ရန်ကုန်မြို့ရဲ့ လက်ရှိအခြေနေ
ရန်ကုန်မှာ စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လုံခြုံရေးတွေ ပိုမို တင်းကျပ်လာပြီး စစ်တပ်နဲ့ ရဲတွေဟာ စစ်ကားတွေနဲ့
နေ့ရောညပါ အချိန်ပြည့်နီးပါး ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါ တယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက ကြိုးပေး ကွပ်မျက်မှုအပေါ်
ပြည်သူ တွေကြားမှာ ပြစ်တင်ပြောဆိုမှုတွေ မြင့်တက်လာပြီးနောက် စစ်ကောင်စီက လုံခြုံရေးကို ပိုမိုတင်းကျပ်လာတာလို့
အမည်မဖော်လိုတဲ့ အလုံမြို့နယ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ရန်ကုန်က အခုရက်ပိုင်းမှာ မြင်ရတာက တကယ့် စစ်မြေပြင်လိုပဲ။ ကျနော်နေတဲ့ အလုံ ဘက်မှာဆိုရင် စစ်စိမ်းရောင် Double Cab ကားပေါ်က
စစ်ဝတ်စုံအပြည့်နဲ့ စစ်သား လေးယောက်က သေနတ်တွေက Ready Position နဲ့ ကိုင်ပြီး ထိုင်ပြီး လိုက်လာတာမျိုးတွေ တွေ့တယ်။
တစ်ယောက်က ကားအမိုးပေါ်မှာ သေနတ်ကို ခွဒေါက်နဲ့တင်ပြီး ကားရှေ့ဘက်ကို ပစ်တော့မယ့်ပုံစံမျိုးနဲ့ ချိန်ရွယ်ပြီး သွားလာနေတာကိုတွေ့တယ်။
အဲဒါတွေ မြင်ရတော့ စိတ်ထဲမှာ မလုံခြုံဘူးလို့ ခံစားရတယ်”
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို အင်းစိန်ထောင်ထဲမှာ စစ်ကောင်စီက တိတ်တဆိတ် ကြိုးပေး ကွပ်မျက် လိုက်ပြီးနောက်
ရန်ကုန်မြို့က မြေအောက်တော်လှန်ရေး အင်အားစုတွေနဲ့ သပိတ်အင်အားစုတွေကလည်း
စစ်ကောင်စီကို ရတဲ့နည်းနဲ့ ပြန်တော်လှန်မယ်လို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာလည်း ရန်ကုန်မြို့မှာ ဗုံးဖောက်ခွဲမှုတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်မြို့ ဆူးလေဘုရားအနီးတစ်ဝိုက်နဲ့ လှည်းတန်းဘက်မှာ ဇူလိုင်လ ၂၄ ရက်နေ့က လမ်းပေါ်က လူငယ်တွေရဲ့ လက်ကိုင်ဖုန်းတွေမှာ
ကြိုးပေးကွပ်မျက်မှုကို ဆန့်ကျင်တဲ့အနေနဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ အနီရောင်နဲ့
အနက်ရောင် ပရိုဖိုင်းတွေတင်ထားတာ ရှိ၊ မရှိ စစ်ဆေးခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
လှိုင်သာယာ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ ဗိုလ်တထောင်မြို့နယ်တွေမှာ ထုတ်ပြန်ထားတဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ
ညမထွက်ရအမိန့်ကို နောက်ထပ်သက်တမ်းနှစ်လ ထပ်တိုးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့မှာ ယခင်က ည ၁၀ နာရီထိုးချိန်အထိ လမ်းသွားလမ်းလာတွေနဲ့ စည်ကားခဲ့ပေမယ့်
ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ လေးဦး ကွပ်မျက်ခံရတဲ့နောက်ပိုင်းမှာ ညပိုင်းသံပုံးတီးကန့်ကွက်မှုရှိနေသလို
ည ၈ နာရီနောက်ပိုင်းမှာဆိုရင်လည်း အသွားအလာနည်းသွားတာ တွေ့ရတယ်လို့ မြို့ခံအချို့က ပြောပါတယ်။
source-RFA
Credit
====================
Zawgyi
ရန္ကုန္ၿမိဳ႕ရဲ႕ လက္ရွိအေျခေန
ရန္ကုန္မွာ စစ္ေကာင္စီ လုံၿခဳံေရးတိုးျမႇင့္
ရန္ကုန္ၿမိဳ႕မွာ အခုရက္ပိုင္းအတြင္း စစ္ေကာင္စီက လုံၿခဳံေရးေတြ ပိုမို တင္းက်ပ္လာၿပီး စစ္တပ္နဲ႔ ရဲေတြဟာ စစ္ကားေတြနဲ႔
ေန႔ေရာညပါ အခ်ိန္ျပည့္နီးပါး ကင္းလွည့္တာေတြ လုပ္ေဆာင္ေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါ တယ္။
ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၂ ရက္ေန႔က ဦးဂ်င္မီနဲ႔ ဦးၿဖိဳးေဇယ်ာေသာ္ အပါအဝင္ ေလးဦးကို စစ္ေကာင္စီက ႀကိဳးေပး ကြပ္မ်က္မႈအေပၚ
ျပည္သူ ေတြၾကားမွာ ျပစ္တင္ေျပာဆိုမႈေတြ ျမင့္တက္လာၿပီးေနာက္ စစ္ေကာင္စီက လုံၿခဳံေရးကို ပိုမိုတင္းက်ပ္လာတာလို႔
အမည္မေဖာ္လိုတဲ့ အလုံၿမိဳ႕နယ္ ေဒသခံတစ္ဦးက RFA ကို ေျပာပါတယ္။
“ရန္ကုန္က အခုရက္ပိုင္းမွာ ျမင္ရတာက တကယ့္ စစ္ေျမျပင္လိုပဲ။ က်ေနာ္ေနတဲ့ အလုံ ဘက္မွာဆိုရင္ စစ္စိမ္းေရာင္ Double Cab ကားေပၚက
စစ္ဝတ္စုံအျပည့္နဲ႔ စစ္သား ေလးေယာက္က ေသနတ္ေတြက Ready Position နဲ႔ ကိုင္ၿပီး ထိုင္ၿပီး လိုက္လာတာမ်ိဳးေတြ ေတြ႕တယ္။
တစ္ေယာက္က ကားအမိုးေပၚမွာ ေသနတ္ကို ခြေဒါက္နဲ႔တင္ၿပီး ကားေရွ႕ဘက္ကို ပစ္ေတာ့မယ့္ပုံစံမ်ိဳးနဲ႔ ခ်ိန္႐ြယ္ၿပီး သြားလာေနတာကိုေတြ႕တယ္။
အဲဒါေတြ ျမင္ရေတာ့ စိတ္ထဲမွာ မလုံၿခဳံဘူးလို႔ ခံစားရတယ္”
ဦးဂ်င္မီနဲ႔ ဦးၿဖိဳးေဇယ်ာေသာ္တို႔ကို အင္းစိန္ေထာင္ထဲမွာ စစ္ေကာင္စီက တိတ္တဆိတ္ ႀကိဳးေပး ကြပ္မ်က္ လိုက္ၿပီးေနာက္
ရန္ကုန္ၿမိဳ႕က ေျမေအာက္ေတာ္လွန္ေရး အင္အားစုေတြနဲ႔ သပိတ္အင္အားစုေတြကလည္း
စစ္ေကာင္စီကို ရတဲ့နည္းနဲ႔ ျပန္ေတာ္လွန္မယ္လို႔ ေၾကညာခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။
လက္ရွိမွာလည္း ရန္ကုန္ၿမိဳ႕မွာ ဗုံးေဖာက္ခြဲမႈေတြနဲ႔ စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈေတြလည္း ရွိေနတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။
ရန္ကုန္ၿမိဳ႕ ဆူးေလဘုရားအနီးတစ္ဝိုက္နဲ႔ လွည္းတန္းဘက္မွာ ဇူလိုင္လ ၂၄ ရက္ေန႔က လမ္းေပၚက လူငယ္ေတြရဲ႕ လက္ကိုင္ဖုန္းေတြမွာ
ႀကိဳးေပးကြပ္မ်က္မႈကို ဆန႔္က်င္တဲ့အေနနဲ႔ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္မွာ အနီေရာင္နဲ႔
အနက္ေရာင္ ပ႐ိုဖိုင္းေတြတင္ထားတာ ရွိ၊ မရွိ စစ္ေဆးခဲ့တယ္လို႔ မ်က္ျမင္ေတြက ေျပာပါတယ္။
လႈိင္သာယာ၊ ေျမာက္ဒဂုံ၊ ေျမာက္ဥကၠလာ၊ ဗိုလ္တေထာင္ၿမိဳ႕နယ္ေတြမွာ ထုတ္ျပန္ထားတဲ့ ည ၁၂ နာရီကေန မနက္ ၄ နာရီအထိ
ညမထြက္ရအမိန႔္ကို ေနာက္ထပ္သက္တမ္းႏွစ္လ ထပ္တိုးထားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ရန္ကုန္ၿမိဳ႕မွာ ယခင္က ည ၁၀ နာရီထိုးခ်ိန္အထိ လမ္းသြားလမ္းလာေတြနဲ႔ စည္ကားခဲ့ေပမယ့္
ဦးဂ်င္မီနဲ႔ ဦးၿဖိဳးေဇယ်ာေသာ္တို႔ ေလးဦး ကြပ္မ်က္ခံရတဲ့ေနာက္ပိုင္းမွာ ညပိုင္းသံပုံးတီးကန႔္ကြက္မႈရွိေနသလို
ည ၈ နာရီေနာက္ပိုင္းမွာဆိုရင္လည္း အသြားအလာနည္းသြားတာ ေတြ႕ရတယ္လို႔ ၿမိဳ႕ခံအခ်ိဳ႕က ေျပာပါတယ္။
source-RFA
Credit