



















Khin Aye Nge

unicode

အမျိုးသမီးတစ်ယောက် ရဲ့ တန်ဖိုးကိုအိမ်ထောင် ရှိခြင်း၊ မရှိခြင်းနဲ့သိပ် ကို ဆုံးဖြတ်ကြတာပါပဲ

အိမ်ထောင်မကျသေးတဲ့အပျိုကြီးတွေဆိုရင်ပဲ လှောင်စရာ၊ပြောင်စရာ အဖြစ် မှတ်ယူထားသူ ကများတတ် ပါတယ် ။

ယူမယ့်သူမရှိလို့ပဲ အပျိုကြီးဖြစ်နေရ သလိုလို၊အားနည်းချက် တစ်ခုခု ကြောင့် လိုလို၊အပျိုကြီးတွေကပဲ ပစိပစပ်သိပ်များနေ သလိုလို၊အထင်သေး တတ်ကြပါတယ် ။

တကယ်တော့လောကမှာ တစ်ယောက်ထဲရပ်တည်နိုင်နေတာကိုကဂုဏ်ယူစရာ ပါပဲ

အိမ်ထောင်ဘက် သေဆုံးသွားတဲ့မိန်ကလေးများ ကို ဆိုရင်လည်းအနေအထိုင် သိပ်ဆင်ခြင်ကြရတယ်။

သားမရှိဘဲ သမီးတွေနဲ့ပဲကျန်ရစ်တဲ့ မိသားစုဆို ပိုဆိုး တတ်ပါတယ်

ပါတ်ဝန်းကျင်ကို သိပ်ဂရုထားရပြီ။သမီးတွေကို အရမ်းသွန်သင်ရပြီ။

ပါတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကို အခံရဆုံးကအိမ်ထောင်ကွဲသွားရတဲ့ အမျိုးသမီးတွေပါပဲ။

ရပ်ကွက်ထဲက ယောကျာ်းတွေကအထင်သေး သလိုလို

မိန်းမတွေကလည်း အချင်းချင်းနစ်နစ်နာနာ ပြောချင်ကြတယ်။

ယောကျာ်းတစ်ယောက်ယောက် နဲ့ရိုးရိုးသားသား စကားပြောရင်တောင်ရှာကြံအပြစ် လို့ တင်ကြပြန်ပါတယ်။

ရှေးစကားပုံတွေကိုလည်း ကြည့်ပါဦး

အလံမရှိတဲ့ ရထား တို့မောင်တစ်ကျိပ် ရှိပေမယ့်လင်တစ်ယောက် မရှိရင်မသင့်တော် ဘူး ဆိုပြီးအမျိုးမျိုး ပါပဲ

မုဆိုးမ အိမ်က ဘာဖြစ် နေတာပဲတို့စသဖြင့်ပေါ့လေအမှန်တော့မိန်းမတစ်ယောက် ဘဝမှာဘယ်လိုအခြေအနေပဲ ရောက်နေရောက်နေ

ယောကျာ်းရဖို့ဆိုတာသိပ်ခက်ခဲတဲ့ကိစ္စ မှ မဟုတ်တာ။

တကယ်သာ အိမ်ထောင်ပြုချင်ရင်ကိုယ့်ပါတ်ဝန်းကျင်မှာ ရှိတဲ့

ကိုယ်နဲ့ အဆင့်အတန်း မတိမ်းမယိမ်းယောကျာ်း တစ်ယောက်ကိုအချိန်တိုအတွင်း ယူနိုင်ကြတာချည်းပဲ။မယူတာက မလိုချင် ကြလို့ပါ

တကယ်တော့ ယောကျာ်းယူပြီးဘဝကိုတည်ဆောက်နေတဲ့ အမျိုးသမီးတွေထက်ယောကျာ်းမယူဘဲ

မိမိတာဝန်၊မိဘတာဝန်၊သားသမီးတာဝန်တွေကိုတစ်ယောက်တည်းထမ်းနေတဲ့၊ထမ်းနိုင်တဲ့ အမျိုးသမီးတွေကမှတကယ်သတ္တိရှိတဲ့ အမျိုးသမီးတွေပါ

ဘဝမှာတစ်ယောက်တည်း ရပ်တည်နေနိုင်တဲ့အမျိုးကောင်းသမီးတွေကိုတန်ဖိုးထားပြီး လေးစားပါလို့အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်………

Khin Aye Nge