အထွေထွေဗဟုသုတ

ချောင်းဆိုး/ချောင်းခြောက်ခြင်းကို အလွယ်ကူဆုံး ကုသနိုင်တဲ့ နည်းလမ်း

ရိုးရိုးသာမန် ချောင်းခြောက်ဆိုး တာလောက်သာဆိုရင် ဒီ ရိုးရာ သဘာဝ ဆေးနည်း က အကူအညီဖြစ်စေပါလိမ့်မယ်။ အဲဒီအထဲ ပင်စိမ်း လည်း တစ်ခုအပါဝင် ဖြစ်ပါတယ်။

ပင်စိမ်း ကို အအေးမိ ဖျားနာခြင်း နဲ့ ချောင်းခြောက်ဆိုးခြင်း ဖြစ်တဲ့အခါ သွားဖုံးယောင်ကိုင်းခြင်းနဲ့ သွားပိုးပေါက် ခုခံကာကွယ်ရာမှာ အသုံးပြုတဲ့ ဟင်းခတ်အမွှေးကြိုင် တွေထဲ အကောင်းဆုံးလို့ မှတ်ယူခံထားရပါတယ်။ ကာကွယ်ဆေး အဖြစ် နေ့တိုင်း ပင်စိမ်းပင်ရွက်နည်းငယ်စားပေးပါ။

ဒါမှမဟုတ် ပင်စိမ်းရွက် ရည်ကျို ပြုလုပ်နိုင်ပါတယ်။ ပင်စိမ်းရွက် အခြောက် ကို ပွတ်ပွတ်ဆူနေတဲ့ရေထဲ ၁၀ မိနစ်ခန့် ထည့်စိမ်ပြီး ရလာတဲ့ အရည် ကို သောက်ပေးရမှာဖြစ်ပါတယ်။ အဲဒီ အရည် ကို ရက်သတ္တပတ်လုံး ပုံမှန်သောက်ပေးရမှာဖြစ်တယ်။ ကြက်သွန်ဖြူ ကိုလည်း ဆေး အဖြစ် အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူ စိတ် အနည်းငယ်ကို ကြိတ်ချေ၊ အရည်ကို ညှစ်ယူပြီး အဲဒီအရည်ကို လတ်လတ်ဆတ်ဆတ် ညှစ်ယူထားတဲ့ သံပုယိုရည် ထဲ ထည့်ပေးရမှာဖြစ်တယ်။ ဒီအရည်ကို အာနိသင်လျော့အောင် ရေရောပေးရမှာပါ။ အဲဒီရလာတဲ့ အရည် ကို တစ်နေ့ (၂) ကြိမ်သောက်ပေးပါ။

နောက်ဆုံး သုတေသနပြုချက်များမှာလည်း မက်မွန်သီး မှာ ကိုယ်ခံအားစနစ် တိုးမြင့်စေတဲ့ အရာတွေပါဝင်ကြောင်း ဖော်ပြထားပါတယ်။

မက်မွန်သီး (၉) လုံးကြိတ်ထားသောအမှုန့်၊ ပျားရည် (၁) ဇွန်းနဲ့ ထောပတ်အနည်းငယ် ရောစပ်ပြီး ထမင်းစားဇွန်း (၁) နဲ့ တစ်နေ့ ၂ – ၃ ကြိမ်သောက် ပေးရမှာ ဖြစ်တယ်။

Credit Myawady Health

Leave a Reply

Your email address will not be published. Required fields are marked *