ကြားသိရသမျှ

ဒီနေ့ သာကေတမှာ ဖြစ်သွားတာပါ၊ တက်စီသမားနဲ့ ပေါင်းပြီး အုပ်စုလိုက် လုပ်စားနေကြတာပါ

ဒီနေ့ သာကေတမှာ ဖြစ်သွားတာပါ၊ တက်စီသမားနဲ့ ပေါင်းပြီး အုပ်စုလိုက် လုပ်စားနေကြတာပါ

ဒီနေ့ သာကေတ အနော်မာမှာ ဖြစ်သွားတာပါ။ Company ဝန်ထမ်းလေးတစ်ယောက်က YBS (32) ကားစီးလာပြီး အနော်မာမှတ်တိုင် မရောက်ခင် အုပ်စုလိုက် ဖုန်း အနှိုက်ခံရလိုက်ပါတယ်။

အနှိုက်ခံရမှန်းသိတဲ့အချိန် မသင်္ကာသူ (2) ယောက် ကလည်း အနော်မာဂိတ်မှာ ဆင်းတော့ အဲ့ (2) ယောက်ကို “မင်းတို့နဲ့ ပါလာတဲ့ ကောင်တွေ ငါ့ဖုန်းကို ယူသွားတာ ငါသိတယ် ၊ ဖုန်းပြန်လာပေး ၊

ပြန်လွှတ်ပေးမယ်” ဟုပြောဆို ဖမ်းဆီးထားတာကို.. “ကျွန်တော်တို့က ဖုန်းခိုးတဲ့ အဖွဲ့ကမဟုတ်ပါဘူး။ ကြည်မြင်တိုင်မှာ ပန်းရန် လုပ်တာပါ။ ကျွန်တော်တို့ အိတ်ထဲလည်း ဖုန်းမရှိပါဘူး” ဆိုပြီး သူတို့အလုပ်က Taxi ဆိုပြီး တစ်ယောက်က လာခေါ်ပါတယ်။

လာခေါ်တဲ့ Taxi ကလည်း ကြည်မြင်တိုင်မှာ အလုပ်သွားရမှာမို့ လာခေါ်တာပါတဲ့။ “ဦးထုပ်နဲ့ တစ်ယောက်က Taxi သမားပါ” Fielder ကား ပုံပါ နံပါတ်အနီနဲ့ သတိထားကြပါ။

Taxi သမားကလည်း မူမမှန်ဘဲ ပြန်လှည့်ပြီး နောက်လူတွေ လိုက်ခေါ်မည် ဆိုပြီး ပြန်ထွက်သွားတယ်။

ကျန်ခဲ့တဲ့ (2) ယောက်ကို ဖမ်းပြီး ထပ်စစ်တော့ သူတို့အဖွဲ့ထဲက တစ်ယောက်က ဖုန်းလာပြန်ပေးတယ်။ လာပေးတဲ့ တစ်ယောက်ကို ရပ်ကွက်က ဝိုင်းပြီး ထိုးကြိတ်တော့ နောက်မှာ စောင့်နေတဲ့ Taxi ပေါ်က လူ (6) ယောက်လောက် ဆင်းလာပြီး ရန်ရှာကြတော့ ရပ်ကွက်ထဲက လူတွေ ဝိုင်းလာပြီး “သူခိုး သူခိုး” ဆိုပြီး ဝိုင်းပြီး လိုက်ကြမှ အကုန်ထွက်ပြေးသွားကြတာ။

ရန်ရှာတဲ့ လူ ၆ ယောက် စီးလာတဲ့ ကားက (Probox) ပါ။ အုပ်စုလိုက် လုပ်စားနေကြတာ ကြောက်ဖို့ကောင်းနေပါပြီ။ အထူးသတိထားကြပါ။ (From YBS လမ်းညွှန်)

ဒီေန႔ သာေကတမွာ ျဖစ္သြားတာပါ၊ တက္စီသမားနဲ႔ ေပါင္းၿပီး အုပ္စုလိုက္ လုပ္စားေနၾကတာပါ

ဒီေန႔ သာေကတ အေနာ္မာမွာ ျဖစ္သြားတာပါ။ Company ဝန္ထမ္းေလးတစ္ေယာက္က YBS (32) ကားစီးလာၿပီး အေနာ္မာမွတ္တိုင္ မေရာက္ခင္ အုပ္စုလိုက္ ဖုန္း အႏႈိက္ခံရလိုက္ပါတယ္။

အႏႈိက္ခံရမွန္းသိတဲ့အခ်ိန္ မသကၤာသူ (2) ေယာက္ ကလည္း အေနာ္မာဂိတ္မွာ ဆင္းေတာ့ အဲ့ (2) ေယာက္ကို “မင္းတို႔နဲ႔ ပါလာတဲ့ ေကာင္ေတြ ငါ့ဖုန္းကို ယူသြားတာ ငါသိတယ္ ၊ ဖုန္းျပန္လာေပး ၊

ျပန္လႊတ္ေပးမယ္” ဟုေျပာဆို ဖမ္းဆီးထားတာကို.. “ကြၽန္ေတာ္တို႔က ဖုန္းခိုးတဲ့ အဖြဲ႕ကမဟုတ္ပါဘူး။ ၾကည္ျမင္တိုင္မွာ ပန္းရန္ လုပ္တာပါ။ ကြၽန္ေတာ္တို႔ အိတ္ထဲလည္း ဖုန္းမရွိပါဘူး” ဆိုၿပီး သူတို႔အလုပ္က Taxi ဆိုၿပီး တစ္ေယာက္က လာေခၚပါတယ္။

လာေခၚတဲ့ Taxi ကလည္း ၾကည္ျမင္တိုင္မွာ အလုပ္သြားရမွာမို႔ လာေခၚတာပါတဲ့။ “ဦးထုပ္နဲ႔ တစ္ေယာက္က Taxi သမားပါ” Fielder ကား ပုံပါ နံပါတ္အနီနဲ႔ သတိထားၾကပါ။

Taxi သမားကလည္း မူမမွန္ဘဲ ျပန္လွည့္ၿပီး ေနာက္လူေတြ လိုက္ေခၚမည္ ဆိုၿပီး ျပန္ထြက္သြားတယ္။

က်န္ခဲ့တဲ့ (2) ေယာက္ကို ဖမ္းၿပီး ထပ္စစ္ေတာ့ သူတို႔အဖြဲ႕ထဲက တစ္ေယာက္က ဖုန္းလာျပန္ေပးတယ္။ လာေပးတဲ့ တစ္ေယာက္ကို ရပ္ကြက္က ဝိုင္းၿပီး ထိုးႀကိတ္ေတာ့ ေနာက္မွာ ေစာင့္ေနတဲ့ Taxi ေပၚက လူ (6) ေယာက္ေလာက္ ဆင္းလာၿပီး ရန္ရွာၾကေတာ့ ရပ္ကြက္ထဲက လူေတြ ဝိုင္းလာၿပီး “သူခိုး သူခိုး” ဆိုၿပီး ဝိုင္းၿပီး လိုက္ၾကမွ အကုန္ထြက္ေျပးသြားၾကတာ။

ရန္ရွာတဲ့ လူ ၆ ေယာက္ စီးလာတဲ့ ကားက (Probox) ပါ။ အုပ္စုလိုက္ လုပ္စားေနၾကတာ ေၾကာက္ဖို႔ေကာင္းေနပါၿပီ။ အထူးသတိထားၾကပါ။ (From YBS လမ္းၫႊန္)

Leave a Reply

Your email address will not be published. Required fields are marked *