ကြားသိရသမျှ

ေဒၚေအာင္ဆန္းစုၾကည္ လက္သီးနဲ႔ အ htoe ခံရမႈ အယူခံကို ႏွစ္ ၂၀ အၾကာမွ seemore…

ေဒၚေအာင္ဆန္းစုၾကည္ လက္သီးနဲ႔ အထိုးခံရမႈ အယူခံကို ႏွစ္ ၂၀ အၾကာမွ ဆုံးျဖတ္

ၿခံအမွတ္ (၅၄) ေနအိမ္ျပင္ဆင္မႈ အျငင္းပြားခ်ိန္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေမာင္တစ္ဝမ္းကြဲ ဦးစိုးေအာင္က ကိုယ္ထိလက္ေရာက္ လက္သီးနဲ႔ ထိုးခဲ့တဲ့အမႈအတြက္ ျပစ္ဒဏ္ခ်ထားမႈကို ႏွစ္ေပါင္း ၂၀ ၾကာတဲ့အခ်ိန္မွ ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ တရား႐ုံးက မူလျပစ္ဒဏ္ေတြအတိုင္း အတည္ျပဳ ေပးလိုက္တယ္လို႔ တရား႐ုံးနဲ႔ နီးစပ္သူေတြက RFA ကို ေျပာပါတယ္။

ဦးစိုးေအာင္ဟာ အရင္စစ္အစိုးရလက္ထက္ ၂၀၀၂ ခုႏွစ္ ေမလ ၈ ရက္ေန႔က ေဒၚေအာင္ဆန္းစုၾကည္ကို အသိမေပးဘဲ ၿခံအတြင္းက ေနအိမ္ကို ျပင္ဆင္ဖို႔ အလုပ္သမားေတြ ေခၚလာတဲ့အေပၚ ေဒၚေအာင္ဆန္းစုၾကည္က ကန႔္ကြက္ေျပာဆိုခ်ိန္မွာပဲ ေဒၚေအာင္ဆန္းစုၾကည္ကို ကိုယ္ထိလက္ေရာက္ လက္သီးနဲ႔ ထိုးခဲ့တာပါ။

ဒီအမႈနဲ႔ပတ္သက္လို႔ အဲဒီအခ်ိန္တုန္းက ႏွစ္ဖက္အျပန္အလွန္ တရားစြဲဆိုခဲ့ၾကၿပီး ဗဟန္းၿမိဳ႕နယ္ တရား႐ုံးက ေဒၚေအာင္ဆန္းစုၾကည္ကို ေငြဒဏ္ ၅၀၀ က်ပ္၊ ဦးစိုးေအာင္ကို ေငြဒဏ္ ၁၀၀၀ က်ပ္ အမိန႔္ခ်ခဲ့တာပါ။

အဲဒီအမိန႔္အေပၚ ေဒၚေအာင္ဆန္းစုၾကည္က လက္မခံႏိုင္တဲ့အတြက္ ေငြဒဏ္မေဆာင္ခဲ့ဘဲ ခ႐ိုင္အဆင့္ အယူခံ တင္သြင္းထားတာျဖစ္ၿပီး ႏွစ္ေပါင္းမ်ားစြာ ၾကားနာဆုံးျဖတ္တာမလုပ္ဘဲ ဆိုင္းငံ့ထားခဲ့ပါတယ္။

ဒါေပမဲ့ ၿပီးခဲ့တဲ့ ေမလ ၂၇ ရက္ေန႔မွာေတာ့ စစ္ေကာင္စီလက္ေအာက္ခံ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးက အမႈျပန္ေခၚၾကားနာၿပီး မူလျပစ္ဒဏ္ေတြကိုပဲ အတည္ျပဳလိုက္တာလို႔ တရား႐ုံးနဲ႔ နီးစပ္သူတစ္ဦးက RFA ကို ေျပာပါတယ္။

“ဒီအမႈႀကီးက ၾကာၿပီ၊ ဒီအတိုင္း တန္းလန္းႀကီးထားတာ။ ဟိုး ၂၀၀၂ ခုႏွစ္ကဟာႀကီး။ အခုက်ေတာ့မွ လိုက္ရွာၿပီးေတာ့ ျပႆနာရွာခ်င္ေတာ့ အမႈျပန္ဖြင့္ၿပီး ေအာက္႐ုံးက အတည္ျပဳလိုက္တာေပါ့။ အဲဒါကို မေက်နပ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြက တိုင္းအဆင့္ကို ရာဇဝတ္ျပင္ဆင္မႈ တက္ထားတယ္”

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနေတြက ရန္ကုန္တိုင္းတရားလႊတ္ေတာ္ကို ရာဇဝတ္ျပင္ဆင္မႈ တက္ထား တာနဲ႔ ပတ္သက္လို႔ စက္တင္ဘာ ၆ ရက္ ဒီေန႔႐ုံးခ်ိန္းမွာ ေလွ်ာက္လဲခ်က္ေပးခဲ့ၿပီး အမႈကို လက္ခံ၊ မခံကိုေတာ့ ညေနပိုင္းမွာ တရား႐ုံးက ဆုံးျဖတ္ဖို႔ ရွိေနတယ္လို႔ သူက ဆိုပါတယ္။

တကၠသိုလ္ရိပ္သာလမ္း အမွတ္ (၅၄) ရွိမွာရွိတဲ့ ေနအိမ္နဲ႔ ၿခံဝင္းဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အစ္ကိုျဖစ္သူ ဦးေအာင္ဆန္းဦးတို႔ အေမြဆိုင္ခြဲေဝမႈ ပတ္သက္ၿပီး ကာလၾကာရွည္ အျငင္းပြားေနခဲ့ၿပီး ၿပီးခဲ့တဲ့ ၾသဂုတ္လ ၂၂ ရက္ေန႔ကေတာ့ ဦးေအာင္ဆန္းဦးရဲ႕ အထူးအယူခံကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က အႏိုင္ေပးခဲ့ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ အမႈေပါင္း ၁၉ မႈနဲ႔ တရားရင္ဆိုင္ေနရၿပီး အဲဒီအထဲက အမႈ ၁၁ မႈအတြက္ ေထာင္ဒဏ္ႏွစ္ ၂၀ ခ်မွတ္ခံထားရပါတယ္။

crd RFA

ဒေါ်အောင်ဆန်းစုကြည် လက်သီးနဲ့ အထိုးခံရမှု အယူခံကို နှစ် ၂၀ အကြာမှ ဆုံးဖြတ်

ခြံအမှတ် (၅၄) နေအိမ်ပြင်ဆင်မှု အငြင်းပွားချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မောင်တစ်ဝမ်းကွဲ ဦးစိုးအောင်က ကိုယ်ထိလက်ရောက် လက်သီးနဲ့ ထိုးခဲ့တဲ့အမှုအတွက် ပြစ်ဒဏ်ချထားမှုကို နှစ်ပေါင်း ၂၀ ကြာတဲ့အချိန်မှ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက မူလပြစ်ဒဏ်တွေအတိုင်း အတည်ပြု ပေးလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ဦးစိုးအောင်ဟာ အရင်စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ် မေလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို အသိမပေးဘဲ ခြံအတွင်းက နေအိမ်ကို ပြင်ဆင်ဖို့ အလုပ်သမားတွေ ခေါ်လာတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ပြောဆိုချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်ထိလက်ရောက် လက်သီးနဲ့ ထိုးခဲ့တာပါ။

ဒီအမှုနဲ့ပတ်သက်လို့ အဲဒီအချိန်တုန်းက နှစ်ဖက်အပြန်အလှန် တရားစွဲဆိုခဲ့ကြပြီး ဗဟန်းမြို့နယ် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ငွေဒဏ် ၅၀၀ ကျပ်၊ ဦးစိုးအောင်ကို ငွေဒဏ် ၁၀၀၀ ကျပ် အမိန့်ချခဲ့တာပါ။

အဲဒီအမိန့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က လက်မခံနိုင်တဲ့အတွက် ငွေဒဏ်မဆောင်ခဲ့ဘဲ ခရိုင်အဆင့် အယူခံ တင်သွင်းထားတာဖြစ်ပြီး နှစ်ပေါင်းများစွာ ကြားနာဆုံးဖြတ်တာမလုပ်ဘဲ ဆိုင်းငံ့ထားခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့မှာတော့ စစ်ကောင်စီလက်အောက်ခံ အနောက်ပိုင်းခရိုင်တရားရုံးက အမှုပြန်ခေါ်ကြားနာပြီး မူလပြစ်ဒဏ်တွေကိုပဲ အတည်ပြုလိုက်တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီအမှုကြီးက ကြာပြီ၊ ဒီအတိုင်း တန်းလန်းကြီးထားတာ။ ဟိုး ၂၀၀၂ ခုနှစ်ကဟာကြီး။ အခုကျတော့မှ လိုက်ရှာပြီးတော့ ပြဿနာရှာချင်တော့ အမှုပြန်ဖွင့်ပြီး အောက်ရုံးက အတည်ပြုလိုက်တာပေါ့။ အဲဒါကို မကျေနပ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တိုင်းအဆင့်ကို ရာဇဝတ်ပြင်ဆင်မှု တက်ထားတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ရန်ကုန်တိုင်းတရားလွှတ်တော်ကို ရာဇဝတ်ပြင်ဆင်မှု တက်ထား တာနဲ့ ပတ်သက်လို့ စက်တင်ဘာ ၆ ရက် ဒီနေ့ရုံးချိန်းမှာ လျှောက်လဲချက်ပေးခဲ့ပြီး အမှုကို လက်ခံ၊ မခံကိုတော့ ညနေပိုင်းမှာ တရားရုံးက ဆုံးဖြတ်ဖို့ ရှိနေတယ်လို့ သူက ဆိုပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၅၄) ရှိမှာရှိတဲ့ နေအိမ်နဲ့ ခြံဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ အမွေဆိုင်ခွဲဝေမှု ပတ်သက်ပြီး ကာလကြာရှည် အငြင်းပွားနေခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့ကတော့ ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အနိုင်ပေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အမှုပေါင်း ၁၉ မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအထဲက အမှု ၁၁ မှုအတွက် ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရပါတယ်။

crd RFA

Leave a Reply

Your email address will not be published. Required fields are marked *