အထွေထွေဗဟုသုတ

မဖြစ် ဖြစ်တဲ့နည်းနဲ့ကျေးဇူးဆပ်ကြပါ သူ့အလှည့် ကိုယ့်အလှည့်ကိုမမေ့ကြပါနဲ့

သူ့အလှည့်ကိုယ့်အလှည့်မမေ့ကြပါနဲ့

အိုမင်းမစွမ်း ဖြစ်နေတဲ့ အဖေကို သားဖြစ်သူက စားသောက်ဆိုင်တစ်ခုကို ခေါ်သွားတယ်။အဖေဖြစ်သူဟာ အိုမင်းမစွမ်း ဖြစ်နေတာကြောင့် စားသောက်တဲ့အခါ အစားအစာတွေဟာ ဘေးကိုဖိတ်စင်ကုန်တယ်အဖေရဲ့ ဘောင်းဘီနဲ့ အင်္ကျီတွေပေါ်မှာလဲ ပေကျံလို့နေခဲ့ပါတယ်။

တခြားဝိုင်းက လူတွေဟာ အဖေဖြစ်သူကို ရွံရှာတဲ့အမြင်နဲ့ကြည့်လို့နေပေမယ့် သားဖြစ်သူကတောအေးအေးဆေးဆေးပါပဲ။အဖေ စားလို့သောက်လို့ အပြီးမှာတော့ သူ့အဖေ ခုလို ဖြစ်နေတာကို လုံးဝမရှက်မိတဲ့ သားဟာ ထိုင်ခုံကထလို့ အဖေ့ကို တွဲကာ သန့်စင်ခန်းခေါ်သွားပါတယ်။

သန့်စင်ခန်းထဲမှာ ပေကျံနေတာတွေကို သေချာသုတ်တယ်။ အင်္ကျီကို သပ်သပ်ရပ် ဖြစ်အောင် ပြန်တည့်ပေးတယ်။ ဆံပင်ကို ညီနေအောင် သေချာဂရုစိုက်လို့ ဖြီးပေးတယ်။ မျက်မှန်ကို သုတ်ပြီး တည့်တည့်ဖြစ်အောင် ပြန်တပ်ပေးတယ်။

သူတို့ ၂ ယောက် သန့်စင်ခန်းထဲက ပြန်ထွက်လာတဲ့အခါမှာတော့ စားသောက်ဆိုင် တစ်ခုလုံးက လူတွေဟာ ပြောမပြတတ်အောင် သူတို့ကိုယ် သူတို့ အကြီးအကျယ် ရှက်မိလို့ ငြိမ်သက်နေခဲ့တယ်။

သားဖြစ်သူဟာ ကျသင့်ငွေကိုရှင်းပြီး ပြန်ဖို့ အတွက် သူ့အဖေကို လှမ်းတွဲလိုက်တဲ့အချိန်မှာ ဘေးဝိုင်းက အဘိုးအို တစ်ယောက်ဟာ သားဖြစ်သူကို လှမ်းအော်ပြောလိုက်ပါတယ်။

“သားရေ… တစ်ခုခုများကျန်ခဲ့တယ်လို့ မထင်ဘူးလားကွယ့်။”

“မကျန်ခဲ့ပါဘူးခင်ဗျ။” လို့ သားဖြစ်သူ လူငယ်က ဖြေတယ်။အဘိုးအိုက “ကျန်ခဲ့တာပေါ့ကွယ်။ ဒီ စားသောက်ဆိုင်ထဲမှာ ရှိနေတဲ့ သားတိုင်းအတွက် သင်ခန်းစာကျန်ခဲ့သလို အဖေတိုင်း အတွက် မျှော်လင့်ချက်တွေ တပုံကြီးကို ကျန်ခဲ့ပါတယ်ကွယ်။”

စားသောက်ဆိုင်တစ်ခုလုံးဟာ စောစောကထက်ကို ပိုငြိမ်သက်သွားခဲ့တယ်သင်ခန်းစာ – တစ်ချိန်က ကိုယ့်ကို ပြုစုပျိုးထောင် ပေးခဲ့သူတို့ မသန်မစွမ်းနိုင်တော့တဲ့အခါ ပြန်လည် ပြုစုပျိုးထောင်ပေးရခြင်းဟာ ဘယ်တော့မှ အပိုအလုပ်မဟုတ်သလို နိမ့်ကျစရာ အလုပ် တစ်ခု မဟုတ်ပါဘူး။

ကိုယ့်မိဘဟာ ကိုယ့်ကို ဘယ်လိုစိတ်နဲ့ ဘယ်အထိ ပြုစုခဲ့သလဲဆိုတာကို ကျွန်တောျတို့တွေ အသိဆုံးပါ။ မွေးစတုန်းကဆိုရင် အနှီးကအစ လဲပေးခဲ့သူတွေချည်းပါပဲ။ ဒါလေးတွေကို ကျေးဇူးတင်ပါ။ သိတတ်ပါ။

မဖြစ်ဖြစ်တဲ့နည်းနဲ့ ရသလောက် ကျေးဇူးဆပ်သွားနိုင် ကြပါစေ။

#Credit:

သူ႔အလွည့္ကိုယ့္အလွည့္မေမ့ၾကပါနဲ႔

အိုမင္းမစြမ္း ျဖစ္ေနတဲ့ အေဖကို သားျဖစ္သူက စားေသာက္ဆိုင္တစ္ခုကို ေခၚသြားတယ္။အေဖျဖစ္သူဟာ အိုမင္းမစြမ္း ျဖစ္ေနတာေၾကာင့္ စားေသာက္တဲ့အခါ အစားအစာေတြဟာ ေဘးကိုဖိတ္စင္ကုန္တယ္။ အေဖရဲ႕ ေဘာင္းဘီနဲ႔ အက်ႌေတြေပၚမွာလဲ ေပက်ံလို႔ေနခဲ့ပါတယ္။

တျခားဝိုင္းက လူေတြဟာ အေဖျဖစ္သူကို ႐ြံရွာတဲ့အျမင္နဲ႔ၾကည့္လို႔ေနေပမယ့္ သားျဖစ္သူကေတာ့ ေအးေအးေဆးေဆးပါပဲ။အေဖ စားလို႔ေသာက္လို႔ အၿပီးမွာေတာ့ သူ႔အေဖ ခုလို ျဖစ္ေနတာကို လုံးဝမရွက္မိတဲ့ သားဟာ ထိုင္ခုံကထလို႔ အေဖ့ကို တြဲကာ သန္႔စင္ခန္းေခၚသြားပါတယ္။

သန္႔စင္ခန္းထဲမွာ ေပက်ံေနတာေတြကို ေသခ်ာသုတ္တယ္။ အက်ႌကို သပ္သပ္ရပ္ ျဖစ္ေအာင္ ျပန္တည့္ေပးတယ္။ ဆံပင္ကို ညီေနေအာင္ ေသခ်ာဂ႐ုစိုက္လို႔ ၿဖီးေပးတယ္။ မ်က္မွန္ကို သုတ္ၿပီး တည့္တည့္ျဖစ္ေအာင္ ျပန္တပ္ေပးတယ္။

သူတို႔ ၂ ေယာက္ သန္႔စင္ခန္းထဲက ျပန္ထြက္လာတဲ့အခါမွာေတာ့ စားေသာက္ဆိုင္ တစ္ခုလုံးက လူေတြဟာ ေျပာမျပတတ္ေအာင္ သူတို႔ကိုယ္ သူတို႔ အႀကီးအက်ယ္ ရွက္မိလို႔ ၿငိမ္သက္ေနခဲ့တယ္။

သားျဖစ္သူဟာ က်သင့္ေငြကိုရွင္းၿပီး ျပန္ဖို႔ အတြက္ သူ႔အေဖကို လွမ္းတြဲလိုက္တဲ့အခ်ိန္မွာ ေဘးဝိုင္းက အဘိုးအို တစ္ေယာက္ဟာ သားျဖစ္သူကို လွမ္းေအာ္ေျပာလိုက္ပါတယ္။

“သားေရ… တစ္ခုခုမ်ားက်န္ခဲ့တယ္လို႔ မထင္ဘူးလားကြယ့္။”

“မက်န္ခဲ့ပါဘူးခင္ဗ်။” လို႔ သားျဖစ္သူ လူငယ္က ေျဖတယ္။အဘိုးအိုက “က်န္ခဲ့တာေပါ့ကြယ္။ ဒီ စားေသာက္ဆိုင္ထဲမွာ ရွိေနတဲ့ သားတိုင္းအတြက္ သင္ခန္းစာက်န္ခဲ့သလို အေဖတိုင္း အတြက္ ေမွ်ာ္လင့္ခ်က္ေတြ တပုံႀကီးကို က်န္ခဲ့ပါတယ္ကြယ္။”

စားေသာက္ဆိုင္တစ္ခုလုံးဟာ ေစာေစာကထက္ကို ပိုၿငိမ္သက္သြားခဲ့တယ္သင္ခန္းစာ – တစ္ခ်ိန္က ကိုယ့္ကို ျပဳစုပ်ိဳးေထာင္ ေပးခဲ့သူတို႔ မသန္မစြမ္းႏိုင္ေတာ့တဲ့အခါ ျပန္လည္ ျပဳစုပ်ိဳးေထာင္ေပးရျခင္းဟာ ဘယ္ေတာ့မွ အပိုအလုပ္မဟုတ္သလို နိမ့္က်စရာ အလုပ္ တစ္ခု မဟုတ္ပါဘူး။

ကိုယ့္မိဘဟာ ကိုယ့္ကို ဘယ္လိုစိတ္နဲ႔ ဘယ္အထိ ျပဳစုခဲ့သလဲဆိုတာကို ကြၽန္ေတာ်တို႔ေတြ အသိဆုံးပါ။ ေမြးစတုန္းကဆိုရင္ အႏွီးကအစ လဲေပးခဲ့သူေတြခ်ည္းပါပဲ။ ဒါေလးေတြကို ေက်းဇူးတင္ပါ။ သိတတ္ပါ။

မျဖစ္ျဖစ္တဲ့နည္းနဲ႔ ရသေလာက္ ေက်းဇူးဆပ္သြားႏိုင္ ၾကပါေစ။

#Credit:

Leave a Reply

Your email address will not be published. Required fields are marked *