင္ကားျဖင့္ျပန္လာသည့္ အမ်ိဳးသားတစ္ဦးသည္ စက္တင္ဘာ ၇ ရက္နံနက္ပိုင္းက ကားေပၚ ၌ေသဆုံးခဲ့ေၾကာင္း ျဖဴးၿမိဳ႕မနာေရးကူညီမႈအ သင္းမွ သိရသည္။

ေသဆုံးခဲ့သည့္ အမ်ိဳးသားသည္ ရန္ကုန္တိုင္း၊ေတာင္ဥကၠလာပၿမိဳ႕နယ္၌ေနထိုင္သည့္ ကိုေသာ္ဇင္ထြန္း(၄၂)ႏွစ္ျဖစ္ကာ လားရႈိးၿမိဳ႕မွျပန္လာစဥ္ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၏ ၁၁၅ မိုင္ယာဥ္ရပ္နားစခန္းအေရာက္ ကားခနနားခ်ိန္၌ ေသဆုံးေနသည္ကိုေတြ႕ရွိခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အျမန္လမ္းရဲစခန္းသို႔အေၾကာင္းၾကားခဲ့သျဖင့္ အျမန္လမ္းရဲတပ္ဖြဲ႕ဝင္မ်ားက လာေရာက္စစ္ေဆးရာ ျပင္ပဒဏ္ရာမရွိဘဲ ေသဆုံးေနျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိခဲ့ရသည္။

“ျပင္ပဒဏ္ရာေတာ့မရွိဘူးဗ် ကြၽန္ေတာ္တို႔အ သင္းကိုဖုန္းဆက္ၿပီး ႐ုပ္အေလာင္းလာသယ္ဖို႔အ ကူအညီေတာင္းလို႔သြားသယ္ေပးၿပီး ျဖဴးေဆး႐ုံက ရင္ခြဲ႐ုံကိုပို႔ေပးခဲ့တယ္”ဟုျဖဴးၿမိဳ႕မလူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာသည္။ထို႔ျပင္ ေသဆုံးရသည့္အေၾကာင္းရင္းအား သိရွိႏိုင္ရန္ ရင္ခြဲစစ္ေဆးမႈမ်ားျပဳလုပ္သြားမည္ျဖစ္ကာ ၎၏မိသားစုဝင္မ်ားထံသို႔ ဆက္သြယ္အ ေၾကာင္းထားသည္ဟု သိရသည္။

“သူ႔မိသားစုဝင္ေတြဆီကိုေတာ့ အေၾကာင္းၾကားထားတယ္ လာေနၿပီလို႔ေတာ့သိရတယ္ ကြၽန္ေတာ္တို႔ကေတာ့ ေဆးစစ္ခ်က္အေျဖကေတာ့ ဘယ္လိုျဖစ္မယ္ဆိုတာမသိပါဘူး”ဟု ျဖဴးၿမိဳ႕မလူမႈကူညီေရးအသင္းဝင္တစ္ဦးကေျပာ သည္။

Leave a Reply

Your email address will not be published. Required fields are marked *