ကြားသိရသမျှ

ရွှေဈေးတက်လာကြောင်း စကစ ဝန်ခံလိုက်ပြီ၊ ရွှေဒင်္ဂါး တကျပ်သား ၂၉ သိန်းခွဲဖြင့် စတင်ရောင်းချ

ရွှေဒင်္ဂါးပြားကို တကျပ်သားလျှင်၂၉ သိန်းခွဲ ဈေးဖြင့် နေပြည်တော်၌ စက်တင်ဘာလ ၅ ရက် ယနေ့တွင် ကျောက်မျက်ရတနာပြတိုက် ခန်းမဆောင်တွင် စတင်ရောင်းချပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

“ညနေ ၄ နာရီခွဲထိ ရောင်းပေးမှာပါ။ ရန်ကုန်မှာတော့ မနက်ဖြန်လောက်မှ ရောင်းပေးဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီနေ့က နေပြည်တော်မှာ ရောင်းပေးတာပါ”ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

တကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများရှိ မြန်မာ့ကျောက်မျက်ရတနာ အရောင်းပြခန်းတွင် လွတ်လွတ်လပ်လပ် ရောင်းချပေးမည်ဟု စကစ က စက်တင်ဘာလ ၁ ရက် နေ့ ညပိုင်းမှာ ကြေညာထားပါတယ်။ ရွှေဒင်္ဂါးပြားပုံစံမှာ ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံပါ ဒင်္ဂါးပြားဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါ ရွှေဒင်္ဂါး ရောင်းချမယ်လို့ စတင်ကြေညာကတည်းက ဈေးကွက်အတွင်း လှုပ်ခတ်မှု အမျိုးမျိုး ဖြစ်ခဲ့ပြီး ရွှေဈေးများ မတည်မငြိမ် ဖြစ်လျက် ရှိပါတယ်။ ယခုလို ရွှေဒင်္ဂါး တကျပ်သားကို ၂၉ သိန်းခွဲနဲ့ ရောင်းချပေးလိုက်တာဟာ စကစအနေနဲ့ ရွှေဈေးနှုန်း အရင်ကထက် မြင့်တက်လာတာကို တဖက်လှည့်နဲ့ ဝန်ခံလိုက်တာလို့ ရွှေဈေးကွက်နဲ့ နီးစပ်သူတဦးက သုံးသပ် ပြောကြားပါတယ်။

ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရွှေဈေးမှာ သိန်း ၂၀ ဝန်းကျင်သာ ရှိသေးတာကြောင့် ဟာသ သဖွယ် ဖြစ်နေပြီး ဖြစ်နိုင်ပါက ထိုဈေးနှုန်းကို ဆက်ပြီး မထုတ်ပြန်သင့်ကြောင်းလည်း အဆိုပါ ရွှေဈေးကွက်နဲ့ နီးစပ်သူက ပြောပါတယ်။ လက်ရှိအချိန် ပြင်ပဈေးကွက် ပေါက်ဈေးမှာ ၃၁ သိန်း ဝန်းကျင်ခန့်ရှိနေပြီး ရွှေဒင်္ဂါး ဆေးမြီးတိုဂယက် အရှိန်ကုန်သွားရင် ရွှေဈေး ပြန်လည် မြင့်တက်လာနိုင်တယ်လို့ ဈေးကွက်သုံးသပ်သူများက ခန့်မှန်းထားကြပါတယ်။

crd

ေ႐ႊဒဂၤါးျပားကို တက်ပ္သားလွ်င္၂၉ သိန္းခြဲ ေဈးျဖင့္ ေနျပည္ေတာ္၌ စက္တင္ဘာလ ၅ ရက္ ယေန႔တြင္ ေက်ာက္မ်က္ရတနာျပတိုက္ ခန္းမေဆာင္တြင္ စတင္ေရာင္းခ်ေပးေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

“ညေန ၄ နာရီခြဲထိ ေရာင္းေပးမွာပါ။ ရန္ကုန္မွာေတာ့ မနက္ျဖန္ေလာက္မွ ေရာင္းေပးျဖစ္မယ္လို႔ ယူဆရပါတယ္။ ဒီေန႔က ေနျပည္ေတာ္မွာ ေရာင္းေပးတာပါ”ဟု သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာန တာဝန္ရွိသူ တဦးက ေျပာပါတယ္။

တက်ပ္သား၊ ငါးမူးသားႏွင့္ တစ္မတ္သား အေလးခ်ိန္ရွိတဲ့ ေ႐ႊဒဂၤါးျပားမ်ားကို ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလးၿမိဳ႕ႀကီးမ်ားရွိ ျမန္မာ့ေက်ာက္မ်က္ရတနာ အေရာင္းျပခန္းတြင္ လြတ္လြတ္လပ္လပ္ ေရာင္းခ်ေပးမည္ဟု စကစ က စက္တင္ဘာလ ၁ ရက္ ေန႔ ညပိုင္းမွာ ေၾကညာထားပါတယ္။ ေ႐ႊဒဂၤါးျပားပုံစံမွာ ၂၀၁၈ ခုႏွစ္က ထုတ္ေဝခဲ့သည့္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံပါ ဒဂၤါးျပားျဖစ္ေၾကာင္းလည္း သိရပါတယ္။

အဆိုပါ ေ႐ႊဒဂၤါး ေရာင္းခ်မယ္လို႔ စတင္ေၾကညာကတည္းက ေဈးကြက္အတြင္း လႈပ္ခတ္မႈ အမ်ိဳးမ်ိဳး ျဖစ္ခဲ့ၿပီး ေ႐ႊေဈးမ်ား မတည္မၿငိမ္ ျဖစ္လ်က္ ရွိပါတယ္။ ယခုလို ေ႐ႊဒဂၤါး တက်ပ္သားကို ၂၉ သိန္းခြဲနဲ႔ ေရာင္းခ်ေပးလိုက္တာဟာ စကစအေနနဲ႔ ေ႐ႊေဈးႏႈန္း အရင္ကထက္ ျမင့္တက္လာတာကို တဖက္လွည့္နဲ႔ ဝန္ခံလိုက္တာလို႔ ေ႐ႊေဈးကြက္နဲ႔ နီးစပ္သူတဦးက သုံးသပ္ ေျပာၾကားပါတယ္။

ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက ထုတ္ျပန္တဲ့ ေ႐ႊေဈးမွာ သိန္း ၂၀ ဝန္းက်င္သာ ရွိေသးတာေၾကာင့္ ဟာသ သဖြယ္ ျဖစ္ေနၿပီး ျဖစ္ႏိုင္ပါက ထိုေဈးႏႈန္းကို ဆက္ၿပီး မထုတ္ျပန္သင့္ေၾကာင္းလည္း အဆိုပါ ေ႐ႊေဈးကြက္နဲ႔ နီးစပ္သူက ေျပာပါတယ္။ လက္ရွိအခ်ိန္ ျပင္ပေဈးကြက္ ေပါက္ေဈးမွာ ၃၁ သိန္း ဝန္းက်င္ခန႔္ရွိေနၿပီး ေ႐ႊဒဂၤါး ေဆးၿမီးတိုဂယက္ အရွိန္ကုန္သြားရင္ ေ႐ႊေဈး ျပန္လည္ ျမင့္တက္လာႏိုင္တယ္လို႔ ေဈးကြက္သုံးသပ္သူမ်ားက ခန႔္မွန္းထားၾကပါတယ္။

crd

 

Leave a Reply

Your email address will not be published. Required fields are marked *