အနုပညာ
သရုပ်ဆောင် နန်းရွှေရည်(ဒေါင်းယာဉ်ပျံဇာတ်လမ်းတွဲမှ မမဆွေ)ကို ယုတ်မာလွန်းတဲ့လူတစုကနေပြီး ညစ်ညမ်းပုံတွေနဲ့ စာတွေအတင်ခံလိုက်ရတာကြောင့် သူမအနေနဲ့….
ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးနန်းရွှေရည်ကတော့ဗီဒီယိုဇာတ်ကားများစွာရိုတ်ကူးခဲ့ပြီးအောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။နန်းရွှေရည်ကတော့အကယ်ဒမီရွှေကြိုအဖြစ်လည်းဝင်ရောက်အရွေးခံခဲ့ပါပြီးပါဝင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။နန်းရွှေရည်ဟာဆိုရင် မကြာခင်ကမှပြသပြီးသွားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလိုရ့ထားချင်တယ်ဆိုတဲ့ ဇာတ်လမ်းတွဲမှာ မမဆွေဆိုတဲ့ကာရိုက်တာလေးနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကိုထပ်မံသိမ်းပိုက်ခဲ့ဆိုရင်လည်း မမှာပါဘူးနော်..။
ဒီကနေ့မှာတော့ နန်းရွှေရည်က သူမရဲ့ နာမည်နဲ့ပုံရိပ်ကို အသုံးပြုပြီး ညစ်ညမ်းပုံတွေ၊ စာတွေအတင်ခံနေရကြောင်း ပရိသတ်ကိုအသိပေးလာခဲ့တာကို တွေ့ရပါတယ်။နန်းရွှေရည်က “ပာရတဲ့သူလဲမောလာပြီ လူဖြစ်ပြီးလူ့ကျင့်ဝတ်နဲ့လူ့စည်းလေးတော့နားလည်ကွယ်။fan page ဆိုလဲနန်းရဲ့အနုညာလှုပ်ရှားမှု့တွေပဲတင်လေ အခုဟာက နန်းဓါတ်ပုံနဲ့နန်းနာမည်ကိုအလွဲသုံးစားလုပ်နေသလိုဖြစ်နေပြီ။ ညစ်ညမ်းပုံတွေစာတွေတင်တဲ့အထိလုပ်လာတာကအရမ်းမိုက်ရိုင်းလွန်းတယ်။
နန်းကိုသေချာသိတဲ့သူတွေနန်းpageမဟုတ်ဘူး။ နန်းအဲ့လိုတွေမလုပ်တက်တာသိပေမယ့် နန်းအကောင့်အစစ်ကိုတောင်မသိတဲ့သူတွေအနေနဲ့တော့ နန်းလိုပဲထင်သွားနိုင်တယ်လေ ‌လောင်းကစားကြော်ငြာ ဂိမ်းကြော်ငြာတွေ နန်းလုံးဝလက်ခံကြော်ငြာတဲ့သူမဟုတ်ဘူးနန်းရဲ့အလုပ်ကိစ္စတွေထိအရှုပ်ထုပ်တွေလုပ်လာရင် နန်းလုံးဝတာဝန်မယူဘူးနော်အတန်တန်သတိပေးတယ်အလုပ်ကိစ္စမှန်သမျှဖုန်းနံပါတ်နဲ့တိုက်ရိုက်နန်းနဲ့စကားပြောပြီးမှ နန်းဆိုတာသေချာမှအလုပ်လုပ်ကြပါ။
အထပ်ထပ်အခါခါသတိပေးပါတယ်။ fan page လို့နာမည်တပ်ပြီးအလွဲသုံးစားလုပ်နေတဲ့ page အတုတွေဆီကတင်သမျှနန်းနဲ့လုံးဝမသက်ဆိုင်သလို တစ်စုံတစ်ရာပြသာနာဖြစ်လာခဲ့ရင်လဲ တာဝန်မယူပါဘူးနော်။ နန်းပိုစ့်တင်ပြီးတိုင်းအောက်မှာရေးနေကျ #nsyကိုတောင်ပုံစံတူလိုက်လုပ်လိုက်သေး။
Fan page ဆိုလဲနန်းရဲ့အနုပညာနဲ့ပက်သက်တာပဲတင်လေဒေါသတစ်ကယ်ထွက်တယ် ညစ်ညမ်းတွေတင်တဲ့အထိကလွန်လွန်းသွားပြီ ” ဆိုပြီး ေရေးသားလာခဲ့တာဖြစ်ပါတယ်။ နန်းရွှေရည်ကတော့ သူမလိုလူသိများတဲ့ သရုပ်ဆောင်တစ်ယောက်ကို အသုံးချပြီး ကိုယ်ကျိုးထုတ်စီးပွားရှာချင်သူတွေ၊ နာမည်ပျက်အောင်ဖန်တီးချင်သူတွေကြောင့် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်နေရတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း နန်းရွှေရည်ရဲ့အကောင့်ကို သေချာလေးစိစစ်ပြီးမှ အားပေးကြပါလို့ သတိပေးပါရစေနော်။
Leave a Reply
Your email address will not be published. Required fields are marked *