မသန္မာရင္ ထိုးႏွက္ခံရလြန္းလို႔ သန္မာခ်င္ေယာင္ေဆာင္ၿပီး ေနထိုင္တတ္လာ

ၿပဳံးျပဖို႔ခက္တဲ့ ႏႈတ္ခမ္းတစ္စုံရွိတယ္

ဟန္ေဆာင္ၿပီး မၿပဳံးတတ္ဘူး

မဲ့႐ြဲ႕ၿပီး မၿပဳံးတတ္ဘူး

စိတ္ပါ လက္ပါမွ လွလွပပေလးၿပဳံးတယ္

ကိုယ္ ၿပဳံးလိုက္တဲ့အခါ

စိတ္ထဲမွာ ႀကိတ္မုန္းေနတာမ်ိဳး မရွိဘူး

စိတ္ႏွလုံး နဲ႔ အၿပဳံး အလွခ်င္းထပ္တူက်တယ္

ဒါ ၾကၽႏၼ ပါ ။

ကိုယ့္ကို မေခၚခ်င္မေျပာခ်င္တဲ့လူကို

အတင္းႀကီး လိုက္ေခၚေနတဲ့ထိ

ကြၽန္မ ကိုယ့္ကိုကိုယ္ တန္ဖိုးမခ်ေတာ့ဘူး

မေခၚခ်င္တဲ့သူကို မေခၚပဲ ေနႏိုင္တဲ့ မာနေလးေတာ့ ထားတယ္

အေပၚေလးပဲ ေပါင္းတတ္တဲ့ လူကို

အေပၚယံေလးပဲ ထားတတ္တဲ့ အက်င့္ေလး ေမြးတယ္

ေနရာတိုင္းမွာ စိတ္ႏွစ္ကိုယ္ႏွစ္ၿပီး ရင္ဘတ္ႀကီးနဲ႔ ေပါင္းလို႔ မရဘူးေလ ဒါ ကြၽန္မရဲ႕ ဆက္ဆံေရးပါ ။

ကြၽန္မ နာက်င္ရတဲ့အခါ ကြၽန္မကိုယ္တိုင္ရွိေနေသးတယ္ဆိုတဲ့ အသိနဲ႔

မနက္ျဖန္ေတြကို ဆက္ၿပီး ေမွ်ာ္လင့္တယ္

ကြၽန္မ အရမ္းပင္ပန္းလာတဲ့အခါ

ကြၽန္မ ၿပိဳလဲလို႔မရေသးဘူးဆိုတဲ့ အသိနဲ႔ အားျပန္တင္းတယ္

ကြၽန္မ အနားမွာ အေဖာ္မရွိလို႔လဲ ဝမ္းမနည္းဘူး

ရွိေနလို႔လဲ ဝမ္းမသာေတာ့ဘူး

တစ္ခ်ိန္က်ရင္ တစ္ေယာက္တည္းက်န္ခဲ့ခ်င္က်န္ခဲ့ဦးမွာ

ဒါ ကြၽန္မ လက္ရွိေနထိုင္ေနတဲ့ ပုံစံေလးပါ ။

ကြၽန္မ သိပ္ၿပီး ရင့္က်က္လြန္းလို႔ သိပ္ၿပီး သန္မာလြန္းလို႔ေတာ့ မဟုတ္ဘူးေပါ့

မသန္မာရင္ ထိုးႏွက္ခံရလြန္းလို႔

သန္မာခ်င္ေယာင္ေဆာင္ၿပီး ေနထိုင္တတ္လာတာပါ

ဘာပဲျဖစ္လာျဖစ္လာ ႀကံ့ႀကံ့ခံႏိုင္တယ္ဆိုတဲ့ ပုံစံမ်ိဳးေပါ့

တစ္ဖက္မွာ လဲၿပိဳ က် ခ်င္ေနတာကို ဘယ္သူ႔ကိုမွ မျမင္ေစခ်င္ဘူးေလ ။

Credit:-သွ်င္ယြန္

unicode

မသန်မာရင် ထိုးနှက်ခံရလွန်းလို့ သန်မာချင်ယောင်ဆောင်ပြီး နေထိုင်တတ်လာ

ပြုံးပြဖို့ခက်တဲ့ နှုတ်ခမ်းတစ်စုံရှိတယ်

ဟန်ဆောင်ပြီး မပြုံးတတ်ဘူး

မဲ့ရွဲ့ပြီး မပြုံးတတ်ဘူး

စိတ်ပါ လက်ပါမှ လှလှပပလေးပြုံးတယ်

ကိုယ် ပြုံးလိုက်တဲ့အခါ

စိတ်ထဲမှာ ကြိတ်မုန်းနေတာမျိုး မရှိဘူး

စိတ်နှလုံး နဲ့ အပြုံး အလှချင်းထပ်တူကျတယ်

ဒါ ကြျန္မ ပါ ။

ကိုယ့်ကို မခေါ်ချင်မပြောချင်တဲ့လူကို

အတင်းကြီး လိုက်ခေါ်နေတဲ့ထိ

ကျွန်မ ကိုယ့်ကိုကိုယ် တန်ဖိုးမချတော့ဘူး

မခေါ်ချင်တဲ့သူကို မခေါ်ပဲ နေနိုင်တဲ့ မာနလေးတော့ ထားတယ်

အပေါ်လေးပဲ ပေါင်းတတ်တဲ့ လူကို

အပေါ်ယံလေးပဲ ထားတတ်တဲ့ အကျင့်လေး မွေးတယ်

နေရာတိုင်းမှာ စိတ်နှစ်ကိုယ်နှစ်ပြီး ရင်ဘတ်ကြီးနဲ့ ပေါင်းလို့ မရဘူးလေ ဒါ ကျွန်မရဲ့ ဆက်ဆံရေးပါ ။

ကျွန်မ နာကျင်ရတဲ့အခါ ကျွန်မကိုယ်တိုင်ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့

မနက်ဖြန်တွေကို ဆက်ပြီး မျှော်လင့်တယ်

ကျွန်မ အရမ်းပင်ပန်းလာတဲ့အခါ

ကျွန်မ ပြိုလဲလို့မရသေးဘူးဆိုတဲ့ အသိနဲ့ အားပြန်တင်းတယ်

ကျွန်မ အနားမှာ အဖော်မရှိလို့လဲ ဝမ်းမနည်းဘူး

ရှိနေလို့လဲ ဝမ်းမသာတော့ဘူး

တစ်ချိန်ကျရင် တစ်ယောက်တည်းကျန်ခဲ့ချင်ကျန်ခဲ့ဦးမှာ

ဒါ ကျွန်မ လက်ရှိနေထိုင်နေတဲ့ ပုံစံလေးပါ ။

ကျွန်မ သိပ်ပြီး ရင့်ကျက်လွန်းလို့ သိပ်ပြီး သန်မာလွန်းလို့တော့ မဟုတ်ဘူးပေါ့

မသန်မာရင် ထိုးနှက်ခံရလွန်းလို့

သန်မာချင်ယောင်ဆောင်ပြီး နေထိုင်တတ်လာတာပါ

ဘာပဲဖြစ်လာဖြစ်လာ ကြံ့ကြံ့ခံနိုင်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့

တစ်ဖက်မှာ လဲပြို ကျ ချင်နေတာကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူးလေ ။

Credit:-သျှင်ယွန်